Myanmar

သထုံမြို့နယ်၊ သရက်တောကျေးရွာတွင် ကျောင်းသား/သူများအား အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် ဘီးလင်းမြို့နယ်၊ ကျားကွင်းကျေးရွာရှိ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပ့ံခြင်း

သထုံမြို့နယ်၊ သရက်တောကျေးရွာတွင် ကျောင်းသား/သူများအား အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် ဘီးလင်းမြို့နယ်၊ ကျားကွင်းကျေးရွာရှိ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပ့ံခြင်း

(၉.၁၂.၂၀၁၈)နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု” အနေဖြင့် မွန်ပြည်နယ် MWCDF အဖွဲ့ဝင်များသည် သထုံမြို့နယ်၊ သရက်တောကျေးရွာသို့ သွားရောက်၍ ကျေးရွာသူ/သား(၃၀၀)ခန့်အား အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာဆောင်များပေးအပ်ခြင်း၊ မုန့်များဝေငှခြင်း ပြုလုပ်ခဲ့ပါသည်။ ဆက်လက်၍ ဘီလင်းမြို့နယ်၊ ကျားကွင်းကျေးရွာသို့သွားရောက်၍ ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင် မိခင်(၁၀)ဦးအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အာဟာရကြက်ဥများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

မကွေးမြို့၊ ဖန်ခါးမြေ ဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

မကွေးမြို့၊ ဖန်ခါးမြေ ဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

(၈.၁၂.၂၀၁၈)နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု” အနေဖြင့် မကွေးတိုင်း MWCDF အဖွဲ့ဝင်များသည် မကွေးမြို့၊ ဖန်ခါးမြေ ဘိုးဘွားရိပ်သာရှိ အဘိုး(၆)ဦး၊ အဘွား(၂၀)ဦးအတွက် ခြင်ထောင်၊ ခေါင်းအုံးနှင့်ခေါင်းအုံးစွပ်၊ ကတ္တီပါအိပ်ယာခင်းများအား သွားရောက်လှူဒါန်း၍ အဘိုးအဘွားများ၏ အိပ်ယာနှင့်ပတ်ဝန်းကျင်အား သန့်ရှင်းရေး ပြုလုပ်ပေးခဲ့ကြပါသည်။

မော်လမြိုင်မြို့၊ အ.ထ.က(၆)တွင် ကျောင်းသား/သူများအား အသိပညာပေးဟောပြောဆွေးနွေးခြင်း

မော်လမြိုင်မြို့၊ အ.ထ.က(၆)တွင် ကျောင်းသား/သူများအား အသိပညာပေးဟောပြောဆွေးနွေးခြင်း

(၇.၁၂.၂၀၁၈)နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ ကျင်းပပြုလုပ်သော “အမျိုးသမီးများပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု” အသိပညာပေးဆွေးနွေးပွဲတွင် မွန်ပြည်နယ် MWCDF အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ အ.ထ.က(၆)၌ ကျောင်းသား/သူ(၆၈၀)ဦးအား အသိပညာပေးဟောပြောခြင်း၊ မေးခွန်းများမေးမြန်းခြင်း၊ အသိပညာများကို လက်ဆင့်ကမ်းခြင်းများပြုလုပ်ခဲ့ပြီး ဆုရရှိသူ(၂၅)ဦးအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခဲ့ပါသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း

(၅.၁၂.၂၀၁၈)နေ့တွင် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ ဦးဆောင်ကျင်းပသော “ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု” အထိမ်းအမှတ်အနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ NGO အဖွဲ့များ၊ နေပြည်တော်ကောင်စီမှ အဖွဲ့များနှင့်အတူ အမျိုးသားပရဆေးဥယျာဉ်မှ ရေပန်းဥယျာဉ်သို့ စုပေါင်းလမ်းလျှောက်ပွဲကို MWCDF အသင်း အဖွဲ့ဝင်များ ပါဝင်လှုပ်ရှားခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားတက်ရောက်ခြင်း

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၃.၁၂.၂၀၁၈)နေ့တွင် နေပြည်တော်၊ MICC(2)၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သည့် “၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနား” သို့ MWCDF အသင်းမှ CEC များ တက်ရောက်ခဲ့ကြပါသည်။

(၃၃)ကြိမ်မြောက် CEC Meeting

(၃၃)ကြိမ်မြောက် CEC Meeting

(၂၉.၁၁.၂၀၁၈)နေ့တွင် နေပြည်တော်၊ MWCDF (ရုံးချုပ်)၌ အသင်း၏(၃၃)ကြိမ်မြောက် ဗဟိုအလုပ် အမှုဆောင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။