Myanmar

မိတ်ဖက်အဖွဲ့အစည်းများမှ ဖိတ်ကြားသော အစည်းအဝေးသို့ တက်ရောက်ခြင်း

မိတ်ဖက်အဖွဲ့အစည်းများမှ ဖိတ်ကြားသော အစည်းအဝေးသို့ တက်ရောက်ခြင်း

(၁.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ အတွင်းရေးမှူးနှင့်CEC တို့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ သားအိမ်ခေါင်းကင်ဆာကာကွယ်ရေးအတွက် စေတနာ့လူမှုဝန်ထမ်းများအား သင်တန်းပို့ချမည့်အစီအစဉ်နှင့်ပတ်သက်၍ ကျင်းပပြုလုပ်သော အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ဘားအံမြို့နယ်၊ နောင်ယားဖင်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ဘားအံမြို့နယ်၊ နောင်ယားဖင်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၇.၁၀.၂၀၁၈)နေ့တွင် ကရင်ပြည်နယ် MWCDF အဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ လာကပြင် ကျေးရွာအုပ်စု၊ နောင်ယားဖေးကျောင်း၊ တောင်ကလေး ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(ခွဲ)သို့သွားရောက်၍ ကျောင်းသား/သူများအတွက် စာရေးကိရိယာများ စုစုပေါင်း-(၁၅၇,၀၀၀)ကျပ် ဘိုး သွားရောက်လှူဒါန်ခဲ့ပြီး ကျောင်းသား/သူကလေးများ စာပေသင်ကြားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပါသည်။

မကွေးတိုင်း၊ မိခင်မေတ္တာမိဘမဲ့ဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

မကွေးတိုင်း၊ မိခင်မေတ္တာမိဘမဲ့ဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

(၂၀.၁၀.၂၀၁၈)နေ့တွင် မကွေးတိုင်း MWCDF အဖွဲ့ဝင်များသည် ချောက်မြို့၊ အနော်ရထာတံတားအနီး အမှတ်(၈)ရပ်ကွက်၊ မိခင်မေတ္တာ မိဘမဲ့ဂေဟာသို့ သွားရောက်၍ အလှူငွေ-(၁၀၀,၀၀၀)ကျပ်နှင့် ဆန်၊ ဆီ စုစုပေါင်း-(၂၉၈,၀၀၀)ကျပ်ဘိုး ထောက်ပံလှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ မကွေးတိုင်း MWCDFအဖွဲ့ဝင်များသည် အမှတ်(၁၄)ရပ်ကွက်ရှိ မသန်စွမ်းဖြစ်နေ သော(၅)နှစ်အရွယ် မပြည့်မှူးခင်အား သွားရောက်တွေ့ဆုံ၍ အလှူငွေ-(၅၀,၀၀၀)ကျပ်နှင့် ဆန်တစ်အိတ် ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

တောင်သာမြို့နယ်၊ မဟာမြိုင်ကျေးရွာတွင် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကူညီလှူဒါန်းခြင်း

တောင်သာမြို့နယ်၊ မဟာမြိုင်ကျေးရွာတွင် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကူညီလှူဒါန်းခြင်း

(၄.၁၀.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဋ္ဌ (၂)ဦး၊ အတွင်းရေးမှူးနှင့် CEC များသည် မြင်းခြံ ခရိုင်၊ တောင်သာမြို့နယ်၊ မဟာမြိုင်ကျေးရွာသို့ ရောက်ရှိပြီး အသင်းမှ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် စက်ရေတွင်း၊ ရေလှောင်ကန်နှင့် ရေတင်စက်များ ပေးလှူခဲ့သော တောင်သာမြို့နယ် မဟာမြိုင်ကျေးရွာ၊ ဇေယျသုခ(အရှေ့)ကျေးရွာ၊ ပုဒါတ်စာကုန်းကျေးရွာ၊ နတ်စောင့်ကျေးရွာ စုစုပေါင်း ကျေးရွာ(၄)ရွာမှ ရာအိမ်မှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာ MWCDF အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် အသင်းဒုဥက္ကဋ္ဌနှင့်အဖွဲ့မှ နှုတ်ခွန်းဆက်စကားပြောကြားပြီး ကျေးရွာ စက်ရေတွင်း တာဝန်ခံအဖွဲ့များက မိမိကျေးရွာ

မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်ရှိ သီလရှင်ကျောင်းနှင့် ပြည်နယ်အားကစားရုံသို့ သွားရောက်လှူဒါန်းခြင်း

မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်ရှိ သီလရှင်ကျောင်းနှင့် ပြည်နယ်အားကစားရုံသို့ သွားရောက်လှူဒါန်းခြင်း

(၃၁.၁၀.၂၀၁၈)နေ့တွင် မွန်ပြည်နယ် MWCDF အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိ ရပ်ကွက်ရှိ သီလရှင်စာသင်တိုက်သို့ သွားရောက်၍ အဖွဲ့ဝင်များ၏ ထည့်ဝင်ငွေဖြင့် သီလရှင်အပါး(၃၀)အတွက် ဆန်၊ ဆီများ လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ပြည်နယ်အားကစားရုံတွင် Aerobic လေ့ကျင့်နေကြသော အမျိုးသမီးလေးများ စုစုပေါင်း(၃)ဦးအတွက် ဓာတ်ဆားထုပ်များ သွားရောက်လှူဒါန်းခဲ့ပြီး လေ့ကျင့်နေမှုများအား အားပေးခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေမှာ(၆၆,၀၀၀)ကျပ်ဖြစ်ပါသည်။

လားရှိုးမြို့၊ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

လားရှိုးမြို့၊ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၃၁.၁၀.၂၀၁၈)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အဖွဲ့ဝင်များသည် လားရှိုးမြို့၊ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းသို့သွားရောက်၍ စစ်ဘေးရှောင်ပြည်သူ-(၁,၀၀၀)ကျော်အတွက် ဆန်အိတ်များ လှူဒါန်းခဲ့ပြီး စစ်ဘေးရှောင် အမျိုးသမီး၊ ကလေးသူယ်များနှင့် မိသားစုများအား အားပေးစကားများ ပြောကြားခဲ့ပါသည်။