Myanmar

ကချင်ပြည်နယ် MWCDF အဖွဲ့ဝင်များမှ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်ရှိ ကျောင်းထိုင် ဆရာတော်အား ဝတ္ထုငွေနှင့်လှူဘွယ်ပစ္စည်းများ သွားရောက်လှူဒါန်းခြင်း

ကချင်ပြည်နယ် MWCDF အဖွဲ့ဝင်များမှ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်ရှိ ကျောင်းထိုင် ဆရာတော်အား ဝတ္ထုငွေနှင့်လှူဘွယ်ပစ္စည်းများ သွားရောက်လှူဒါန်းခြင်း

(၁၈.၉.၂၀၁၈)နေ့တွင် ကချင်ပြည်နယ် MWCDF အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာရှိ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ဦးနန္ဒော ဘာသအား ဝတ္ထုငွေ-(၂၀,၀၀၀)ကျပ်၊ ဆန်၊ ဆီ၊ ဆပ်ပြာ၊ ကော်ဖီ၊ အချိုရည်နှင့် ငါးသေတ္တာဘူးများ စုစုပေါင်း (၁၀၇,၅၀၀)ကျပ်ဖိုး လှူဒါန်းခဲ့ပါသည်။

ကျေးလက်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆိုလာမီးလင်းရေး

ကျေးလက်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆိုလာမီးလင်းရေး

(၁၆.၉.၂၀၁၈)နေ့တွင် MWCDF အသင်းမှ CEC များသည် အိန္ဒိယနိုင်ငံ Barefoot College မှ Solar Engineer သင်တန်း၊ သင်တန်းကာလ(၆)လ တက်ရောက်၍ ပြန်လည်ရောက်ရှိလာသော ကရင် ပြည်နယ်၊ လိပ်သိုမြို့၊ မိုင်းလွန်(ထက်၊ လယ်၊ အောက်)ကျေးရွာမှ အမျိုးသမီးကြီး (၁၀)ဦးအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုခဲ့ပြီး မိမိတို့နေရပ်ပြန်နိုင်ရေးအား စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

စစ်ကိုင်းတိုင်း MWCDF အဖွဲ့ဝင်များမှ ကူညီထောက်ပံ့ပေးရန် လိုအပ်လျက်ရှိသော အိမ်ထောင်စုများအား သွားရောက်လှူဒါန်းခြင်း၊ ကျေးရွာသူ/သားများအတွက် ဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းနှင့် ဖန်စီအိတ်ထိုးနည်းသင်တန်း ဖွင့်လှစ်ပေးခြင်း

(၁၄.၉.၂၀၁၈)နေ့တွင် စစ်ကိုင်းတိုင်း MWCDF အဖွဲ့ဝင်များသည် မြင်းမူမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာရှိ ထောက်ပံ့မှုပေးရန် လိုအပ်သော မိသားစုများ၊ အဖိုးအဖွားများအား အဝတ်အထည်နှင့် ပလတ်စတစ်ခြင်းများ -(၂၀,၀၀၀)ကျပ်ဖိုး ပေးအပ်လှူဒါန်းခဲ့ပါသည်။ ၎င်းနောက် ဆပ်ပြာအဆီပြုလုပ်နည်းသင်တန်းအား သင်တန်းသူ(၃၀)ဦးဖြင့် ဖွင့်လှစ် သင်ကြားပေးခဲ့ရာ လိုအပ်သော ပစ္စည်းများ -(၃၀,၀၀၀)ကျပ်ဖိုး လှူဒါန်းခဲ့ပါသည်။ ဆပ်ပြာကျင်းကျေးရွာတွင် ဖန်စီအိတ်ထိုးနည်း သင်တန်းအားလည်း သင်တန်းသူ(၂၀) ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ရာ လိုအပ်သောပစ္စည်းများ (၆၀,၀၀၀)ကျပ်ဖိုး ပေးအပ်လှူဒါန်းခဲ့ပါသည်။

ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၉.၂၀၁၈)နေ့တွင် MWCDFအသင်းမှ CEC နှင့်အဖွဲ့ဝင်တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွား မီးယပ်အထူးကုဆေးရုံကြီးသို့သွားရောက်၍ အသင်းတည်ထောင်ခဲ့သည့် (၁၄.၅.၂၀၁၃)ရက် အထိမ်းအမှတ်အနေဖြင့် စက်တင်ဘာလ(၁၄)ရက်နေ့တွင် သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်းတို့ဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။ ထို့နောက် ဆေးရုံ၌ ကူညီထောက်ပံ့ရန် လိုအပ်နေသော ဥတ္တရသီရိမြို့နယ်၊ ပိုးစာတောရွာမှ ကလေးမီးဖွားမိခင် ဒေါ်လှဌေးဦးသည် ကိုယ်ဝန်စလွယ်နေချိန်မှစ၍ ယခုကလေး မွေးဖွားပြီးချိန်ထိ အောက်ပိုင်းမလှုပ်ရှားနိုင်သည်ကို တွေ့ရှိရသည့်အတွက် အသင်း CEC များမှ အလှူငွေ-(၅၀,၀၀၀)ကျပ်နှင့် ကွေကာ၊ ဘီစကစ်မုန့်၊ မျက်နှာသုတ်ပုဝါ၊ အနွေးထည်၊

စစ်ကိုင်းတိုင်း MWCDF အဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်မှုပေးရန် လိုအပ်လျက်ရှိသော သက်ကြီးရွယ်အိုအား သွားရောက်လှူဒါန်းခြင်း။

စစ်ကိုင်းတိုင်း MWCDF အဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်မှုပေးရန် လိုအပ်လျက်ရှိသော သက်ကြီးရွယ်အိုအား သွားရောက်လှူဒါန်းခြင်း။

(၁၃.၉.၂၀၁၈)နေ့တွင် စစ်ကိုင်းတိုင်း MWCDF အဖွဲ့ဝင်များသည် မြင်းမူမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာနေ အသက် (၇၈)နှစ်ရှိ အဖိုးဦးသောင်းခင်အား မျက်စိအခမဲ့ ခွဲစိတ်ကုသပေးခဲ့ပြီး ထောက်ပံ့ငွေ – (၃၀,၀၀၀)ကျပ်အား ပေးအပ်လှူဒါန်းခဲ့ပါသည်။

MWCDF (လားရှိုး)အဖွဲ့ဝင်များသည် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး အခမ်းအနားသို့ တက်ရောက်ခြင်း

MWCDF (လားရှိုး)အဖွဲ့ဝင်များသည် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး အခမ်းအနားသို့ တက်ရောက်ခြင်း

(၁၃.၉.၂၀၁၈)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ MWCDF အဖွဲ့ဝင်များသည် လားရှိုးမြို့တွင်ကျင်းပပြုလုပ်သော “မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့” အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး လူမှောင်ခို ကုန်ကူးမှုတိုက်ဖျက်ရေး လှုပ်ရှားမှုအတွက် လူကုန်ကူးမှုတားဆီးရေး ဥက္ကဋ္ဌထံ အလှူငွေ- (၂၀၀,၀၀၀)ကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။