Myanmar

ပါကန်စစ်ဘေးရှောင်များအတွက် ဆန်အိတ်များလှူဒါန်းခြင်း

ပါကန်စစ်ဘေးရှောင်များအတွက် ဆန်အိတ်များလှူဒါန်းခြင်း

(၂၁.၂.၂၀၁၉)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အဖွဲ့ဝင်များသည် ရှမ်းမြောက် Relief International အဖွဲ့တို့နှင့်အတူ သီပေါမြို့၊ မလီကျေးရွာ၊ မန်လီဘုန်းကြီးကျောင်းတွင် ပါကန်ရွာမှ စစ်ဘေးရှောင်(၅၈၇)ဦးထံ သွားရောက်၍ ဆန်အိတ်(၂၀)အိတ်နှင့် သောက်ရေသန့်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

နမ့်လန်စစ်ဘေးရှောင်များအတွက် ဆန်အိတ်များလှူဒါန်းခြင်း

နမ့်လန်စစ်ဘေးရှောင်များအတွက် ဆန်အိတ်များလှူဒါန်းခြင်း

(၂၁.၂.၂၀၁၉)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ MWCDF အသင်း၊ အဖွဲ့ဝင်များနှင့် အလှူရှင်များစုပေါင်း၍ နမ့်လန်စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ဆန်(၂၀)အိတ်အား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် Relief International အဖွဲ့သို့ လှူဒါန်းခဲ့ပါသည်။

လားရှိုးမြို့၊ တပို့တွဲလပြည့်ည …. ဘုရား မီးပူဇော်ပွဲ … စုပေါင်းကာကုသိုလ်ယူခြင်း

လားရှိုးမြို့၊ တပို့တွဲလပြည့်ည …. ဘုရား မီးပူဇော်ပွဲ … စုပေါင်းကာကုသိုလ်ယူခြင်း

(၂၀.၂.၂၀၁၉)နေ့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လားရှိုးမြို့၊ တပို့တွဲလပြည့်ည …. ဘုရား မီးပူဇော်ပွဲ … စုပေါင်းကာကုသိုလ်ယူခြင်း

ရ.မ.ခ(၁၂)ကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲတွင် အမှတ်ပေးဒိုင်အဖြစ် ပါဝင်ကူညီခြင်း

ရ.မ.ခ(၁၂)ကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲတွင် အမှတ်ပေးဒိုင်အဖြစ် ပါဝင်ကူညီခြင်း

(၁၇.၂.၂၀၁၉)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ MWCDF ဥက္ကဋ္ဌ ဒေါက်တာနန်းကိန်ဖေါင်းတစ်၊ ဒု ဥက္ကဋ္ဌ (၁) ဒေါ်ခင်နှင်းဖြူ၊ ဒု-ဥက္ကဌ(၂) ဒေါ်နန်းအောင်နှင့် အတွင်းရေးမှူး ဒေါ်နန်းခမ်းယဉ်တို့သည် ရ.မ.ခ (၁၂)ကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲတွင် အမှတ်ပေးဒိုင်အဖြစ် တက်ရောက် ကူညီ အားပေးခဲ့ပါသည်။

လားရှိုးမြို့၊ ဧလိမ်မိဘမဲ့ဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

လားရှိုးမြို့၊ ဧလိမ်မိဘမဲ့ဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၂.၂၀၁၉)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ လားရှိုးမြို့၊ ဧလိမ်မိဘမဲ့ကျောင်းရှိ ကျောင်းသား/သူကလေး အယောက်(၇၀)အား စာအုပ်များ၊ စာရေးကိရိယာများနှင့် မွေးစ(၆)လနှင့် (၁)နှစ်ခွဲ ကလေး(၂)ဦးအား ရေချိုးဆပ်ပြာနှင့် ကလေးပေါင်ဒါများ သွားရောက်ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ပါသည်။