Myanmar

MWCDF (လားရှိုး)အဖွဲ့ဝင်များမှ (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ခြင်း

MWCDF (လားရှိုး)အဖွဲ့ဝင်များမှ (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ခြင်း

(၁.၁၀.၂၀၁၈)နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း(လားရှိုးမြို့)မှ MWCDF အဖွဲ့ဝင်များသည် လားရှိုးမြို့၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သော “(၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ နှစ်ပတ်လည်နေ့” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အကြိုဂုဏ်ပြုပွဲအခမ်းအနားတက်ရောက်ခြင်း

၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အကြိုဂုဏ်ပြုပွဲအခမ်းအနားတက်ရောက်ခြင်း

(၂၈.၉.၂၀၁၈)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ကျင်းပပြုလုပ်သော “၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အကြိုဂုဏ်ပြုပွဲအခမ်းအနား” သို့ MWCDF အသင်းမှ တွဲဘက်အတွင်းရေးမှူးနှင့်စာရင်းစစ် တက်ရောက်ခဲ့ပါသည်။

မသန်စွမ်းသူများ အကျုံးဝင် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်သို့ တက်ရောက်ခြင်း

မသန်စွမ်းသူများ အကျုံးဝင် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်သို့ တက်ရောက်ခြင်း

(၂၆.၉.၂၀၁၈)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နေပြည်တော်၊ Kempinski Hotel တွင်ကျင်းပပြုလုပ်သော “မသန်စွမ်းသူများအကျုံးဝင် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်” သို့ MWCDF အသင်းမှ ဒုဥက္ကဋ္ဌနှင့်အတွင်းရေးမှူး တက်ရောက်ခဲ့ပါသည်။

သံလျင်မြို့နယ်၊ ခေမာရာမသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

သံလျင်မြို့နယ်၊ ခေမာရာမသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁၉.၉.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဋ္ဌ၊ CEC များနှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာ(၁)ရပ်ကွက်အတွင်းရှိ ခေမာရာမသီလရှင်စာသင်တိုက်နှင့် (ပရဟိတ)သီလရှင်သင်ပညာရေးကျောင်းသို့ သွားရောက်၍ ပဓာနနာယကဆရာကြီး ဒေါ်စန္ဒာ (မဟာသဒ္ဓမ္မဇောတိကဓဇ)နှင့်တွေ့ဆုံကာ အသင်း CEC များမှ စုပေါင်း၍ ဆွမ်းပဒေ သာပင်နှင့် အထွေထွေအသုံးစရိတ်အတွက် အလှူငွေ-(၁,၃၅၀,၀၀၀)ကျပ်၊ အလှူရှင်များမှ အလှူငွေ-(၄၅၃,၀၀၀)ကျပ်၊ အလှူပစ္စည်း ဆန်၊ ဆီ၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ မုန့်များ၊ သီလရှင်ဝတ်စုံများနှင့် စာရေးကိရိယာများ သွားရောက်လှူဒါန်းပြီး သီလရှင်ကလေးများအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

တောင်ငူမြို့၊ ဇေယျာသီရိသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်းနှင့် တောင်ငူခရိုင်ရေးဘေးသင့်ကျေးရွာများအတွက် အလှူငွေလှူဒါန်းပေးခြင်း

တောင်ငူမြို့၊ ဇေယျာသီရိသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်းနှင့် တောင်ငူခရိုင်ရေးဘေးသင့်ကျေးရွာများအတွက် အလှူငွေလှူဒါန်းပေးခြင်း

(၁၉.၉.၂၀၁၈)နေ့တွင် MWCDF အသင်းမှ တွဲဘက်အတွင်းရေးမှူး၊ CEC များနှင့်အဖွဲ့ဝင်တို့သည် တောင်ငူမြို့၊ ဇေယျာသီရိသီလရှင်စာသင်တိုက်ရှိ မိဘမဲ့အမျိုးသမီးကလေးများ ဖွံ့ဖြိုးရေးပရဟိတဂေဟာ သို့ သွားရောက်၍ ဆရာလေးဘဒ္ဒခေရီနှင့်တွေ့ဆုံကာ မိဘမဲ့ကျောင်းတွင်ရှိသော ကျောင်းသူ(၉၀)ဦးအတွက် အသင်းမှ အလှူငွေ-(၁၀၀,၀၀၀)ကျပ်၊ ဆီ၊ ဗလာစာအုပ်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ ဆပ်ပြာအမွှေးခဲများနှင့် အလှူရှင် CEC များမှ အလှူငွေ(၇၀,၀၀၀)ကျပ်၊ ကျောင်းဝတ်စုံများနှင့် ဆပ်ပြာမှုန့်ထုပ်များအား ဆရာလေး ထံလှူဒါန်းခဲ့ပါသည်။ ထိုနောက် အသင်းမှ တွဲဘက်အတွင်းရေးမှူးနှင့် CEC များသည် တောင်ငူမြို့၊ ခရိုင် အုပ်ချုပ်ရေးရုံးသို့

ရွှေကြာပျိုးခင်း(ဘ.က)ကျောင်းသို့လှူဒါန်းခြင်း

ရွှေကြာပျိုးခင်း(ဘ.က)ကျောင်းသို့လှူဒါန်းခြင်း

(၁၈.၉.၂၀၁၈)နေ့တွင် MWCDF အသင်းမှ တွဲဘက်အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များသည် ဇေယျာသီရိမြို့နယ်၊ ရွှေကြာပျိုးခင်း အမှတ်(၁) ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းသို့ သွား ရောက်၍ ကျောင်းထိုင်ဆရာတော်နှင့် သံဃာတော်များအား တွေ့ဆုံကာ အသင်းမှ အလှူငွေ(၅၀,၀၀၀)ကျပ်၊ ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ အတွက် စာရေးကိရိယာများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် အလှူရှင် CEC များမှ အလှူငွေ (၅၀,၀၀၀)ကျပ်၊ ဆပ်ပြာမှုန့်ထုပ်များအား ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။