Myanmar

ပဲခူးတိုင်း MWCDF အဖွဲ့ဝင်များမှ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်း

ပဲခူးတိုင်း MWCDF အဖွဲ့ဝင်များမှ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်း

(၁၂.၉.၂၀၁၈)နေ့တွင် MWCDF အသင်း(ပဲခူးတိုင်းဒေသကြီး)မှ ဦးဆောင်၍ ပဲခူးမြို့ရှိ SUCCESS ကိုယ်ပိုင် အထက်တန်းကျောင်းတွင် “မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ SUCCESS ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးဦးအေး လွင် မှ အဖွင့်အမှာစကားပြောကြားပြီး MWCDFအသင်း(ပဲခူးတိုင်းဒေသကြီး)အသင်း ဒုတိယဥက္ကဋ္ဌ စာရေးဆရာမဝတ်ရည်ခင်မှ “လူကုန်ကူးမှုပပျောက်ရေး ပြည်သူအားလုံး ပါဝင်ပေး” ဆိုသည့် ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက် MWCDFအသင်း (ပဲခူးတိုင်းဒေသကြီး)အသင်းမှ တာဝန်ရှိသူများက ကျောင်းသား/သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ မေးခွန်းများမေးမြန်းပြီး ဆုရရှိသူ များအား ဂုဏ်ပြုအမှတ်တရဆုများ ပေးအပ်ခဲ့ပါသည်။

MMCWA အသင်းမှဖိတ်ကြားသော ဆယ်အိမ်စုမှူးနည်းပြသင်တန်း(ဗဟိုအဆင့်) ဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်း

MMCWA အသင်းမှဖိတ်ကြားသော ဆယ်အိမ်စုမှူးနည်းပြသင်တန်း(ဗဟိုအဆင့်) ဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်း

(၁၁.၉.၂၀၁၈)နေ့တွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(MMCWA)မှ ကြီးမှူးကျင်းပမည့် “ဆယ်အိမ်စုမှူးနည်းပြသင်တန်း(ဗဟိုအဆင့်) ဖွင့်ပွဲအခမ်းအနား” သို့ MWCDF အသင်းမှ အဖွဲ့ဝင်များ တက်ရောက်ရောက်ခဲ့ပါသည်။

ပဲခူးတိုင်း MWCDF အဖွဲ့ဝင်များမှ လူကုန်ကူးခံရမှုနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခြင်း

ပဲခူးတိုင်း MWCDF အဖွဲ့ဝင်များမှ လူကုန်ကူးခံရမှုနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခြင်း

(၁၁.၉.၂၀၁၈)နေ့တွင် ပဲခူးတိုင်း MWCDF အဖွဲ့ဝင်များသည် Best Choice ကိုယ်ပိုင်အထက်တန်း ကျောင်းသို့ သွားရောက်၍ ပဲခူးတိုင်း MWCDF အသင်းဒုဥက္ကဋ္ဌမှ လူကုန်ကူးခံရမှုနှင့် ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ပြည်သူများ၊ မိဘများမှ လူကုန်ကူးမှု ပပျောက်ရေး အတွက် ပူးပေါင်းပါဝင်ပေးကြပါရန် ပြောကြားခဲ့ပါသည်။ ထို့နောက် လူကုန်ကူးမှုပပျောက် ရေး စာစီစာကုံးဆုရ ကျောင်းသူများအား ကျောင်းတည်ထောင်သူ/ကျောင်းအုပ်ဆရာ ကြီးတို့နှင့်အတူ ဆုများချီးမြှင့်ပေးခဲ့ပါသည်။

ကိုရီးယားနိုင်ငံမှ လှူဒါန်းထားသော ဆေးဝါးများအား ရန်ကုန်ကလေးဆေးရုံကြီးတွင် သွားရောက်လှူဒါန်းရန်ခြင်း

ကိုရီးယားနိုင်ငံမှ လှူဒါန်းထားသော ဆေးဝါးများအား ရန်ကုန်ကလေးဆေးရုံကြီးတွင် သွားရောက်လှူဒါန်းရန်ခြင်း

(၁၀.၉.၂၀၁၈)နေ့တွင် MWCDF အသင်းမှ CECများနှင့်အဖွဲ့ဝင်များသည် ရန်ကုန်ကလေးဆေးရုံကြီးသို့ သွား ရောက်၍ Atbendazole(400mg)သံချဆေး စုစုပေါင်း (၃၀၀)အား လှူဒါန်းခဲ့ပါသည်။

MWCDF (လားရှိုး)အဖွဲ့ဝင်များသည် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်းများ ဆောင်ရွက်ရန်ခြင်း

MWCDF (လားရှိုး)အဖွဲ့ဝင်များသည် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်းများ ဆောင်ရွက်ရန်ခြင်း

(၈.၉.၂၀၁၈)မှ(၉.၉.၂၀၁၈)နေ့အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ MWCDF အဖွဲ့ဝင်များသည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော MMA, MMCWA, MWAF, WON နှင့် ရင်ခွင်မဲ့အဖွဲ့မှ ပူးပေါင်းပါဝင်၍ ရှမ်းပြည်နယ် အမျိုးသမီးကော်မတီနှင့် ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းကာ သားအိမ်ခေါင်း ကင်ဆာအကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်းကို လားရှိုးမြို့၊ MMCWA အသင်း၊ သားဖွားခန်းတွင် အမျိုးသမီးပေါင်း (၅၆၇)ဦးအား အခမဲ့ စမ်းသပ်ကုသ ပေးနိုင်ခဲ့ပါသည်။

မကွေးတိုင်း MWCDF အဖွဲ့ဝင်များမှ ပေတောကုန်း မိဘမဲ့ ပလောင်-ဗမာတိုင်းရင်းသားကလေးများ စောင့်ရှောက်ရေးကျောင်း အတွက် လိုအပ်သည်များအား သွားရောက်လှူဒါန်းခြင်း

မကွေးတိုင်း MWCDF အဖွဲ့ဝင်များမှ ပေတောကုန်း မိဘမဲ့ ပလောင်-ဗမာတိုင်းရင်းသားကလေးများ စောင့်ရှောက်ရေးကျောင်း အတွက် လိုအပ်သည်များအား သွားရောက်လှူဒါန်းခြင်း

(၈.၉.၂၀၁၈)နေ့တွင် မကွေးတိုင်း MWCDF အဖွဲ့ဝင်(၁၉)ဦးသည် ပွင့်ဖြူမြို့နယ်၊ ပေတောကျောင်းကုန်း မိဘမဲ့ ကျောင်းတွင်ရှိသော စစ်ဘေးရှောင်ဒေသများမှ ပလောင် – ဗမာတိုင်းရင်းသားကလေးများ စောင့်ရှောက်ရေးကျောင်းသို့ ရောက်ရှိပြီး ကိုရင်(၄၀)ပါး၊ သီလရှင်(၄၀)ပါး၊ ကျောင်းသား/ သူ(၂၅)ဦး စုစုပေါင်း-(၁၁၅)ဦးအတွက် ကျောင်းထိုင်ဆရာတော်ထံ အလှူငွေ-(၁၀၀,၀၀၀) ကျပ်၊ ဆန်(၅)အိတ်၊ ဆီ(၁၀)ပိသာ၊ ကြက်သွန်(၁၀)ပိသာ၊ ကုလားပဲ(၄)ပြည်နှင့် မုန့်မျိုးစုံအား သွားရောက်လှူဒါန်းခဲ့ပါသည်။