Myanmar

မြင်းမူမြို့နယ်၊ ကန်ဖျားကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

မြင်းမူမြို့နယ်၊ ကန်ဖျားကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

(၁၅.၁၂.၁၈)နေ့တွင် စစ်ကိုင်းတိုင်း MWCDF အဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဆပ်ပြာ ကျင်းကျေးရွာမှ မုံရွာပညာရေးကောလိပ်သို့ တက်ရောက်ပညာသင်ယူရန် အခက်အခဲရှိသည့် မောင်သူရိန်စိုးအား ပညာသင်ထောက်ပံ့ငွေ-(၅၀,၀၀၀)ကျပ်နှင့် လိုအပ်သော အသုံးအဆောင်ပစ္စည်းများ-(၂၀,၀၀၀)ကျပ်ဖိုးအား ဝယ်ယူလှူဒါန်းထောက်ပံ့ပေးခဲ့ပြီး ဆပ်ပြာကျင်းကျေးရွာရှိ ကျန်းမာရေးချို့တဲ့နေသော အသက်(၈၀)နှစ် အဖွားဒေါ်စံအား ကျန်းမာရေးစောင့်ရှောက်မှုအတွက် အလှူငွေ-(၂၀,၀၀၀)ကျပ်အား ထောက်ပ့ံလှူဒါန်းပေးခဲ့ပါသည်။

ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေး အစည်းအဝေးသို့ တက်ရောက်ခြင်း

ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေး အစည်းအဝေးသို့ တက်ရောက်ခြင်း

(၁၇.၁၂.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဋ္ဌနှင့်တွဲဘက်ဘဏ္ဍာရေးမှူးတို့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်သည့် “အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ ဒုတိယအကြိမ်အစည်းအဝေး” သို့ တက်ရောက်ခဲ့ကြပါသည်။

ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် အာဟာရကျွေးမွေးခြင်း

ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် အာဟာရကျွေးမွေးခြင်း

(၁၄.၁၂.၂၀၁၈)နေ့တွင် ဥက္ကဋ္ဌနှင့် တွဲဘက်ဘဏ္ဍာရေးမှူးတို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ အသင်းတည်ထောင်ခဲ့သည့် (၁၄.၅.၂၀၁၃)ရက် အထိမ်းအမှတ်အနေဖြင့် ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ ကျောက်ဖရုံသီးဟင်းတို့ဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

မြင်းမူမြို့နယ်၊ ကန်ဖျားကျေးရွာရှိ ဘိုးဘွားများ၊ မူကြိုကလေးများအား အာဟာရကျွေးမွေးခြင်း

မြင်းမူမြို့နယ်၊ ကန်ဖျားကျေးရွာရှိ ဘိုးဘွားများ၊ မူကြိုကလေးများအား အာဟာရကျွေးမွေးခြင်း

(၁၃.၁၂.၂၀၁၈)နေ့တွင် စစ်ကိုင်းတိုင်း MWCDF အဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်ဖျားကျေးရွာသို့သွားရောက်၍ ဘိုးဘွားများအား တိုင်းရင်းဆေးအခမဲ့ကုသပေးပြီး အာဟာရထမင်းများကျွေးမွေး လှူဒါန်းခြင်း၊ မြင်းမူမြို့နယ်ရှိ မူကြိုကလေးများအား အာဟာရများ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

USDP ၏ အမျိုးသမီးညီလာခံ ၂၀၁၈ အခမ်းအနားတက်ရောက်ခြင်း

USDP ၏ အမျိုးသမီးညီလာခံ ၂၀၁၈ အခမ်းအနားတက်ရောက်ခြင်း

(၁၂.၁၂.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဘက်ဘဏ္ဍာရေးမှူးတို့သည် နေပြည်တော်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သည့် “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ(၂၀၁၈)” အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

WORLD AIDS DAY 2018 အထိမ်းအမှတ်အခမ်းအနားတက်ရောက်ခြင်း

WORLD AIDS DAY 2018 အထိမ်းအမှတ်အခမ်းအနားတက်ရောက်ခြင်း

(၁၀.၁၂.၂၀၁၈)နေ့တွင် MWCDF အသင်းမှ အတွင်းရေးမှူးနှင့် CEC တို့သည် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(MMCWA)မှ ကြီးမှူးကျင်းပသည့် “၂၀၁၈ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက် ရောဂါတိုက်ဖျက်ရေးနေ့” (WORLD AIDS DAY 2018) အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။