Myanmar

မဟာမြိုင်ကျေးရွာ MWCDF အဖွဲ့မှ သင်္ကြန်နှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးပူဇော်ပွဲအခမ်းအနားပြုလုပ်ခြင်း

မဟာမြိုင်ကျေးရွာ MWCDF အဖွဲ့မှ သင်္ကြန်နှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးပူဇော်ပွဲအခမ်းအနားပြုလုပ်ခြင်း

(၁၇.၄.၂၀၁၉) သင်္ကြန်နှစ်ဆန်း(၁)ရက်နေ့တွင် တောင်သာမြို့နယ်၊ မဟာမြိုင်ကျေးရွာ MWCDF အဖွဲ့ဝင်များနှင့် ကျေးရွာသူ/ သားများစုပေါင်း၍ သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသော သက်ကြီးဘိုးဘွားများအား အလှူငွေ၊ လှူဘွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ ကျေးရွာသူ/သားများနှင့် ကျောင်းသား/သူကလေးများအား အလှူရှင်မှ နံနက်စာ၊ နေ့လည်စာ ထမင်းနှင့်ဟင်းများ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ဇေယျသုခ(အရှေ့)ကျေးရွာ MWCDF အဖွဲ့မှ သင်္ကြန်နှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးပူဇော်ပွဲအခမ်းအနားပြုလုပ်ခြင်း

ဇေယျသုခ(အရှေ့)ကျေးရွာ MWCDF အဖွဲ့မှ သင်္ကြန်နှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးပူဇော်ပွဲအခမ်းအနားပြုလုပ်ခြင်း

(၁၇.၄.၂၀၁၉) သင်္ကြန်နှစ်ဆန်း(၁)ရက်နေ့တွင် တောင်သာမြို့နယ်၊ ဇေယျသုခ(အရှေ့)ကျေးရွာတွင် MWCDF အဖွဲ့ဝင်များနှင့် ကျေးရွာသူ/သားများစုပေါင်း၍ သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော သက်ကြီးဘိုးဘွားများအား အလှူငွေ၊ လှူဘွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ ကျေးရွာသူ/သားများ၊ ကျောင်းသား/သူများအား ကြာဇံဟင်းခါးနှင့် အချိုရည်များ အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် အာဟာရကျွေးမွေးခြင်း

ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် အာဟာရကျွေးမွေးခြင်း

(၁၄.၄.၂၀၁၉)နေ့တွင် MWCDF အသင်းမှ CEC နှင့် အဖွဲ့ဝင်တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ အသင်းတည်ထောင်ခဲ့သည့် (၁၄.၅.၂၀၁၃)ရက် အထိမ်းအမှတ်အနေဖြင့် ဧပြီလ(၁၄)ရက်နေ့တွင် သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ မုန်လာဥချဉ်ရည်ဟင်းတို့ဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ကချင်ပြည်နယ် အမျိုးသမီးကော်မတီအစည်းအဝေး (၁/၂၀၁၉)သို့ တက်ရောက်ခြင်း

ကချင်ပြည်နယ် အမျိုးသမီးကော်မတီအစည်းအဝေး (၁/၂၀၁၉)သို့ တက်ရောက်ခြင်း

(၈.၄.၂၀၁၉)နေ့တွင် ကချင်ပြည်နယ်၊ MWCDF အသင်းမှ အလုပ်အမှုဆောင်များသည် ကချင် ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သော “ကချင်ပြည်နယ်၊ အမျိုးသမီးကော်မတီအစည်းအဝေး (၁/၂၀၁၉)” သို့ တက်ရောက်ခဲ့ပါသည်။

ခေမာရာမသီလရှင်စာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ခေမာရာမသီလရှင်စာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၅.၄.၂၀၁၉)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့တို့သည် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ ခေမာရာမသီလရှင်စာသင်တိုက်သို့ သွားရောက်၍ ပဓာနနာယက ဆရာကြီးထံ MWCDF အသင်း CEC များမှ စုပေါင်း၍ အလှူငွေ-(၁,၃၅၀,၀၀၀)ကျပ်နှင့် အလှူရှင်-ဦးဝင်းရှိန်+ဒေါ်စုညွန့်ဦး(မိသားစု)မှ သီလရှင်ဝတ်စုံ(၁၀)စုံ၊ ဆန်၊ ဆီ၊ ဘီစကွတ် မုန့်ထုပ်များနှင့် ငှက်သိုက်ဘူးများ လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်း MWCDF အသင်းမှ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သားမှုန့်၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာဆီ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများနှင့် အလှူရှင်- ဒေါ်တင်စိန်မှ အလှူငွေ-(၁)သိန်းကျပ်နှင့် ပြင်ပအဖွဲ့ဝင်မှ

မိတ်ဖက်အဖွဲ့အစည်းများဖိတ်ကြားသော အခမ်းအနားသို့ တက်ရောက်ခြင်း

မိတ်ဖက်အဖွဲ့အစည်းများဖိတ်ကြားသော အခမ်းအနားသို့ တက်ရောက်ခြင်း

(၅.၄.၂၀၁၉)နေ့တွင် MWCDF အသင်းမှ အတွင်းရေးမှူး၊ CEC နှင့် အဖွဲ့ဝင်တို့သည် နေပြည်တော်၊ Park Royal Hotel ၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော “အာဆီယံဒေသဆိုင်ရာ ကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်းပပျောက်ရေး လုပ်ငန်းစီမံချက်အပေါ် ပြန်လည်သုံးသပ်သည့် အမျိုးသားအဆင့်အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား” သို့ တက်ရောက်ခဲ့ပါသည်။