Myanmar

မကွေးတိုင်း MWCDF အသင်းမှ ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား တက်ရောက်ခြင်း

မကွေးတိုင်း MWCDF အသင်းမှ ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား တက်ရောက်ခြင်း

(၈.၃.၂၀၁၉)နေ့၊ မကွေးတိုင်း၊ မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားသို့ မကွေးတိုင်း MWCDF အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

ဇေယျာသုခ(အရှေ့)ကျေးရွာ MWCDF အဖွဲ့ဝင်များမှ ကျောင်းသား/သူများအတွက် ကူညီလှူဒါန်းခြင်း

ဇေယျာသုခ(အရှေ့)ကျေးရွာ MWCDF အဖွဲ့ဝင်များမှ ကျောင်းသား/သူများအတွက် ကူညီလှူဒါန်းခြင်း

(၁၃.၃.၂၀၁၉)နေ့တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇေယျသုခ(အရှေ့)ကျေးရွာ၊ ဇရပ်ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/သူကလေးများ စုစုပေါင်း(၁၃၀)ဦးအား ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ရာ ကျေးရွာ MWCDF အဖွဲ့ဝင်များမှ စာအုပ်နှင့်မုန့်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ကုန်းမြင့်ရတနာ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ကုန်းမြင့်ရတနာ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၅.၃.၂၀၁၉)နေ့တွင် မကွေးတိုင်း MWCDF ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် မကွေးတိုင်း၊ ငဖဲမြို့၊ ကုန်းမြင့်ရတနာဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ သွားရောက်၍ KG တန်းမှ အဋ္ဌမတန်းထိ ပညာသင်ကြားနေသော ချင်းတိုင်းရင်းသား ကျောင်းသား/သူ (၆၅)ဦးအတွက် အလှူငွေ-(၁၀၀,၀၀၀)ကျပ်၊ ဆန်၊ ဆီ၊ ဗလာစာအုပ်၊ ဘောပင်နှင့် မုန့်များ စုစုပေါင်း-(၃၅၄,၄၀၀)ကျပ်ဖိုးအား ထောက်ပ့ံလှူဒါန်းခဲ့ပါသည်။

ရန်ကုန်တိုင်း MWCDF အသင်းမှ ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားတက်ရောက် ခြင်း

ရန်ကုန်တိုင်း MWCDF အသင်းမှ ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားတက်ရောက် ခြင်း

(၁၀.၃.၂၀၁၉)နေ့၊ ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်၌ ကျင်းပပြုလုပ်သော ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားသို့ ရန်ကုန်တိုင်း MWCDF ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ပြီး MWCDF အသင်းပြခန်းဖွင့်လှစ်၍ ခင်းကျင်းပြသခဲ့ပါသည်။

ပဲခူးတိုင်း MWCDF အသင်းမှ ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့အခမ်းအနားတက်ရောက်ခြင်း

ပဲခူးတိုင်း MWCDF အသင်းမှ ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့အခမ်းအနားတက်ရောက်ခြင်း

(၈.၃.၂၀၁၉)နေ့၊ ပဲခူးတိုင်း၊ ပဲခူးမြို့တွင် ကျင်းပပြုလုပ်သော ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ ပဲခူးတိုင်း MWCDF အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

ကချင်ပြည်နယ် MWCDF အသင်းမှ ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား တက်ရောက်ခြင်း

ကချင်ပြည်နယ် MWCDF အသင်းမှ ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား တက်ရောက်ခြင်း

(၈.၃.၂၀၁၉)နေ့၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားသို့ ကချင်ပြည်နယ် MWCDF ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။