Myanmar

သီလရှင်ဝတ်စုံလှူဒါန်းပူဇော်ပွဲအခမ်းအနားတက်ရောက်၍ လှူဒါန်းခြင်း

သီလရှင်ဝတ်စုံလှူဒါန်းပူဇော်ပွဲအခမ်းအနားတက်ရောက်၍ လှူဒါန်းခြင်း

(၅.၃.၂၀၁၉)နေ့တွင် မွန်ပြည်နယ် MWCDF အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ ကျိုက်သုတ်စေတီတော် ဓမ္မရုံတွင် ဂေါပကအဖွဲ့မှ နှစ်စဉ်ကျင်းပပြုလုပ်သော သီလရှင်ဝတ်စုံ လှူဒါန်းပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်၍ သီလရှင်ဝတ်စုံ(၁၀)စုံ လှူဒါန်းခဲ့ပါသည်။

မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း

မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း

(၂.၃.၂၀၁၉)မှ (၃.၃.၂၀၁၉)နေ့အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ MMCWA သားဖွားခန်းတွင် ရှမ်းပြည်နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပြည်နယ် MMCWA အသင်းတို့ ပူးပေါင်းဆောင်ရွက်သော သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စစ်ဆေးကုသပေးခြင်း အခမ်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ ပူးပေါင်းပါဝင်၍ ဟောပြောဆွေးနွေးခဲ့ပါသည်။

မိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း

မိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း

Women Contributing to Peace Process Map Launch Event “ organized by USAID & Nonviolent Peace force at Lashio, Northern Shan State.( 28-2-2019) MWCDF attending with CSOS &Community Peace Supporting Team & Women leaders of Northern Shan State.

မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် သွားရောက်လှူဒါန်းခြင်း

မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် သွားရောက်လှူဒါန်းခြင်း

(၁၃.၂.၂၀၁၉)နေ့တွင် ပဲခူးတိုင်း MWCDF အသင်းအဖွဲ့ဝင်ဖြစ်သော ဒေါ်မြတ်သီတာ၏သား မောင်သန့်တေဇသည် ခြေထောက်မသန်စွမ်းဖြစ်နေပါသဖြင့် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ “မြန်မာနိုင်ငံကလေးများနေ့” အထိမ်းအမှတ် သွားရောက်၍ လိုအပ်သော ကူညီပံ့ပိုးမှုများဆောင်ရွက်နိုင်ရန်အတွက် အလှူငွေ-(၁၀၀,၀၀၀)သိန်း ထောက်ပ့ံလှူဒါန်းခဲ့ပါသည်။

(MWCDF)ဗဟို ဥက္ကဋ္ဌနှင့်အဖွဲ့မှ ကျန်းမာရေးအသိပညာပေးဆွေးနွေးမှုပြုလုပ်

(MWCDF)ဗဟို ဥက္ကဋ္ဌနှင့်အဖွဲ့မှ ကျန်းမာရေးအသိပညာပေးဆွေးနွေးမှုပြုလုပ်

(၁၇.၂.၂၀၁၉)နေ့တွင် MWCDF အသင်း(ဗဟို)မှ ဥက္ကဋ္ဌနှင့် CEC အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး MWCDF အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ပဲခူးမြို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်များသို့ သွားရောက်၍ ကျန်းမာရေးအသိပညာဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ရှေးဦးစွာ ဗဟိုဥက္ကဋ္ဌနှင့်အဖွဲ့သည် ဥဿာမြို့သစ်၊ (၈)ရပ်ကွက်ရှိ သဒ္ဓမ္မဂုဏ်ရည်သီလရှင်စာသင်တိုက်နှင့်ပညာရေးကျောင်း၊ မဇင်းရပ်ကွက်ရှိ သုခိတာရာမသီလရှင်စာသင်တိုက်သို့ သွားရောက်ပြီး သီလရှင်ဆရာကြီး၊ ဆရာလေးများအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း၊ ကျန်းမာရေးနှင့်ပါတ်သက်သည်များကို အသိပညာပေးဟောပြောဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည့်အပြင် မသန်စွမ်းကလေးများအား တွေ့ဆုံကာ နှစ်သိမ့်အားပေးစကားပြောကြားပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်ရှိ ချမ်းမြေ့ဇေယျာစာသင်တိုက်သို့

ဓမ္မစကူးလ်ကျောင်းဆောင်ဆောက်လုပ်ရန်အတွက်နဝကမ္မဝတ္ထုငွေလှူဒါန်း

ဓမ္မစကူးလ်ကျောင်းဆောင်ဆောက်လုပ်ရန်အတွက်နဝကမ္မဝတ္ထုငွေလှူဒါန်း

(၁၇.၂.၂၀၁၉)နေ့တွင် ပဲခူးမြို့၊ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ်၌ ဖွင့်လှစ်သင်ကြားလျက်ရှိသော ချမ်းမြေ့ဇေယျာဓမ္မစကူးလ်တွင် ဓမ္မစကူးလ်ကျောင်းဆောင် ဆောက်လုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အလှူငွေ-(၃၀၀,၀၀၀)ကျပ် လှူဒါန်းခဲ့ပါသည်။