Myanmar

မအူလေးပင် အ.လ.က ကျောင်းတွင် သာကူကျိုတိုက်ကျွေးခြင်း

မအူလေးပင် အ.လ.က ကျောင်းတွင် သာကူကျိုတိုက်ကျွေးခြင်း

(၆.၁၀.၂၀၁၈)နေ့တွင် မအူလေးပင်ကျေးရွာ MWCDF အဖွဲ့ဝင်များသည် မင်းကုန်းအုပ်စု၊ မအူလေးပင်ကျေးရွာ အလယ်တန်းကျောင်းသို့ သွားရောက်၍ အလှူရှင် ဦးဇေယျာအောင်+ ဒေါ်သူဇာဝေ(မိသားစု)မှ လှူဒါန်းပေးခဲ့သော အလှူငွေဖြင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၃၈၂)ဦးအား အာဟာရအဖြစ် သာကူကျိုတိုက်ကျွေးခဲ့ကြပါသည်။

မကွေးတိုင်း MWCDF အဖွဲ့ဝင်များမှ မိတ်ဖက်အဖွဲ့အစည်းများမှ ဖိတ်ကြားသော အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခြင်း

မကွေးတိုင်း MWCDF အဖွဲ့ဝင်များမှ မိတ်ဖက်အဖွဲ့အစည်းများမှ ဖိတ်ကြားသော အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခြင်း

(၃.၁၀.၂၀၁၈)နေ့တွင် မကွေးတိုင်း MWCDF အဖွဲ့ဝင်များသည် မကွေးမြို့၊ ထိန်ထိန်သာဟိုတယ်တွင် မသန်စွမ်းသူများ ရှေ့ဆောင်အသင်း(ရန်ကုန်ရုံးချုပ်)နှင့် မကွေးရုံးခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ” မသန်စွမ်းသူများ လူမှုအသိုက်အဝန်းအတွင်း အကျုံးဝင်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ” သို့ တက်ရောက်ပါဝင်ဆွေးခဲ့ပါသည်။

တောင်သာမြို့နယ်၊ ဇေယျသုခ(အရှေ့)ကျေးရွာ MWCDF အဖွဲ့ဝင်များမှ လှုပ်ရှားဆောင်ရွက်မှု

တောင်သာမြို့နယ်၊ ဇေယျသုခ(အရှေ့)ကျေးရွာ MWCDF အဖွဲ့ဝင်များမှ လှုပ်ရှားဆောင်ရွက်မှု

(၅.၁၀.၂၀၁၈)နေ့တွင် တောင်သာမြို့နယ်၊ ဇေယျသုခ(အရှေ့)ကျေးရွာမှ MWCDF အဖွဲ့ဝင်များသည် MWCDF(ရုံးချုပ်)မှှ လှူဒါန်းခဲ့သော အသင်းတီရှပ်များ၊ လုံချည်များ၊ ဗလာစာအုပ်များ၊ ပေါင်မုန့်များအား ကျေးရွာ အတွင်းရှိ အဖိုး/အဖွားများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကျောင်းသူ/သားများထံ သွားရောက်၍ ပေးအပ်လှူဒါန်း ခဲ့ပါသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပလစ်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပလစ်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

(၃.၁၀.၂၀၁၈)နေ့တွင် မွန်ပြည်နယ် MWCDF အဖွဲ့ဝင်များသည် ရေးမြို့နယ်၊ ပလစ်ကျေးရွာ၊ မူလတန်းကျောင်းသို့သွားရောက်၍ ကျောင်းဆောင်ပြုပြင်ရန်နှင့် ကျောင်းမိုးဒဏ်လေဒဏ်ခံနိုင်ရန်အတွက် အလှူငွေ(၃)သိန်းကျပ်လှူဒါန်း၍ ကျောင်းသား/သူ(၃၅)ဦးအား အာဟာရပဲနို့နှင့် မုန့်များကျွေးမွေးခဲ့ပါသည်။ ထို့နောက် ကျေးရွာရှိ နာတာရှည်ဝေဒနာခံစားနေရသူများနှင့် စောင့်ရှောက်ထောက်ပံ့မှုပေးရန် လိုအပ်သော မိသားစု(၄)စုအား ဆီ၊ ငါးသေတ္တာ၊ ကွေကာအုပ်များ ထောက်ပ့ံလှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ရေးမြို့တွင် ရွှေ့ပြောင်းအလုပ်သမားများနေထိုင်ရာသို့သွားရောက်၍ ရွှေ့ပြောင်းအလုပ်သမားများ၏ သား/သမီးများ ကျောင်းတက်နိုင်ရေးအတွက် မိဘများထံ ထောက်ပံ့ငွေများ လှူဒါန်းခဲ့ပြီး မြို့နယ်တွင် ဖွင့်လှစ်ထားသော အေရိုဗစ်သင်တန်းနှင့် ပန်းပွားသင်တန်းတို့အား သွားရောက်တွေ့ဆုံအားပေးကာ ဓာတ်ဆားရေ နှင့် အာဟာရများ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်ဖျားကျေးရွာနှင့် ဆပ်ပြာကျင်းကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်ဖျားကျေးရွာနှင့် ဆပ်ပြာကျင်းကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

(၃.၁၀.၁၈)နေ့တွင် စစ်ကိုင်းတိုင်း MWCDFအဖွဲ့ဝင်များသည် မြင်းမူမြို့နယ်၊ ကန်ဖျားကျေးရွာနှင့် ဆပ်ပြာကျင်း ကျေးရွာသို့ သွားရောက်၍ ပညာသင်ကြားရန် အခက်အခဲရှိသော ကျောင်းသား/သူလေးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်း၊ ကူညီစောင့်ရှောက်မှုပေးရန် လိုအပ်သော မိသားစုများ၊ အဖိုး/အဖွားများအား ဆေးဝါးဓာတ်စာနှင့် ရွှေဝါဆပ်ပြာ၊ အချိုရည်ဘူးများ၊ ခေါက်ဆွဲခြောက် များပေးအပ်လှူဒါန်းခဲ့ပြီး ကိုယ်လက်အင်္ဂါချို့ယွင်း၍ မသန်စွမ်းသော အမျိုးသမီးငယ်အား ကူညီထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့ပါသည်။

မအူလေးပင်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

မအူလေးပင်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

(၂.၁၀.၂၀၁၈)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF) မှ ဒုဥက္ကဋ္ဌများ၊ CEC များနှင့် အလှူရှင် ဧည့်သည်တော်များသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မအူလေးပင်ကျေးရွာသို့ သွားရောက်၍ ကျေးရွာပညာ့မဏ္ဍိုင်စာကြည့်တိုက်တွင် ကျေးရွာဥက္ကဋ္ဌ၊ တံတားကော်မတီဝင်များ၊ အသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြပါသည်။ အသင်းမှ ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် ကျေးရွာသို့ ကွင်းဆင်းကြည့်ရှုရာတွင် မအူလေးပင်ကျေးရွာတံတားသည် ချောင်းရေတိုက်စားမှုဒဏ်ခံရမှုကြောင့် ပျက်စီးနေသည်ကို တွေ့ရှိရသည့်အတွက် တံတားပြန်လည်ပြုပြင်ဆောက်လုပ်နိုင်ရန် အလှူရှင် ဦးအောင်ဇော်မြင့်+ဒေါက်တာမြတ်မြတ်အုန်းခင် အဂ္ဂမဟာသိရီသုဓမ္မ သိင်္ဂီသိရိပျံချီနှင့် သား၊ သမီး မြေးတစ်စုမှ အလှူငွေ-(၅၅၀,၀၀၀)ကျပ်နှင့်၊ အလှူရှင် ဦးရဲထွဋ်+ဒေါ်ခင်စန္ဒာထွန်း(မိသားစု)မွေးနေ့အလှူအတွက်