Myanmar

မကွေးတိုင်း MWCDF အဖွဲ့မှ မီးဘေးသင့် အိမ်ထောင်စုများအား သွားရောက်လှူဒါန်းခြင်း

မကွေးတိုင်း MWCDF အဖွဲ့မှ မီးဘေးသင့် အိမ်ထောင်စုများအား သွားရောက်လှူဒါန်းခြင်း

(၂၇.၄.၂၀၁၉)နေ့တွင် မကွေးတိုင်း MWCDF အသင်းနှင့် အလှူရှင်များ ပူးပေါင်း၍ (၁၃.၄.၂၀၁၉)နေ့က မကွေးမြို့နယ်၊ ကြာကန်အုပ်စု၊ ကြို့ပင်အင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားသဖြင့် ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသော မီးဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ မီးဘေးသင့် အိမ်ထောင်စုများမှ အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် လိုအပ်သော ကျောင်းဝတ်စုံ၊ လွယ်အိတ်၊ အတွင်းခံအကျႌ၊ အတွင်းခံဘောင်းဘီများ စုစုပေါင်း-(၆၉၂,၈၀၀)ကျပ်ဖိုး သွားရောက်လှူဒါန်းခဲ့ပါသည်။

ရန်ကုန်တိုင်း MWCDF အသင်းမှ သောက်သုံးရေလိုအပ်နေသော ကျေးရွာများသို့ သွားရောက်လှူဒါန်းခြင်း

ရန်ကုန်တိုင်း MWCDF အသင်းမှ သောက်သုံးရေလိုအပ်နေသော ကျေးရွာများသို့ သွားရောက်လှူဒါန်းခြင်း

(၂၈.၄.၂၀၁၉)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း-MWCDF (ရန်ကုန်တိုင်း) မှ ကြီးမှူး၍ သောက်သုံးရေ အခက်အခဲရှိနေသော ကြည်မြင်တိုင် တဖက်ကမ်းရှိ ဆိပ်ကြီး၊ ဦးမြ၊ ငါးဇင်၊ အောက်ရုံ စသည့် ရွာများသို့ (ရေဂါလံ ၄၂,၀၀၀ ) ငွေကျပ်-၄၂၀,၀၀၀/-အား စက်လှေများနှင့် ရေထည့်ကာ ပိုက်တပ်ပြီး ရေပုံများဖြင့် ပေးဝေလှူဒါန်းခဲ့ပါသည်။

ရန်ကုန်တိုင်း MWCDF အသင်း၏ အဖွဲ့ဝင်သစ်များဖွဲ့စည်းခြင်းနှင့် အစည်းအဝေးပြုလုပ်ခြင်း

ရန်ကုန်တိုင်း MWCDF အသင်း၏ အဖွဲ့ဝင်သစ်များဖွဲ့စည်းခြင်းနှင့် အစည်းအဝေးပြုလုပ်ခြင်း

(၂၆.၄.၂၀၁၉)နေ့တွင် ရန်ကုန်တိုင်း (MWCDF)အသင်းမှ အလုပ်အမှုဆောင်များသည် အသင်းသို့ ထပ်မံဝင်ရောက်လာသော အဖွဲ့ဝင်သစ်များအား ကြိုဆိုကာ အသင်းအကြောင်း၊ အသင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြာခဲ့ပြီး အဖွဲ့ဝင်သစ်များနှင့် မိတ်ဆက်ခြင်းနှင့် ရန်ကုန်တိုင်း (အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း) ခရိုင်အတွင်းတွင် အသင်း၏ လုပ်ငန်းဆောင်တာများ ဆောင်ရွက်နိုင်ရန် အလုပ်အမှုဆောင်များအား တာဝန်များခွဲဝေခြင်း အစည်းအဝေးကို ပြုလုပ်ခဲ့ပါသည်။

လူထုအခြေပြု နှလုံးသွေးကြောကျဉ်းရောဂါ သတိပြုဖွယ်ရာ ပညာပေးဟောပြောခြင်း အခမ်းအနား တက်ရောက်ခြင်း

လူထုအခြေပြု နှလုံးသွေးကြောကျဉ်းရောဂါ သတိပြုဖွယ်ရာ ပညာပေးဟောပြောခြင်း အခမ်းအနား တက်ရောက်ခြင်း

(၂၇.၄.၂၀၁၉)နေ့တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး (နှလုံးရောဂါအထူးကုဌာန)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မြန်မာနိုင်ငံဆရာဝန်အသင်း (လားရှိုး)တို့ ပူးပေါင်းဆောင်ရွက်သော “လူထုအခြေပြု နှလုံးသွေးကြောကျဉ်းရောဂါ သတိပြုဖွယ်ရာ ပညာပေးဟောပြောခြင်း” အခမ်းအနားအား လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဦးဝင်းနိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး သမားတော်ကြီီး ဒေါက်တာကောင်းညွန့်စံမှ နှလုံးသွေးကြောကျဉ်းရောဂါနှင့် ပတ်သက်ပြီး သတိပြုဖွယ်ရာများအား ဟောပြောခဲ့ပါသည်။ အခမ်းအနားသို့ ပြည်နယ် MMCWA, MWAF, MWCDF ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် မြို့မိ/မြို့ဖများ၊ သူနာပြုသင်တန်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။

စစ်ကိုင်းတိုင်း MWCDF အသင်းမှ ပညာရေးအတွက် ကူညီလှူဒါန်းခြင်း

စစ်ကိုင်းတိုင်း MWCDF အသင်းမှ ပညာရေးအတွက် ကူညီလှူဒါန်းခြင်း

(၂၅.၄.၂၀၁၉)နေ့တွင် စစ်ကိုင်းတိုင်း MWCDF အသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ပညာသင်ကြားရန်အတွက် အကူအညီလိုအပ်လျက်ရှိသော စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်နှင့် မြင်းမူမြို့နယ်မှ မဟာတန်းတက်ရောက်နေသည့် ကျောင်းသူများအား တစ်ဦးလျှင်-(၅၀,၀၀၀)ကျပ် နှုန်းဖြင့်လည်းကောင်း၊ ကျောင်းမနေနိုင်၍ နွားကျောင်းနေရသော ပဥ္စမတန်းတက်ရောက်မည့် ကလေးအား ကျောင်းပြန်တက်နိုင်ရေးအတွက် တစ်လ-(၂၀,၀၀၀)ကျပ် နှုန်းဖြင့်လည်းကောင်း၊ မုံရွာပညာရေးကောလိပ်တွင် တက်ရောက်နေသော မောင်သူရိန်စိုးအား ပညာသင်ထောက်ပံ့ငွေ-(၅၀,၀၀၀)ကျပ်အား လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ကျောင်းသား/သူကလေးများအတွက် ဝတ်စုံအထည် (၅၀)၊ ကလေးပုံပြင်စာအုပ်(၃၀)အုပ်၊ ဆပ်ပြာ တောင့်(၅၀)တောင့် လှူဒါန်းခဲ့မှု စုစုပေါင်းတန်ဖိုး-( ၃၅၀,၀၀၀ )ကျပ် လှူဒါန်းခဲ့ပါသည်။

(၂၈)ကြိမ်မြောက် သူနာပြု သားဖွားဦးဆောင်အပ်နှင်းပွဲအခမ်းအနား တက်ရောက်ခြင်း

(၂၈)ကြိမ်မြောက် သူနာပြု သားဖွားဦးဆောင်အပ်နှင်းပွဲအခမ်းအနား တက်ရောက်ခြင်း

(၂၃.၄.၂၀၁၉)နေ့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူသားအရင်းအမြစ်ဦးစီးဌာနနှင့် သူနာပြုနှင့်သားဖွားဆရာမသင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပပြုလုပ်သော “ (၂၈)ကြိမ်မြောက် သူနာပြုသားဖွားဦးဆောင်အပ်နှင်းပွဲအခမ်းအနား” သို့ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ရှမ်းမြောက် MWCDF အသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။