Myanmar

ကျွန်းစုမြို့နယ်၊ ရေတပ်စခန်းရှိ စာကြည့်တိုက်နှင့် ဓမ္မာရုံသို့ သွားရောက်လှူဒါန်းခြင်း

ကျွန်းစုမြို့နယ်၊ ရေတပ်စခန်းရှိ စာကြည့်တိုက်နှင့် ဓမ္မာရုံသို့ သွားရောက်လှူဒါန်းခြင်း

(၁၀.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဌနှင့် CEC များသည် ကျွန်းစုမြို့တွင်ရှိသော ရေတပ်စခန်းဌာနချုပ်တွင် ဖွင့်လှစ်ထားသည့် တပ်တွင်းစာကြည့်တိုက်သို့သွားရောက်၍ အသင်းမှ ယူဆောင်လာသော စာအုပ်များအား ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ MWCDF အသင်းမှ အဖွဲ့များသည် ရေတပ်ဌာနချုပ် ဓမ္မာရုံသို့သွားရောက်ကာ ဓမ္မာရုံ တာဝန်ခံအရာရှိအား အသင်းမှ အလှူငွေ(၂)သိန်း ကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။

ကျွန်းစုမြို့နယ်၊ ထိန်ချောင်းကျေးရွာရှိ အောင်တော်မူကျောင်းတိုက်နှင့် ကမ်းနားဆိပ်ရှိ သံသရာအေးကျောင်း သို့ သွားရောက်လှူဒါန်းခြင်း

ကျွန်းစုမြို့နယ်၊ ထိန်ချောင်းကျေးရွာရှိ အောင်တော်မူကျောင်းတိုက်နှင့် ကမ်းနားဆိပ်ရှိ သံသရာအေးကျောင်း သို့ သွားရောက်လှူဒါန်းခြင်း

(၁၀.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် ကျွန်းစုမြို့နယ်၊ ထိန်ချောင်းကျေးရွာရှိ အောင်တော်မူကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ထံ အသင်းမှ ဝတ္ထုငွေ(၃)သိန်းကျပ်၊ အလှူရှင် CEC များမှ ဝတ္ထုငွေ-(၆၀,၀၀၀)ကျပ်၊ သင်္ကန်းခြင်း(၂)ခြင်း၊ ဆိုလာမီးအိမ်(၅)လုံးအား သွားရောက်လှူဒါန်း၍ ဆရာတော်ထံမှ တရားတော်များ နာကြားခဲ့ပါသည်။ ထို့နောက် ကျောင်းတွင် ကျောင်းသား/သူကလေးများအား ယဉ်ကျေးလိမ္မာသင်ကြားနိုင်ရန် ဗလာစာအုပ်(၂၀)ဒါဇင်အား ထိန်ချောင်းမှ ဆရာမများထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ MWCDF အသင်းမှ ဒုဥက္ကဋ္ဌနှင့် CEC များသည် ကျွန်းစုမြို့နယ်၊ ကမ်းနားဆိပ်ရှိ သံသရာအေးကျောင်းသို့

ကျွန်းစုမြို့နယ်၊ ပသုတ်ကျွန်းကျေးရွာ၌ ဆိုလာဖြင့် ကျေးရွာမီးလင်းရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း

ကျွန်းစုမြို့နယ်၊ ပသုတ်ကျွန်းကျေးရွာ၌ ဆိုလာဖြင့် ကျေးရွာမီးလင်းရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း

(၉.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် ကျွန်းစုမြို့မှ ပသုတ်ကျွန်းသို့ သွားရောက်ခဲ့ပြီး ကျေးရွာရှိ သာသနာ့လင်္ကာကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ခဲ့ပြီး ပရိတ်တရားများ နာယူကာ ဆရာတော်ထံ လှူဘွယ်ဝတ္ထုငွေ(၂)သိန်းကျပ်နှင့် ဆိုလာမီးအိမ်များ၊ သင်္ကန်းခြင်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် MWCDF အသင်းမှ ဒုဥက္ကဌနှင့် CEC များသည် ပသုတ်ကျွန်းရှိ ဓမ္မာရုံတွင် ကျေးရွာလူထုများနှင့် တွေ့ဆုံခဲ့ပြီး ကျေးရွာဆိုလာမီးလင်းရေး ထောက်ပ့ံပွဲအခမ်းအနား တက်ရောက်ခဲ့ပါသည်။ ၎င်းအခမ်းအနားတွင် ဒုဥက္ကဌ ဒေါ်စုညွန့်ဦးမှ အသင်းအကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး တွဲဘက် အတွင်းရေးမှူး

ကျွန်းစုမြို့နယ်၊ အ.ထ.က ကျောင်းနှင့် မြို့နယ်ဆေးရုံသို့ သွားရောက်လှူဒါန်းခြင်း

ကျွန်းစုမြို့နယ်၊ အ.ထ.က ကျောင်းနှင့် မြို့နယ်ဆေးရုံသို့ သွားရောက်လှူဒါန်းခြင်း

(၈.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဋ္ဌနှင့် CEC များသည် ကျွန်းစုမြို့နယ်၊ အ.ထ.က ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူကလေးများနှင့် တွေ့ဆုံပြီး အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် အထက်တန်းကျောင်းအတွက် အသင်းမှ အလှူငွေ(၅)သိန်း၊ အလှူရှင် CEC မှ အလှူငွေ(၅)သိန်း စုစုပေါင်း (၁၀)သိန်းကျပ်အား ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ကျွန်းစုမြို့နယ်ဆေရုံကြီးသို့ သွားရောက်၍ ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသော လူနာများအားကြည့်ရှုပြီး အားပေးစကား ပြောကြားခဲ့ပါသည်။ ထို့ပြင် ဆေးရုံကြီးအတွက် အလှူငွေ(၅)သိန်းကျပ်အား ဆေးရုံအုပ်ကြီးထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ကျွန်းစုမြို့နယ်၊ တပ်တွင်းမူကြိုကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ကျွန်းစုမြို့နယ်၊ တပ်တွင်းမူကြိုကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၈.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဌနှင့် CEC များသည် ကျွန်းစုမြို့နယ်၊ တပ်တွင်းမူကြိုကျောင်းသို့ သွားရောက်၍ မူကြိုကလေးငယ်များအတွက် အလှူငွေ(၃)သိန်းကျပ်အား သွားရောက်လှူဒါန်ခဲ့ပါသည်။

ကျွန်းစုမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာများဆိုလာဖြင့် မီးလင်းရေး ဆောင်ရွက်မှုအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်အနား

ကျွန်းစုမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာများဆိုလာဖြင့် မီးလင်းရေး ဆောင်ရွက်မှုအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်အနား

(၈.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုတိယဥက္ကဋ္ဌနှင့် CEC အဖွဲ့ဝင်များသည် တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာများဆိုလာဖြင့် မီးလင်းရေး ဆောင်ရွက်မှုအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်အနားအား နေ့လည်(၂း၃၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အသင်းဒုဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် တွဲဘက်အတွင်းရေးမှူးမှ ကျေးရွာများဆိုလာ မီလင်းရေးနှင့် ပတ်သက်မှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကျွန်းစုမြို့နယ်အတွင်းရှိ ကျားကြီးအော်၊ လင်မလိုကြီးနှင့် ပသုတ်ကျွန်းကျေးရွာ(၃)ရွာမှ ဆိုလာအမျိုးသမီးကြီးများအား ကျေးရွာအတွက် ဆိုလာပြား၊ မီးအိမ်၊ ဘက်ထရီများ ပေအပ်လှူဒါန်း၍ အမှတ်တရ မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ဆက်လက်၍ ကျေးရွာသုံးရွာသို့ ဆိုလာပစ္စည်များခွဲဝေပေးခြင်း အစီအစဉ်တွင်