Myanmar

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၉.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း အလုပ်အမှုဆောင် ၂ ဦးသည် မကွေးမြို့၊ မြဧရာခန်းမတွင် ကျင်းပပြုလုပ်သော အခြေခံကျန်းမာရေး တက္ကသိုလ်(မကွေး)၏ ၃၇ ကြိမ်မြောက် လက်ထောက်ကျန်းမာရေးမှူး(အကျဉ်းချုံး) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၉.၂၅ ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်အေးမွန်နှင့် အတွင်းရေးမှူး ဒေါ်ခင်စုရည် တို့သည် မော်လမြိုင်မြို့ရှိ အ.ထ.က(၉)တွင် ကျင်းပပြုလုပ်သော (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၁.၉.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ဒေါ်ခင်စီနှင့် အလုပ်အမှုဆောင် ၂ ဦးသည် မကွေးတိုင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက မကွေးမြို့နယ် စုပေါင်းရုံးခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရရှိသည့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ/ ဘိုးဘွားရိပ်သာ/ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းနှင့် စေတနာမူလတန်း ညကျောင်းများသို့ ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၁.၉.၂၅ ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင် ၅ ဦးသည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က အ.ထ.က (၈)၊ ထားဝယ်မြို့တွင် ကျင်းပပြုလုပ်သော စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့် ပွဲတော်အထိမ်းအမှတ် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်ခဲ့ပြီး အသင်းဗလာစာအုပ် ၁ ဒါဇင်နှင့် ထားဝယ်စာရေးဆရာများရေးသားသော သုတ၊ ရသစာအုပ် ၆ အုပ်ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

သွားရောက်စစ်ဆေးခြင်း

သွားရောက်စစ်ဆေးခြင်း

၁၁.၉.၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်မော်မော်ထွန်းသည် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီ (ECCD) အဖွဲ့ဝင်များနှင့်အတူ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မိုးသောက်ပန်းလမ်းရှိ Pioneer Advanced Preschool ပုဂ္ဂလိကမူလတန်းကြိုကျောင်း တည်ထောင်ခွင့်ပြုမိန့် ပေးနိုင်ရေးအတွက် သွားရောက်စစ်ဆေးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၉.၉.၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း နှင့် International Ledership College (ILC) တို့သည် အမှတ် ၂၉၃၊ ငုဝါလမ်း၊ သပြေကုန်းရပ်ကွက်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ  ILC ကျောင်းတွင် ပညာရေးမိတ်ဖက်သဘောတူညီမှု လက်မှတ်ရေးထိုးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ပညာရေးမိတ်ဖက်သဘောတူညီမှု လက်မှတ်ရေးထိုးပွဲသို့ နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်မော်မော်ထွန်းက တက်ရောက်လက်မှတ်ရေးထိုးခဲ့ပါသည်။ ILC အနေဖြင့် နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)၊ အသေးစားအငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များအသင်း (MSME)၊