Myanmar

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတက်ရောက်ခြင်း

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတက်ရောက်ခြင်း

(၄.၂.၂၀၁၉)နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌ နှင့် CEC တို့သည် နေပြည်တော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သော “ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၁၉)” သို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။

လားရှိုးမြို့၊ ဘာသာမရွေးနာရေးကူညီမှုအသင်း၏ နှစ်ပတ်လည်အခမ်းအနားတက်ရောက်ခြင်း

လားရှိုးမြို့၊ ဘာသာမရွေးနာရေးကူညီမှုအသင်း၏ နှစ်ပတ်လည်အခမ်းအနားတက်ရောက်ခြင်း

(၃၀.၁.၂၀၁၉)နေ့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ဘာသာမရွးနာရေးကူညီမှုအသင်း၏ (၁၂)နှစ်ပြည် နှစ်ပတ်လည်နေ့အခမ်းအနားသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

မအူလေးပင်ကျေးရွာနှင့် ရတနာစံပြ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

မအူလေးပင်ကျေးရွာနှင့် ရတနာစံပြ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၉.၁.၂၀၁၉)နေ့၊ နံနက်(၁၁းဝ၀)နာရီတွင် MWCDF အသင်းမှ ဒုဥက္ကဋ္ဌနှင့် CEC အဖွဲ့ဝင်များသည် ဥတ္တရသီရိမြို့နယ်၊ အ.လ.က မအူလေးပင်ကျောင်းတွင် ၂၀၁၈-၁၉ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်၍ ဆုချီးမြှင့်ခြင်း၊ မွေးနေ့အလှူရှင် CEC ဒေါ်အေးအေးခိုင်မှ ကျောင်းသား/သူကလေးများအား ကြာဇံကြော်များ အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပြီး ရတနာစံပြ(ဘ.က) ကျောင်းသို့လည်း သွားရောက်ကာ မွေးနေ့ရှင်မှ ကြာဇံကြော်များနှင့် ဝတ္ထုငွေ-(၅၀,၀၀၀)ကျပ်အား ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ကလေးအထူးကုဆေးရုံကြီးတွင် ကြာဇံကြော်များသွားရောက်လှူဒါန်းခြင်း

ကလေးအထူးကုဆေးရုံကြီးတွင် ကြာဇံကြော်များသွားရောက်လှူဒါန်းခြင်း

(၂၉.၁.၂၀၁၉)နေ့၊ နံနက်(၁ဝးဝ၀)နာရီတွင် MWCDF အသင်းမှ ဒုဥက္ကဋ္ဌနှင့် CEC အဖွဲ့ဝင်များသည် ဥတ္တရသီရိမြို့နယ်၊ ကလေးအထူးကုဆေးရုံကြီးသို့သွားရောက်၍ မွေးနေ့အလှူရှင် CEC ဒေါ်အေးအေးခိုင် မှ ကလေးအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသနေသော မိခင်နှင့်ကလေးများ၊ လူနာစောင့်များအား ကြာဇံကြော်များ အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ဆပ်ပြာပြုလုပ်နည်းသင်တန်း ဒုတိယနေ့

ဆပ်ပြာပြုလုပ်နည်းသင်တန်း ဒုတိယနေ့

ဆပ်ပြာပြုလုပ်နည်းသင်တန်း ဒုတိယနေ့တွင် သင်တန်းဆရာမမှ သင်တန်းသူများအား ဘက်စုံသုံးသဘာဝ ဆပ်ပြာပြုလုပ်နည်း၊ အမွှေးဖယောင်းခွက်များ ပြုလုပ်နည်း၊ မျက်နှာသစ်ဆပ်ပြာခဲ ပြုလုပ်နည်း၊ ဆပ်ပြာအကြမ်းခဲပြုလုပ်နည်းများ သင်ကြားပို့ချခဲ့ပါသည်။

ဆပ်ပြာပြုလုပ်နည်းသင်တန်း ပထမနေ့

ဆပ်ပြာပြုလုပ်နည်းသင်တန်း ပထမနေ့

(၂၆.၁.၂၀၁၉) ဆပ်ပြာပြုလုပ်နည်းသင်တန်း ပထမနေ့တွင် သင်တန်းဆရာမမှ သင်တန်းသူများအား ခေါင်းလျှော်ရည်ပြုလုပ်နည်း၊ အဝတ်လျှော်ဆပ်ပြာပြုလုပ်နည်း၊ ပန်းကန်ဆေးဆပ်ပြာပြုလုပ်နည်း၊ ရေချိုးဆပ်ပြာပြုလုပ်နည်းများ သင်ကြားပို့ချခဲ့ပါသည်။