Myanmar

ဟားခါးမြို့၊ ဗေသလဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

ဟားခါးမြို့၊ ဗေသလဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

MWCDFအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် (၅.၄.၂၀၁၉)နေ့တွင် ဟားခါးမြို့တွင်ရှိသော ဗေသလ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ အဘိုး၊ အဘွား(၂၈)ဦးအတွက် အလှူငွေ(၅၀,၀၀၀)ကျပ်၊ မျက်နှာသုတ် ပုဝါများ၊ မုန့်မျိုးစုံနှင့် လက်ဖက်အကြော်စုံ စုစုပေါင်း-(၂၄၀,၀၀၀)ကျပ်ဘိုး ပေးအပ်လှူဒါန်းခဲ့ပြီး သက်ကြီး ဘိုးဘွားများအား အားပေးနှစ်သိမ့်စကားများ ပြောကြားခဲ့ပါသည်။

ဟားခါးမြို့၊ သုခိတာရုံသာသနာပြု သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်

ဟားခါးမြို့၊ သုခိတာရုံသာသနာပြု သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်

MWCDF အသင်းဥက္ကဋ္ဌနှင့် CEC များသည် (၄.၄.၂၀၁၉)ရက်နေ့၊ (၁၆း၃၀)နာရီတွင် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ သုခိတာရုံသာသနာပြု သီလရှင်စာသင်တိုက်သို့ ရောက်ရှိပြီး သီလရှင်ဆရာလေးများနှင့်တွေ့ဆုံပြီး အသင်းမှ သီလရှင်(၃၀)ဦးအတွက် သီလရှင်ဝတ်စုံများ၊ ဆန်အိတ်များ၊ အစားအသောက်များ၊ ပြက္ခဒိန်များ၊ အချိုရည်များဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဟားခါးမြို့၊ ဇိအုန်လူငယ်ဖွ့ံဖြိုးရေးပရဟိတဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

ဟားခါးမြို့၊ ဇိအုန်လူငယ်ဖွ့ံဖြိုးရေးပရဟိတဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

MWCDF အသင်းဥက္ကဋ္ဌနှင့် CEC များသည် (၄.၄.၂၀၁၉)ရက်နေ့၊ (၁၆းဝ၀)နာရီတွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဇိအုန်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ရောက်ရှိခဲ့ပြီး အသင်းအုပ်ဆရာနှင့် ကျောင်းသား/သူ (၄၀)ဦးအားတွေ့ဆုံ၍ အသင်းဥက္ကဋ္ဌနှင့် CEC များမှ ကျောင်းသား/သူကလေးများအား စိတ်ဓါတ်ခွန်အား မြှင့်တင်ခြင်းဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက် အစားအသောက်များ၊ ကစားစရာအရုပ်များ၊ ဆန်အိတ်များ လှူဒါန်းခဲ့ပြီး ကျောင်းသား/သူကလေးများနှင့် အမှတ်တရဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။

ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

MWCDF အသင်းဥက္ကဋ္ဌနှင့် CEC များသည် (၄.၄.၂၀၁၉)ရက်နေ့၊ (၁၅း၄၅)နာရီတွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်၊ ဘုန်းတော်ကြီးသင်ပညာရေး မူလွန်ကျောင်းသို့ သွားရောက်၍ ဝတ္တုငွေ၊ သင်္ကန်း၊ အသင်းစာအုပ်၊ ဘောပင်၊ ဆန်အိတ်များ၊ ငါးခြောက်၊ ကြာဇံနှင့် ကလေးကစားစရာ အရုပ်များအား ကျောင်းထိုင်ဆရာတော်ထံ ကျောင်းသား/သူ(၄၄)ဦးအတွက် သွားရောက်လှူဒါန်းခဲ့ပါသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့သို့သွားရောက်၍ MWCDF အသင်းဖွဲ့စည်းခြင်း

ချင်းပြည်နယ်၊ ဟားခါးမြို့သို့သွားရောက်၍ MWCDF အသင်းဖွဲ့စည်းခြင်း

MWCFDF အသင်းမှ ဥက္ကဋ္ဌနှင့် CEC များသည် (၄.၄.၂၀၁၉)နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မန်းထြာရိပ်သာ၊ အစည်းအဝေးခန်းမတွင် ဖိတ်ကြားထားသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ လူမှုရေးပရဟိတလုပ်ငန်းများလုပ်ကိုင်နေသော NGO အဖွဲ့အစည်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စိတ်ပါဝင်စားသော ဒေသခံအမျိုးသမီး(၃၂)ဦးနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် MWCDF အသင်းမှ ဝန်ကြီးဌာနနှင့်ချိတ်ဆက်၍ အမျိုးသမီး၊ ကလေးများအပေါ် လုပ်ဆောင်နေမှုများကို

ကားတိုက်မှုကြောင့် ဆေးရုံတက်ရောက်ကုသနေရသော လူနာများအား ထောက်ပံ့လှူဒါန်းခြင်း

ကားတိုက်မှုကြောင့် ဆေးရုံတက်ရောက်ကုသနေရသော လူနာများအား ထောက်ပံ့လှူဒါန်းခြင်း

(၁.၄.၂၀၁၉)နေ့တွင် မဟာမြိုင် MWCDF အသင်းမှ ကားတိုက်မှုကြောင့် ဆေးရုံတက်ရောက် ဆေးကုသခံရသူ ဦးမောင်ကျော်၊ ဦးပေါက်စိနှင့် ဦးဘော့တို့အား ထောက်ပံ့ငွေ လှူဒါန်းပြီး ဆေးရုံတက်ရောက်၍ ကူညီစောင့်ရှောက်ရန် လိုအပ်သော မီးဖွားမိခင် ဒေါ်နုနုဝေနှင့် ဒေါ်ဇင်ယုတို့အား ထောက်ပံ့ငွေများ သွားရောက် လှူဒါန်းခဲ့ပါသည်။