Myanmar

မိတ်ဖက်အဖွဲ့စည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

မိတ်ဖက်အဖွဲ့စည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

(၁၄.၂.၂၀၁၉)နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လားရှိုးမြို့၊ လူကုန်ကူးတားဆီးကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော လူကုန်ကူးမှုနှင့် သက်ငယ်မုဒိန်းဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်ရေးအတွက် ပညာပေးခြင်းကို အိမ်တွင်းမှု သင်တန်းကျောင်းတွင် ပညာပေးဆောင်ရွက်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အဖွဲ့ဝင်များမှ ပါဝင်တက်ရောက်အားပေးခဲ့ပါသည်။

မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သက်ကြီးဘိုး/ဘွားများအား ထောက်ပံ့လှူဒါန်းခြင်း

မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သက်ကြီးဘိုး/ဘွားများအား ထောက်ပံ့လှူဒါန်းခြင်း

(၁၄.၂.၂၀၁၉)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းနှင့် MWAF အသင်းတို့ပူးပေါင်း၍ လားရှိုးမြို့၊ ရပ်ကွက်(၈)တွင်ရှိသော သက်ကြီးအဖိုး ဦးစိုင်းရွက်(၉၅)နှစ်နှင့် အဖွားဒေါ်နန်းခမ်းအင်(၈၅)နှစ်တို့ထံသွားရောက်၍ အလှူငွေနှင့်မုန့်များ လှူဒါန်းခဲ့ပါသည်။

အိန္ဒိယ NGO အဖွဲ့မှ လာရောက်တွေ့ဆုံခြင်း

အိန္ဒိယ NGO အဖွဲ့မှ လာရောက်တွေ့ဆုံခြင်း

(၁၃.၂.၂၀၁၉)နေ့တွင် အိန္ဒိယနိုင်ငံမှ Chairman Mr. N Ratan Meetei( Marjing Induestrier Limited) ဦးဆောင်သော အဖွဲ့ဝင်(၅)ဦးတို့သည် MWCDF(ရုံးချုပ်)သို့ လာရောက်တွေ့ဆုံပြီး အသင်း၏ မှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုလေ့လာကာ အသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အသင်း၏ လုပ်ဆောင်နေမှုများကို ဆွေးနွေးခဲ့ကြပါသည်။

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်ခြင်း

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်ခြင်း

(၁၂.၂.၂၀၁၉)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ကျင်းပပြုလုပ်သော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မှ MWCDF အသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာပေဟောပြောပွဲအခမ်းအနားတက်ရောက်ခြင်း

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာပေဟောပြောပွဲအခမ်းအနားတက်ရောက်ခြင်း

(၁၁.၂.၂၀၁၉)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ စာပေချစ်မြတ်နိုးသူများ ပူးပေါင်းစီစဉ်သော “(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အကြို” စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)နှင့် ဆရာမြတ်ဝေတိုး (ပညာရေးတက္ကသိုလ်)တို့၏ စာပေဟောပြောပွဲသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့ MWCDF အသင်း ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များမှ တက်ရောက်ခဲ့ပါသည်။

တက္ကသိုလ်မြေမှ အလုပ်ခွင်ဆီသို့ ကူးပြောင်းရန် ပြင်ဆင်မှုများခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

တက္ကသိုလ်မြေမှ အလုပ်ခွင်ဆီသို့ ကူးပြောင်းရန် ပြင်ဆင်မှုများခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

ဖေဖော်ဝါရီလ(၁၂)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင် ပဲခူးမြို့၊ စျေးပိုင်းရပ်ကွက်၊ အမှတ်(၁၆၆) ရန်ကုန်-မန္တလေးကားလမ်းမကြီး Kanbawza Nandaw Education City တွင် ကမ္ဘောဇနန်းတော်ပညာရေးစင်တာနှင့် MWCDF-Bago ပူးပေါင်း၍ မြို့မိ/မြို့ဖများနှင့် ကျောင်းသား/သူများအတွက် တက္ကသိုလ်မြေမှ အလုပ်ခွင်ဆီသို့ ကူးပြောင်းရန် ပြင်ဆင်မှုများခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်သည်။ အဆိုပါဟောပြောပွဲတွင် Myanmar Leadership& Management Institute(MLMI)မှ ကျောင်းအုပ်ဆရာကြီး ပါမောက္ခဦးအေးကျော်မှ တက္ကသိုလ်မြေမှ အလုပ်ခွင်ဆီသို့ ကူးပြောင်းရန် ပြင်ဆင်မှုများခေါင်းစဉ်ဖြင့် အနာဂတ်တွင် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်၊ ထူးချွန်သော စီးပွားရေးပညာရှင်အဖြစ်ရပ်တည်လိုသော လူငယ်များနှင့်မိဘများအတွက် အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းအား အသိပညာပေးဟောပြောပြီး