Myanmar

မိတ်ဖက်အဖွဲ့အစည်းမှဖိတ်ကြားသော အခမ်းအနားသို့ တက်ရောက်ခြင်း

မိတ်ဖက်အဖွဲ့အစည်းမှဖိတ်ကြားသော အခမ်းအနားသို့ တက်ရောက်ခြင်း

(၂၈.၁၁.၂၀၁၈)နေ့တွင် နေပြည်တော်၊ Mingalar Thiri Hotel ၌ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်မှကြီးမှူးကျင်းပသည့် “ 18th ACWO Biennial General Assembly and Conference” အခမ်းအနားသို့ MWCDF အသင်း မှ CEC များ တက်ရောက်ခဲ့ပါသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်း

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်း

(၂၆.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ CEC များသည် နေပြည်တော်၊ Hotel Max ၌ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီမှ ကျင်းပပြုလုပ်သော” ၂၀၁၈ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက် တာလှုပ်ရှားမှု” အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ အခမ်းအနားတက်ရောက်ခြင်း

အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ အခမ်းအနားတက်ရောက်ခြင်း

(၂၉.၁၁.၂၀၁၈)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ MWCDF လားရှိုးအဖွဲ့ဝင်များသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျင်းပပြုလုပ်သော “အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲ” အခမ်းအနားသို့ တက်ရောက်၍ အမျိုးသမီးလူငယ်အဖွဲ့အား အလှူငွေ- (၃၀,၀၀၀)ကျပ် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

MWCDF (လားရှိုး)အဖွဲ့ဝင်များမှ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

MWCDF (လားရှိုး)အဖွဲ့ဝင်များမှ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

လားရှိုးမြို့ MWCDF အဖွဲ့ဝင်များသည် (၂၀.၁၁.၂၀၁၈)မှ(၂၁.၁၁.၂၀၁၈)နေ့အထိ လားရှိုးမြို့၊ ဘာသာမရွေးနာရေးကူညီမှုအသင်း ဆေးခန်းသို့ “ ထိုင်ဝမ်” ချန်ကုန်း ဆေးရုံမှ အထူးကုဆရာဝန်အဖွဲ့နှင့် လားရှိုးဘာသာမရွေးနာရေး ကူညီမှုအသင်း၊ MWCDF အသင်းတို့ပူးပေါင်းပြီး အခမဲ့ဆေးကုခြင်းတွင် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ခဲ့ပါသည်။

MWCDF အသင်း၏ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ပြုလုပ်ခြင်း

MWCDF အသင်း၏ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ပြုလုပ်ခြင်း

(၁၉.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဋ္ဌနှင့်CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းအုပ်စု၊ ရွှေမြိုင်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အလှူတော်မင်္ဂလာအခမ်းအနားအစီအစဉ်တွင် – အစီအစဉ်(၁)အရ နမောတဿ(၃)ကြိမ် ရွတ်ဆို၍ ဘုရားကန်တော့ခြင်း၊ (၂) တောင်ဒဂုံနိကာယ်စာသင်တိုက် စာချနာယက ဘဒ္ဒ န္တကုမာရထံမှ (၅)ပါးသီလ ခံယူဆောက်တည်ခြင်း၊ (၃) ကထိန်သင်္ကန်းနှင့် နဝကမ္မဝတ္ထုငွေ(၂၄)သိန်းကျပ် ကပ်လှူခြင်း၊ (၄) မေတ္တာသုတ် ပရိတ်တရားတော်နာကြားခြင်း၊ (၅) ကထိန်အနုမောဒနာတရားနာယူ ရေစက်ချအမျှဝေခြင်း၊ (၆) ဗုဒ္ဓသာသနာ စိရံတိဌ(၃)ကြိမ်ရွတ်ဆို၍

“ ကလေးသူငယ်များဖွံ့ဖြိုးတိုတက်ရေး အသိပညာပေးဟောပြောပွဲနှင့် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအခမ်းအနား”

“ ကလေးသူငယ်များဖွံ့ဖြိုးတိုတက်ရေး အသိပညာပေးဟောပြောပွဲနှင့် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအခမ်းအနား”

(၁၇.၁၁.၂၀၁၈)နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်ဖြစ်သော MWCDF အသင်းမှဦးစီးပြီး ရန်ကုန်တိုင်းလူမှုဝန်ထမ်းဌာန၊ ဧဒင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး၊ စေတနာလူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ လပြည့်ဝန်း ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေး မိသားစုဂေဟာနှင့် Viva HongKong မှ ပူပေါင်းပါဝင်၍ ရွှေပြည်သာမြို့နယ်ရှိ ကလေးများနှင့် ဂေဟာကလေးများ အသိပညာပေး ဟောပြောပွဲ အခမ်းအနားအား ရွှေပြည်သာမြို့နယ်၊ စေတနာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်းဦးစီးဌာန မြောက်ပိုင်းခရိုင်ဦးစီးမှူးများ၊ မိတ်ဘက်အဖွဲ့အစည်းများ၊ ဧည့်သည်တော်များ၊ ဂေဟာများမှကလေးလူငယ်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင်- (၁) MWCDFအသင်း တွဲဘက်အတွင်းရေးမှူး ဒေါ်နီဆက်တင်ထူးမှ အခမ်းအနားပြုလုပ်ရသည့်