Myanmar

MMCWA အသင်း၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားတက်ရောက်ခြင်း

MMCWA အသင်း၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားတက်ရောက်ခြင်း

(၁၆.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ CEC များသည် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ ၂၀၁၈ခုနှစ်၊ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

MWCDF အဖွဲ့ဝင်များမှ စစ်ကိုင်းတိုင်း၊ ကန်ဖျားကျေးရွာနှင့် ဆပ်ပြာကျင်းကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

MWCDF အဖွဲ့ဝင်များမှ စစ်ကိုင်းတိုင်း၊ ကန်ဖျားကျေးရွာနှင့် ဆပ်ပြာကျင်းကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၁၁.၂၀၁၈)နေ့တွင် စစ်ကိုင်းတိုင်း MWCDF အဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်း၊ ကန်ဖျားကျေးရွာနှင့် ဆပ်ပြာကျင်းကျေးရွာသို့ သွားရောက်၍ ပညာသင်ထောက်ပံ့ကြေး-(၉၀,၀၀၀)ကျပ်၊ Plastic Sticker-(၉၂)ခု တန်ဖိုး-(၃၀,၀၀၀)ကျပ်၊ ဆပ်ပြာခဲ-(၉၂)ခဲ တန်ဖိုး-(၁၅,၀၀၀)ကျပ် စုစုပေါင်း-(၁၃၅,၀၀၀)ကျပ်ဖိုး ထောက်ပံ့ လှူဒါန်းခဲ့ပါသည်။ ထို့နောက် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် အဖိုးအဖွား(၃)ဦးအား တစ်ဦးလျှင်-(၁၀,၀၀၀)ကျပ်နှုန်းဖြင့် (၃၀,၀၀၀)ကျပ်အား လှူဒါန်းခဲ့ပါသည်။

စစ်ကိုင်းမြို့၊ သကျဓီတသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

စစ်ကိုင်းမြို့၊ သကျဓီတသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၁၁.၂၀၁၈)နေ့တွင် စစ်ကိုင်းတိုင်းမှ MWCDF အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့ရှိ သကျဓီတသီလရှင်စာသင်တိုက်သို့ သွားရောက်၍ သီလရှင်ဆရာကြီးထံ ဆွမ်းဆန်တော်(၁)အိတ်၊ မုန့်ပုံး(၁)ပုံး၊ သကြား(၅)အိတ်၊ လှူဘွယ်ခြင်း(၁)ခြင်း စုစုပေါင်း-(၇၄,၀၀၀)ကျပ်ဖိုး သွားရောက်လှူဒါန်းခဲ့ပါသည်။

MWAF အသင်း၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားတက်ရောက်ခြင်း

MWAF အသင်း၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားတက်ရောက်ခြင်း

(၁၄.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ CEC များသည် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ မဟာဗုဒ္ဓဝင်သာသနာပြု မင်းဝင်တောင်တော် စိန္တာမုနိကျောင်းတိုက်၌ ကျင်းပပြုလုပ်သော ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ကျွန်းစုမြို့နယ်၊ လင်မလိုကြီးကျေးရွာ၌ ဆိုလာဖြင့် ကျေးရွာမီးလင်းရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း

ကျွန်းစုမြို့နယ်၊ လင်မလိုကြီးကျေးရွာ၌ ဆိုလာဖြင့် ကျေးရွာမီးလင်းရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း

(၁၁.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ အဖွဲ့ဝင်များသည် ကျွန်းစုမြို့နယ်၊ လင်မလိုကြီးကျေးရွာသို့ ဆိုလာဖြင့် ကျေးရွာမီးလင်းရေး ကိစ္စရပ်များ ဆောင်ရွက်ရန် သွားရောက်ခဲ့ပါသည်။ ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် MWCDF အသင်းမှ အိန္ဒိယနိုင်ငံ၊ Barefoot College ၌ ဆိုလာနည်းပညာသင်တန်းတက်ရောက်နိုင်ရန် ပံ့ပိုမှုများပေးခဲ့သည့် လင်မလိုကြီးကျေးရွာမှ ဆိုလာသင်တန်းတက်ရောက်ပြီးသူ အမျိုးသမီးကြီး(၂)ဦး၊ ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာသူ/သား များနှင့် တွေ့ဆုံခဲ့ပါသည်။ ထို့နောက် ဆိုလာအမျိုးသမီးကြီး(၂)ဦးမှ ကျေးရွာသူ/သားများအား ဆိုလာတပ်ဆင်အသုံးပြုပုံ အဆင့်ဆင့်ကို လက်တွေ့ရှင်းလင်းပြသခဲ့ပါသည်။ ဆက်လက်၍ ကျေးရွာသူ/သားများမှ ယခုလို မိမိတို့ကျေးရွာအား ဆိုလာမီးဖြင့် မီးလင်းအောင်

ကျွန်းစုမြို့နယ်၊ ကျားကြီးအော်ကျေးရွာ၌ ဆိုလာဖြင့် ကျေးရွာမီးလင်းရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း

ကျွန်းစုမြို့နယ်၊ ကျားကြီးအော်ကျေးရွာ၌ ဆိုလာဖြင့် ကျေးရွာမီးလင်းရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း

(၁၀.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ အဖွဲ့ဝင်များသည် ကျွန်းစုမြို့နယ်၊ ကျားကြီးအော်ကျေးရွာ သို့ ဆိုလာဖြင့် ကျေးရွာမီးလင်းရေး ကိစ္စရပ်များ ဆောင်ရွက်ရန် သွားရောက်ခဲ့ပါသည်။ ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် MWCDF အသင်းမှ အိန္ဒိယနိုင်ငံ၊ Barefoot College ၌ ဆိုလာနည်းပညာသင်တန်းတက်ရောက်နိုင်ရန် ပံ့ပိုမှုများပေးခဲ့သည့် ကျားကြီးအော်ကျေးရွာမှ ဆိုလာသင်တန်းတက်ရောက်ပြီးသူ အမျိုးသမီးကြီး(၂)ဦးနှင့် ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ဆိုလာအမျိုးသမီးကြီး(၂)ဦးမှ ကျေးရွာသူ/သားများအား ဆိုလာတပ်ဆင် အသုံးပြုပုံ အဆင့်ဆင့်ကို လက်တွေ့ရှင်းလင်းပြသခဲ့ပါသည်။ ဆက်လက်၍ ကျေးရွာသူ/သားများမှ ယခုလို မိမိတို့ကျေးရွာအား ဆိုလာမီးဖြင့်