Myanmar

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၂.၈.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် (၅)ဦးသည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အသင်းသားအသစ်လက်ခံခြင်း

အသင်းသားအသစ်လက်ခံခြင်း

၁၀.၈.၂၅ ရက်နေ့တွင် ညနေ ၅ နာရီအချိန်တွင် ကယားပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်အိစုကျော် သည် ကယားပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းအား ပြန်လည်ဖွဲ့စည်းခဲ့ကာ အဖွဲ့ဝင်အသစ်များအား ကြိုဆိုခြင်း၊ အဖွဲ့ဝင်ဟောင်းများအား အားပေးစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဖွဲ့ဝင်များအား အသင်း၏ရည်ရွယ်ချက်၊ ဆောင်ပုဒ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်ဆောင်ရွက်မည့် အသင်းလုပ်ငန်းစဉ်များအား ချပြရှင်းလင်းခဲ့ပါသည်။ ကယားပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းအတွက် ဥက္ကဌ ဒေါ်အိစုကျော် က အလှူငွေ ၁၀ သိန်း၊ ဒုဥက္ကဌ ဒေါ်ကျော်နီနီညွှန့် က အလှူငွေ

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၀.၈.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၂)ဦးသည် မကွေးတိုင်းဒေသကြီးအားကစားကွင်းတွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် စုပေါင်းစက်ဘီးစီးနင်းပွဲ (အမျိုးသားအမျိုးသမီး)နှင့် Micro မာရသွန်ပြိုင်ပွဲ(အမျိုးသားအမျိုးသမီး) ပြိုင်ပွဲသို့တက်ရောက်ခဲ့ပြီး ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၈.၈.၂၀၂၅ ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၁၃)ဦးသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း (ငန်းစပ်)ရှိ ကျောင်းသား/သူများအတွက် စာရေးကိရိယာ၊ မုန့်များနှင့် ရေသန့်ဗူးများလှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုစုစုပေါင်းငွေ (၁,၀၀၀,၀၀၀)ကျပ် ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၈.၂၀၂၅ ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဌတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (နေပြည်တော်)တို့က ပူးပေါင်းကျင်းပသော AML/CFT ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အိမ်ခြံမြေသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၈.၈.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် (၈)ဦး သည် အောင်ပန်းမြို့၊ တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)သို့ ချိုင်းထောက် (၂)ချောင်းထောက်(Crutches) (၁၀)စုံ၊ တောင်ဝှေး (Paterica te ndryshme) (၁၀)စုံ ကာလတန်ဖိုး (၉၀၇,၀၀၀)ကျပ်နှင့် အောင်ပန်းဟိုတယ် မြေငလျင်ပြိုကျမှုတွင် နောက်ဆုံးကယ်တင်နိုင်သော ကလေးငယ်အား ထောက်ပံ့ငွေ (၁၅၀,၀၀၀) ကျပ် စုစုပေါင်း လှူဒါန်းငွေ (၁,၀၅၇,၀၀၀)ကျပ်အား သွားရောက်လှူဒါန်းခဲ့ပါသည်။