Myanmar

ဝဇီရာနန္ဒဓမ္မစင်တာကျောင်းတိုက်၌ ကျင်းပပြုလုပ်သော ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားတွင် ပါဝင်လှူဒါန်းခြင်း

ဝဇီရာနန္ဒဓမ္မစင်တာကျောင်းတိုက်၌ ကျင်းပပြုလုပ်သော ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားတွင် ပါဝင်လှူဒါန်းခြင်း

MWCDF အသင်းမှ ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌနှင့် CECများသည်(၂၂.၃.၂၀၁၉)ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ ခွါညိုပန်း အဝိုင်းအနီး ဝဇိရာနန္ဒဓမ္မစင်တာကျောင်းတိုက်၌ ဆင်ယင်ကျင်းပသော ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒ န္တ နန္ဒမာလာဘိဝံသ၏ ၇၉-နှစ် ပြည့်မွေးနေ့ ဂုဏပူဇာ ဝိဇာတမင်္ဂလာ နှင့် ဝဇိရာနန္ဒဓမ္မစင်တာ သာသနိကအဆောက်အအုံများကို ရေစက်ချလှူဒါန်းခြင်းနှင့် ပင့်သံဃာတော် အပါး ၃၀၀ နှင့် သီလရှင်အပါး ၁၀၀ တို့အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ အသင်းမှ ဗလာစာအုပ်၊ ဒဏ်ကြေလိမ်းဆေးနှင့်

ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် အာဟာရကျွေးမွေးခြင်း

ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် အာဟာရကျွေးမွေးခြင်း

(၁၄.၃.၂၀၁၉)နေ့တွင် CEC နှင့် အဖွဲ့ဝင်တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ အသင်းတည်ထောင်ခဲ့သည့် (၁၄.၅.၂၀၁၃)ရက် အထိမ်းအမှတ်အနေဖြင့် မတ်လ(၁၄)ရက်နေ့တွင် သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ မုန်လာဥချဉ်ရည်ဟင်းတို့ဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

အမျိုးသမီးနှင့်ကလေးသူငယ်များ ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ

အမျိုးသမီးနှင့်ကလေးသူငယ်များ ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ

MWCDF အသင်း ဥက္ကဋ္ဌနှင့် CECများသည် (၂၆.၃.၂၀၁၉)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီတွင် ပုသိမ် ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အရှေ့ချောင်းအုပ်စု၊ ကညင်ကုန်းကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအုပ်စု ပညာ ရေးကော်မတီနှင့် ဖိတ်ကြားထားသော ကိုယ်စားလှယ်(၁၅၀)ခန့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲတွင် အသင်းဥက္ကဋ္ဌ ဒေါက်တာဝေဝေသာမှ အသင်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ အသင်း CEC ဒေါက်တာရီဘက်ခါထင်မှ ကမ္ဘာ့ကင်ဆာရောဂါနေ့(၂၀၁၉-၂၀၂၁) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ရင်သားကင်ဆာ၊ ခံတွင်း ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာများနှင့်

ဧရာရတနာကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

ဧရာရတနာကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

MWCDF အသင်းဥက္ကဋ္ဌနှင့် CEC များ၊ တိုင်း MWCDF အဖွဲ့ဝင်များသည် (၂၅.၃.၂၀၁၉)ရက်နေ့၊ (၁၆းဝ၀)နာရီတွင် ပုသိမ်မြို့နယ်၊ သဲဖြူကျေးရွာရှိ ဧရာရတနာကျောင်းတိုက်၊ မိဘမဲ့ကလေးစောင့်ရှောက်ရေး နှင့် (ဘ.က)ကျောင်းသို့သွားရောက်၍ ဆရာတော်ဘဒ္ဒ န္တ တိလောကအား ဖူးမျှော်၍ တရားနာယူကာ ဝတ္ထုငွေ၊ သင်္ကန်းများ၊ ဆန်အိတ်များ၊ ဗလာစာအုပ်များ၊ ဘောပင်များ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကလေးငယ်များနှင့် တွေ့ဆုံ၍ အမှတ်တရဓါတ်ပုံရိုက်ကူးခဲ့ပါသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် သွားရောက်၍ MWCDF အသင်းဖွဲ့စည်းခြင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် သွားရောက်၍ MWCDF အသင်းဖွဲ့စည်းခြင်း

MWCDF အသင်းမှ ဥက္ကဋ္ဌနှင့် CEC များသည် (၂၅.၃.၂၀၁၉)ရက်နေ့တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့သို့ သွားရောက်ခဲ့ပါသည်။ ပုသိမ်မြို့၊ SWEM Hotel ၊ အစည်းအဝေးခန်းမတွင် ဖိတ်ကြားထားသော လူမှုရေး(ပရဟိတ)လုပ်ငန်း အား စိတ်ပါဝင်စားသူများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ဆောင်ရွက်လိုစိတ်ရှိသော ဒေသခံအမျိုးသမီး များ၊ အခြား NGO အဖွဲ့များနှင့်တွေ့ဆုံခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် အသင်းဥက္ကဋ္ဌ ဒေါက်တာဝေဝေသာမှ မိတ်ဆက်စကားပြောကြားပြီး အသင်း အကြောင်းရှင်းလင်းပြောကြားခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခြင်း၊ တိုင်း/ပြည်နယ်များတွင် ခရိုင်မြို့နယ်၊ ကျေးရွာများအထိ လက်တွေ့ကျကျ

ပဲခူးတိုင်း MWCDF မှ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပါဝင်ဟောပြောခြင်း

ပဲခူးတိုင်း MWCDF မှ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပါဝင်ဟောပြောခြင်း

(၂၁.၃.၂၀၁၉)နေ့တွင် ပဲခူးတိုင်း၊ ပဲခူးမြို့၌ ပဲခူးတိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြတ်သုခဆေးဆိုင်နှင့် MEGA ဆေးကုမ္ပဏီတို့မှ ပူးပေါင်းကျင်းပသော “ကျန်းမာရေး ဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှားအားကစား စုပေါင်းပြိုင်ပွဲ” တွင် ပဲခူးတိုင်း MWCDF ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ပူးပေါင်းပါဝင်ခဲ့ပါသည်။ အခမ်းအနားတွင် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ နော်ပွယ်စေးက အဖွင့်အမှာစကားပြောကြားခြင်း၊ ပဲခူးတိုင်း MWCDF အသင်းဥက္ကဋ္ဌမှ “အမျိုးသမီးများ ကာယစွမ်းအားမြင့်မားစေဖို့ ဉာဏစွမ်းအား ကျန်းမာရေးအသိပညာတိုးစေဖို့” ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ ပဲခူးတိုင်းဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်မှ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ MEGA မှ ဒေါက်တာခင်မျိုးထွဋ်က ရင်သားကင်ဆာ၊