Myanmar

စိန်ပန်းခိုင်ကျေးရွာသို့ ကွင်းဆင်းသွားရောက်ခြင်း

စိန်ပန်းခိုင်ကျေးရွာသို့ ကွင်းဆင်းသွားရောက်ခြင်း

(၁၆.၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ရုံးအဖွဲ့သည် တပ်ကုန်းမြို့နယ်၊ စိန်ပန်းခိုင်ကျေးရွာသို့ သွားရောက်၍ မိမိအသင်းမှ လှူဒါန်းထားသော စာသင်ကျောင်း၊ သန့်စင်ခန်း၊ အဝီစိတွင်း၊ ရေကန်တို့အား သွားရောက်ကြည့်ရှုပြီး ရွာဦးဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော်အား ဝတ္ထုငွေ၊ အသင်းပြက္ခဒိန်၊ အသင်းမဂ္ဂဇင်းစာအုပ်၊ လက်ဆောင်အိတ်များ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ခေမာရာမသီလရှင်စာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ခေမာရာမသီလရှင်စာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၁.၂၀၁၉)နေ့တွင် MWCDF အသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့်CEC များသည် သံလျင်မြို့နယ်၊ အောင်ချမ်းသာ(၁)ရပ်ကွက်အတွင်းရှိ ခေမာရာမသီလရှင်စာသင်တိုက်နှင့်(ပရဟိတ)သီလရှင် သင်ပညာရေးကျောင်းသို့ သွားရောက်ကာ ပဓာနနာယကဆရာကြီး ဒေါ်စန္ဒာ(မဟာသဒ္ဓမ္မ ဇောတိကဇေ)နှင့် တွေ့ဆုံ၍ အသင်း CECများမှ စုပေါင်း၍ ဆွမ်းပဒေသာပင်နှင့် အထွေထွေအသုံး စရိတ်အတွက် အလှူငွေ-(၁,၅၀၀,၀၀၀)ကျပ်နှင့် သီလရှင်ဝတ်စုံများ၊ အစားအသောက်များ၊ မီးဖိုချောင်သုံးပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် အာဟာရကျွေးမွေးခြင်း

ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် အာဟာရကျွေးမွေးခြင်း

(၁၄.၁.၂၀၁၉)နေ့တွင် တွဲဘက်အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ အသင်းတည်ထောင်ခဲ့သည့် (၁၄.၅.၂၀၁၃)ရက် အထိမ်းအမှတ်အနေဖြင့် ဇန်နဝါရီလ(၁၄)ရက်နေ့တွင် သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ မုန်လာဥချဉ်ရည်ဟင်းတို့ဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနား တက်ရောက်ခြင်း

ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနား တက်ရောက်ခြင်း

(၉.၁.၂၀၁၉)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကျင်းပပြုလုပ်သော သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၏ “ပဥ္စမအကြိမ်မြောက် ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်း” အခမ်းအနားသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

MWCDF အသင်းနှင့် Earth Vocational Training Center တို့ပူးပေါင်းဖွင့်လှစ်သော ကြိမ်၊ ၀ါး၊ လက်မှုအနုပညာသင်တန်းဆင်းပွဲအခမ်းအနား

MWCDF အသင်းနှင့် Earth Vocational Training Center တို့ပူးပေါင်းဖွင့်လှစ်သော ကြိမ်၊ ၀ါး၊ လက်မှုအနုပညာသင်တန်းဆင်းပွဲအခမ်းအနား

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)နှင့် Earth Vocational Training Center တို့ ပူးပေါင်းဖွင့်လှစ်သော ကြိမ်၊ ၀ါး၊ စဉ့် လက်မှုအနုပညာသင်တန်းဆင်းပွဲ အခမ်းအနားအား (၃၁.၁၂.၂၀၁၈)နေ့၊ နေ့လည်(၁၁းဝ၀)နာရီတွင် အမှတ်(၁၇၀)၊ Earth Vocational Training Center ၊ သီရိရတနာအဆင့်မြှင့်စျေး၊ ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။