Myanmar

လားရှိုးမြို့၊ အပြည်ပြည်ဆိုင်ရာ မျက်မမြင်လမ်းလျှောက်တုတ်နေ့တွင် ပူးပေါင်းပါဝင်လှူဒါန်းခြင်း

လားရှိုးမြို့၊ အပြည်ပြည်ဆိုင်ရာ မျက်မမြင်လမ်းလျှောက်တုတ်နေ့တွင် ပူးပေါင်းပါဝင်လှူဒါန်းခြင်း

(၁၅.၁၀.၂၀၁၈)နေ့တွင် ရှမ်း/မြောက် လားရှိုးမြို့၌ ကျင်းပပြုလုပ်သော “အပြည်ပြည်ဆိုင်ရာ မျက်မမြင်လမ်းလျှောက်တုတ်နေ့” တွင် MWCDF, MWAF, MMCWA & Golden Pearl & other CSOs participating & supporting အဖွဲ့များမှ ပါဝင်ကူညီဆောင်ရွက်ကြရာ ရှမ်း/မြောက် MWCDF(လားရှိုး)အဖွဲ့ဝင်များမှ Milo ဘူးများနှင့် မုန့်ထုပ်များ လှူဒါန်းခဲ့ပြီး ကျန်အသင်းအဖွဲ့များမှလည်း ရေသန့်၊ အချိုရည်ဘူးများ၊ မုန့်များဝေငှသည့်အပြင် ပန်းဝင်နေရာတွင်လည်း Towel၊ ကောက်ညင်းပေါင်း+အကြော်နှင့် အလှူငွေများ ထောက်ပံ့ခဲ့ကြပါသည်။

တောင်သာမြို့နယ်၊ ပဒါတ်စာကုန်းကျေးရွာ လှူဒါန်းမှု

တောင်သာမြို့နယ်၊ ပဒါတ်စာကုန်းကျေးရွာ လှူဒါန်းမှု

(၁၂.၁၀.၂၀၁၈)နေ့တွင် တောင်သာမြို့နယ်၊ ပုဒါတ်စာကုန်းကျေးရွာမှ MWCDF အဖွဲ့ဝင်များသည် MWCDF(ရုံးချုပ်)မှ လှူဒါန်းခဲ့သော အသင်းတီရှပ်များ၊ လုံချည်များ၊ ပေါင်မုန့်များအား ကျေးရွာအတွင်းရှိ အဖိုးအဖွားများ၊ ကိုယ်ဝန်ဆောင်မိခင်များအား ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ကျေးရွာအစိုးရမူလွန်ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ သွားရောက်ပြီး ကျောင်းတွင်ပညာသင်ကြားနေသော ကျောင်းသား/သူများအား ဗလာစာအုပ် နှင့် မုန့်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။

MWCDF (လားရှိုး)အဖွဲ့ဝင်များမှ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

MWCDF (လားရှိုး)အဖွဲ့ဝင်များမှ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

(၁၃.၁၀.၂၀၁၈)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများမှ ကိုရင်အပါး (၇၀၀) ကျော်ကို (၄ရက် စုရပ် ကျောင်း ၄ ကျောင်း )အား ဒု-ပြည်နယ်ကျန်းမာနှင့်ကုသရေးဌာနတို့ မှ အရေပြား ကျန်းမာရေးစစ်ဆေးခြင်း၊ ကျန်းမာရေးပညာပေးခြင်းနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ လှူဒါန်းထောက်ပံ့ခြင်း ဆောင်ရွက်ရာတွင် လားရှိုးမြို့မှ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ MMCWA, MWAF & MWCDF များမှ ပါဝင်လှူဒါန်းကူညီဆောင်ရွက်ကြရာ ရှမ်း/မြောက် MWCDF လားရှိုးအဖွဲ့ဝင်များမှ အရှေ့ခါးရိုးကျောင်းတွင် ကိုရင်(၂၈၁)ပါးအား တစ်ကိုယ်ရည်သန့်ရှင်းရေးအကြောင်း ပညာပေးဟောပြောပြီး Dattol ဆပ်ပြာများ –

မကွေးတိုင်း၊ စလင်းမြို့၊ ရွှေလဝင်းသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

မကွေးတိုင်း၊ စလင်းမြို့၊ ရွှေလဝင်းသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၁.၁၀.၂၀၁၈)နေ့တွင် အသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာနန္ဒာမွှန်းနှင့်အဖွဲ့ဝင်(၆)ဦးသည် မကွေးတိုင်း၊ စလင်းမြို့၊ ရွှေလဝင်းသီလရှင်စာသင်တိုက်သို့ သွားရောက်၍ သီလရှင်(၂၅)ပါးအတွက် ဆန်(၁)အိတ်၊ စာအုပ်(၄)ဒါဇင်၊ ဘောပင်များ စုစုပေါင်းတန်ဘိုး-(၄၀,၀၀၀)ကျပ်ဘိုး ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက်် အသင်း CEC နှင့် အဖွဲ့ဝင်များသည် ဗောဓိရိပ်သာ သီလရှင်စာသင်တိုက်သို့ သွားရောက်၍ သီလရှင်(၁၀)ပါး၊ သင်တန်းသူ(၆၀)ဦးအတွက် ဆန်(၃)အိတ်၊ စာအုပ်(၅)ဒါဇင်နှင့် ဘောပင်များ စုစုပေါင်းတန်ဘိုး (၁၂၀,၀၀၀)ကျပ်ဘိုး လှူဒါန်းခဲ့ကြပါသည်။

MWCDF (လားရှိုး)အဖွဲ့ဝင်များမှ မိတ်ဖက်အဖွဲ့အစည်းများမှ ဖိတ်ကြားသော အခမ်းအနားသို့တက်ရောက်ခြင်း

MWCDF (လားရှိုး)အဖွဲ့ဝင်များမှ မိတ်ဖက်အဖွဲ့အစည်းများမှ ဖိတ်ကြားသော အခမ်းအနားသို့တက်ရောက်ခြင်း

(၁၁.၁၀.၂၀၁၈)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့မှ MWCDF အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ “စတုတ္ထအကြိမ်မြောက်နှစ်ပတ်လည် အသင်းသားစုံညီ အခမ်းအနား”သို့ တက်ရောက်ခဲ့ကြပါသည်။

တောင်သာမြို့နယ်၊ မဟာမြိုင်ကျေးရွာ MWCDF အဖွဲ့ဝင်များမှ လှုပ်ရှားဆောင်ရွက်မှု

တောင်သာမြို့နယ်၊ မဟာမြိုင်ကျေးရွာ MWCDF အဖွဲ့ဝင်များမှ လှုပ်ရှားဆောင်ရွက်မှု

(၉.၁၀.၂၀၁၈)ရက်နေ့တွင် တောင်သာမြို့နယ်၊ မဟာမြိုင်ကျေးရွာမှ MWCDF အဖွဲ့ဝင်များသည် ကျေးရွာဘုရားတန်ဆောင်းအတွင်းတွင် MWCDF (ရုံးချုပ်)မှ လှူဒါန်းခဲ့သော အသင်းတီရှပ်များ၊ လုံချည်များ၊ ကျောင်းဝတ်စုံများ၊ ဗလာစာအုပ်များနှင့် ပေါင်မုန့်များအား ကျေးရွာတွင်းရှိ အဖိုးအဖွားများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကျောင်းသား/သူများအား ပေးအပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် ဘုရားတန်ဆောင်းအတွင်း ကြွရောက်ကြသည့် ဥပုသ်သည်များနှင့် ကျောင်းသား/သူများအား အလှူရှင် ဦးသောင်းအေး+ဒေါ်ပြုံး(မိသားစု)မှ မုန့်ဟင်းခါးအာဟာရနှင့် မဟာမြိုင် MWCDF အသင်းအဖွဲ့မှ လက်ဖက်သုပ် နှင့် ဝေယျာဝစ္စကုသိုလ်များ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။