Myanmar

အစည်းအဝေးကျင်းပခြင်း

အစည်းအဝေးကျင်းပခြင်း

၂၉.၉.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ရုံးချုပ်၌ နံနက် ၁၀:၀၀ နာရီ မှ ၁၂:၀၀ နာရီအထိ Zoom meeting ဖြင့်ကျင်းပပြုလုပ်သော MWCDF အသင်း တွဲဖက်အတွင်းရေးမှူး ဒေါ်နီဆက်တင်ထူးက The ASEAN-IPR Women In Process ဖြစ်တည်မှုအကြောင်းနှင့် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကြူကြူအေးက Child protection Capacity Development : Strengthening Social Service Workforce, in Light of Disaster

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၉.၉.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင် သည် ပြည်နယ်ကြက်ခြေနီအသင်းမှကြီးမှူးကျင်းပသော “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ခြင်း”၊ “ကန့်သတ်ချက်မဲ့ ငွေသား ထောက်ပံ့ခြင်း” အခမ်းအနားတွင် ကော်မတီဝင် အလုပ်အမှုဆောင်အဖြစ် တက်ရောက်ကူညီပေးခဲ့ပါသည်။

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၂၈.၉.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင်နှင့် အဖွဲ့ဝင်များသည် ညောင်ရွှေမြို့၊ ရွှေချမ်းသာလမ်းတွင် ကြွရောက်လာမည့်ဖောင်တော်ဦးဘုရားများအား ဖူးမျှော်ကန်တော့ရန်နှင့် ရဟန်းသံဃာတော်အပါး ၅၀၀ အတွက် လှူဖွယ်ပစ္စည်းများကပ်လှူပူဇော်နိုင်ရန် ကြိုတင်နေရာယူထားကြပြီး လှူဖွယ်ဝတ္ထုများ ကပ်လှူပူဇော်ခဲ့ကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၈.၉.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်အေးအေးသင်းနှင့် အသင်းဝင် ၂ ဦးတို့သည် စက်တင်ဘာလလှူဒါန်းမှုအဖြစ် ရွှေကျင်တိုက်မကြီးကျောင်းတွင် ဆရာတော်ကြီး၏ စောင့်ရှောက်မှုဖြင့်ရောက်ရှိနေကြသော မတ္တရာမြို့နယ်၊ မိုးကြိုး(အ.ထ.က)မှ တိုက်ပွဲရှောင် ကျောင်းသား‌/သူ ၁၁၂ ဦးအတွက် စာရေးကိရိယာများနှင့် ဆီချက်ခေါက်ဆွဲထုတ်များ လှူဒါန်းပေးခဲ့ပါသည်။ ထို့နောက် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ၅ ဦးကိုလည်း ဆုငွေနှင့် စာရေးကိရိယာများချီးမြှင့်ခဲ့ပါသည်။ လှူဒါန်းငွေစုစုပေါင်း ၃၁၃,၀၀၀/-ကျပ်ဖြစ်ပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၂၉.၉.၂၀၂၅ ရက်နေ့တွင် ကယားပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဌ ဒေါ်အိစုကျော်သည် လွိုင်ကော်မြို့၊ ရွှေတောင်ရပ်ကွက်၊ ရွှေတောင်လမ်းရှိ ဒေါ်ချိုမာ ၏နေအိမ်ခြံဝန်းရှေ့တွင် မွေးကင်းစကလေးငယ်တစ်ဦး(မ)အား ၂၈.၉.၂၀၂၅ ရက်နေ့ ညဘက်တွင် လာရောက်စွန့်ပစ်ထားသဖြင့် ၎င်းနေအိမ်တွင် ရေဘေးကြောင့်ယာယီရောက်ရှိတည်းခိုနေသူ နန်းခင်သန္တာထွေး (ဘ) စိုင်းဘသန်း က နို့မှုန့်တိုက်ကျွေးကာစောင့်ရှောက်ထားကြောင်းသိရှိရသဖြင့် ဒုဥက္ကဌ ဒေါ်ကျော်နီနီညွန့်၊ အတွင်းရေးမှူး ဒေါ်နှင်းနှင်းရီနှင့် အလုပ်အမှုဆောင်များကို စေလွှတ်၍ သွားရောက်ကြည့်ရှုစေခဲ့ပြီး ကလေးအတွက် လိုအပ်သောအနှီး(ဖြူ)၊ အနှီး(ဖလံထည်)၊ နို့မှုန့်၊ နို့ဗူး၊ တစ်ရှူး၊ ကလေးသေးခံများအား ဝယ်ယူထောက်ပံ့ပေးခဲ့ပါသည်။

အလှူငွေလက်ခံရရှိခြင်း

အလှူငွေလက်ခံရရှိခြင်း

၂၈.၉.၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဌ ဒေါ်တင်စိန် နှင့် အလုပ်အမှုဆောင်များသည် အသင်းဝင်အသစ်များအား နွေးထွေးစွာကြိုဆိုခဲ့ပြီးနောက် အလှူငွေပေးအပ်ပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ အသင်းအမှုဆောင် နန်းခမ်းဘွဲ့က အလှူငွေ ၁,၀၀၀,၀၀၀/-ကျပ်၊ ဒေါ်အေးမြသဲဖြူက အလှူငွေ ၅၀၀,၀၀၀/-ကျပ်၊ ဒေါ်ခင်သီတာဌေးက အလှူငွေ ၁၀၀,၀၀၀/-ကျပ် ကို ရန်ကုန်တိုင်းအသင်းရံပုံငွေအဖြစ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် နန်းခမ်းဘွဲ့နှင့် ဒေါ်အေးမြသဲဖြူတို့က ၎င်းတို့ထုတ်ကုန်များကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့ပါသည်။