Myanmar

ဂုဏ်ပြုချီးမြှင့်ခြင်း

ဂုဏ်ပြုချီးမြှင့်ခြင်း

(၂၇.၈.၂၀၂၃)ရက်နေ့တွင် တနင်္သာရီတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ ရမ္မဇူကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတွင် (၄)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသူအား (၅၀၀၀၀)ကျပ် ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။

စမတောင်မဟာပရဟိတဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

စမတောင်မဟာပရဟိတဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

(၂၉.၈.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့၊ စမတောင်မဟာပရဟိတဂေဟာသို့ သွားရောက်၍ အလှူငွေ၊ ကျောင်းသုံးစာရေး ကိရိယာ၊ ကလေးကစားစရာအရုပ်များ၊ အခြေခံစားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

MWAF အသင်းမှ ကျင်းပသော အခမ်းအနားတက်ရောက်ခြင်း

MWAF အသင်းမှ ကျင်းပသော အခမ်းအနားတက်ရောက်ခြင်း

(၂၉.၈.၂၀၂၃)ရက်နေ့တွင် MWCDF အသင်း ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့သည် နေပြည်တော် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် (MWAF)မှ ကျင်းပပြုလုပ်သော “အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ်” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ဘုရားဖူးလာရောက်ကြသူများအား ရေသန့်ဒါနပြု လှူဒါန်းမှု

ဘုရားဖူးလာရောက်ကြသူများအား ရေသန့်ဒါနပြု လှူဒါန်းမှု

(၂၇.၈.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော် မာရဝိဇယဘုရားကြီးသို့ ဘုရားဖူးလာရောက်ကြသူများအား သောက်ရေသန့်ဘူးများဖြင့် ဒါနပြု လှူဒါန်းခဲ့ကြပါသည်။

တောင်ပေါက်နှီးဘုရား ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

တောင်ပေါက်နှီးဘုရား ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၉.၈.၂၀၂၃)ရက်နေ့တွင် မွန်ပြည်နယ် MWCDF ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ တောင်ပေါက်နှီးဘုရား ဘုန်းတော်ကြီးကျောင်းသိုသွားရောက်၍ အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ စာသင်သံဃာ(၄၄)ပါးအတွက် ဝတ္ထုငွေနှင့် ဖျာ၊ ခေါင်းအုံး၊ ခေါင်းအုံးစွပ်၊ မျက်နှာသုတ်ပုဝါများ လှူဒါန်းခဲ့ပါသည်။

Social Cohesion ဆင့်ပွားသင်တန်း တက်ရောက်ခြင်း

Social Cohesion ဆင့်ပွားသင်တန်း တက်ရောက်ခြင်း

(၁၅.၈.၂၀၂၃ မှ ၁၇.၈.၂၀၂၃)ရက်နေ့အထိ မွန်ပြည်နယ် MWCDF အသင်း အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးတွင် ဖွင့်လှစ်သော “လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ (Social Cohesion) ဆင့်ပွားသင်တန်း” သို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။