Myanmar

အဆောက်အဦးပန္နက်တင်မင်္ဂလာအခမ်းအနားတက်ရောက်ခြင်း

အဆောက်အဦးပန္နက်တင်မင်္ဂလာအခမ်းအနားတက်ရောက်ခြင်း

(၁၃.၂.၂၀၁၉)နေ့တွင် MWCDF အသင်းမှ အတွင်းရေးမှူးနှင့် CEC တို့သည် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(မြန်မာ)မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနသို့ တည်ဆောက်လှူဒါန်းမည့် ရင်ခွင့်မဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်ရန် ကလေးပြုစုရေးဌာန(နေပြည်တော်) အဆောက်အဦးပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

LASHIO MOUNTAIN BIKE CHALLENGE ပြိုင်ပွဲတွင် ပူးပေါင်းပါဝင်လှူဒါန်းခြင်း

LASHIO MOUNTAIN BIKE CHALLENGE ပြိုင်ပွဲတွင် ပူးပေါင်းပါဝင်လှူဒါန်းခြင်း

(၁၀.၂.၂၀၁၉)နေ့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် LASHIO CYCLIST NETWORK တို့မှ ပူးပေါင်းကျင်းပသည့် LASHIO MOUNTAIN BIKE CHALLENGE ပြိုင်ပွဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အဖွဲ့ဝင်များနှင့် ဆေးလိပ်ကင်းစင်လူငယ် အမျိုးသမီးအဖွဲ့မှ တက်ရောက်အားပေးပြီး သောက်ရေသန့်များ ဝေငှလှူဒါန်းခဲ့ပါသည်။

ရှမ်းပြည်နယ်နေ့အခမ်းအနားတက်ရောက်ခြင်းနှင့် မိဘမဲ့ပရဟိတဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

ရှမ်းပြည်နယ်နေ့အခမ်းအနားတက်ရောက်ခြင်းနှင့် မိဘမဲ့ပရဟိတဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

(၇.၂.၂၀၁၉)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် “(၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား” သို့ တက်ရောက်ခဲ့ပါသည်။ ထို့နောက် ဘာသာမရွေးနာရေးကူညီမှုအသင်းသို့ ကျောက်ကပ်ဝေဒနာရှင်အတွက် အလှူငွေလှူဒါန်းခြင်း၊ အလှူငွေလက်ခံခြင်း၊ ညနေပိုင်းတွင်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရှမ်းမိဘမဲ့ပရဟိတဂေဟာသို့ သွားရောက်၍ ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် ညစာစားပွဲကျင်းပခြင်း၊ ကလေးများနေ့အထိမ်းအမှတ် ဟောပြောခြင်း၊ ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ရတနာစံပြ(ဘ.က)ကျောင်းတွင် “မြန်မာနိုင်ငံကလေးများနေ့” အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်ခြင်း

ရတနာစံပြ(ဘ.က)ကျောင်းတွင် “မြန်မာနိုင်ငံကလေးများနေ့” အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်ခြင်း

(၉.၂.၂၀၁၉)နေ့တွင် MWCDF အသင်းမှ တွဲဘက်အတွင်းရေးမှူး နှင့် CEC အဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ(၁၃)ရက်-“ မြန်မာနိုင်ငံကလေးများနေ့” အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရတနာစံပြ(ဘ.က)သို့သွားရောက်၍ “ မြန်မာနိုင်ငံကလေးများနေ့” အထိမ်းအမှတ် အခမ်းအနားအား ကျောင်းရှိ ကျောင်းသား/သူ(၃၂၀)ဦး၊ ဆရာ၊ ဆရာမ(၉)ဦးတို့နှင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင်- * ရတနာစံပြ(ဘ.က)ကျောင်း ကျောင်းထိုင်ဆရာတော်မှ အမှာစကားမိန့်ကြားခြင်း၊ * MWCDF အသင်း CEC ဒေါက်တာနန္ဒာမွှန်းမှ “ မြန်မာနိုင်ငံကလေးများနေ့ “ နှင့်ပတ်သက်၍ သိကောင်းစရာများ ဟောပြောဆွေးနွေးခြင်း၊ *ကျောင်းသား/သူများအား