Myanmar

MWCDF (လားရှိုး)အဖွဲ့ဝင်များမှ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်းအတွက် အသိပညာပေး ဟောပြောဆွေးနွေးခြင်း

MWCDF (လားရှိုး)အဖွဲ့ဝင်များမှ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်းအတွက် အသိပညာပေး ဟောပြောဆွေးနွေးခြင်း

(၆.၉.၂၀၁၈)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ MWCDF အဖွဲ့ဝင်များသည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော MMA, MMCWA, MWAF, WON နှင့် ရင်ခွင်မဲ့အဖွဲ့မှ ပူးပေါင်းပါဝင်၍ ရှမ်းပြည်နယ် အမျိုးသမီးကော်မတီနှင့် ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော သားအိမ်ခေါင်းကင်ဆာ စောစီးစွာရှာဖွေ ကုသရေးအတွက် လားရှိုးမြို့ ရပ်ကွက်များ အတွင်းရှိ ပြည်သူများထံသို့ ကွင်းဆင်းပြီး ပညာပေးဟောပြော စာရင်းကောက်ယူခြင်းအစီအစဉ် ဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင် ရပ်ကွက်(၉)၊ (၁၀)၊ (၁၁)မှ အမျိုးသမီးပေါင်း(၂၂၂)ဦးအား ရပ်ကွက်(၉)ဓမ္မာရုံတွင် MWCDF အသင်း (ရှမ်းပြည်နယ်မြောက်ပိုင်း)ဥက္ကဋ္ဌ ဒေါက်တာနန်းကိန်ဖောင်းတစ် မှ

MWCDF (လားရှိုး)အဖွဲ့ဝင်များမှ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ရန်ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း

MWCDF (လားရှိုး)အဖွဲ့ဝင်များမှ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ရန်ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း

(၅.၉.၂၀၁၈)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ MWCDF အဖွဲ့ဝင်များသည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော MMA, MMCWA, MWAF, WON နှင့် ရင်ခွင်မဲ့အဖွဲ့မှ ပူးပေါင်းပါဝင်၍ ရှမ်းပြည်နယ် အမျိုးသမီးကော်မတီနှင့် ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်ရေး လှုပ်ရှားမှု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

ချင်းရွာ၊ အ.မ.က(၃)ကျောင်းအတွက် ကျောင်းဝတ်စုံနှင့်စာရေးကိရိယာများ လှူဒါန်းခြင်း

ချင်းရွာ၊ အ.မ.က(၃)ကျောင်းအတွက် ကျောင်းဝတ်စုံနှင့်စာရေးကိရိယာများ လှူဒါန်းခြင်း

(၄.၉.၂၀၁၈)နေ့တွင် နေပြည်တော်၊ MWCDF(ရုံးချုပ်)၌ အသင်းဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် CECများသည် ဥတ္တရသီရိမြို့နယ်၊ ချင်းရွာ အ.မ.က(၃) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမများ၊ ကျောင်းသား/သူများနှင့် တွေ့ဆုံခဲ့ကြပါသည်။ ထို့နောက် အသင်းဒုဥက္ကဋ္ဌနှင့် CECများမှ ဆရာ/ဆရာမ(၇)ဦးအတွက် ဘုရားဆင်းတုတော်များ၊ ထီးများနှင့် ကျောင်းတွင် KG တန်းမှ စတုတ္ထတန်းထိ ပညာသင်ကြားနေသော ကျောင်းသား/သူ(၁၅၅)ဦးအတွက် ကျောင်းဝတ်စုံ၊ ခဲတံ၊ ခဲဖျက်၊ ပေတံ၊ ကိတ်မုန့်များ၊ ပဲနို့များ စုစုပေါင်း(၄၉၄,၈၅၀)ကျပ်အား ပေးအပ်လှူဒါန်းခဲ့ပါသည်။

MMCWA အသင်းမှဖိတ်ကြားသော အခမ်းအနားသို့ တက်ရောက်ခြင်း

MMCWA အသင်းမှဖိတ်ကြားသော အခမ်းအနားသို့ တက်ရောက်ခြင်း

(၃.၉.၂၀၁၈)နေ့တွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(MMCWA)မှ ကြီးမှူးကျင်းပမည့် “ပလပ်စတစ်ကြိုးပြားဖြင့် ပြုလုပ်သော အိတ်ထိုးလက်မှုပညာသင်တန်း” ဖွင့်ပွဲအခမ်းအနား သို့ MWCDF အသင်းမှ ဒုဥက္ကဋ္ဌနှင့်အတွင်းရေးမှူး တက်ရောက်ခဲ့ပါသည်။

အေးမေတ္တာစံ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အေးမေတ္တာစံ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၃၀.၈.၂၀၁၈)နေ့တွင် MWCDF အသင်းမှဥက္ကဋ္ဌ၊ CEC အဖွဲ့ဝင်များနှင့် MMCWAအသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ပုဗ္ဗသီရိမြို့နယ်၊ အေးမေတ္တာစံ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ထံ ဝတ္ထုငွေများ၊ သင်္ကန်း၊ ဘုရားဆင်းတုတော်များ၊ ဘုရားပုံတော်များ၊ မျက်နှာသုတ်ပုဝါများ၊ ကျောင်းတွင်နေထိုင်ပညာသင်ယူလျက်ရှိသော ကျောင်းသား/သူ(၄၃၂)ဦးအတွက် စာရေးကိရိယာများ၊ ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကုလားပဲ၊ ကြာဇံ၊ ဆား၊ ဆပ်ပြာမှုန့်များနှင့် ဆရာ/မများအတွက် ရှပ်အကျႌနှင့်ကျောင်းစိမ်းလုံချည်များ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုများအား ရေစက်ချတရားနာယူခဲ့ပါသည်။ ထို့နောက် KG တန်းမှ စတုတ္ထတန်းထိ ကိုရင်လေးများ၊ ကျောင်းသား/သူများလေးအား

သီရိမင်္ဂလာမြို့ဦးပေါက်ပင်ကူး သီလရှင်ပရဟိတကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

သီရိမင်္ဂလာမြို့ဦးပေါက်ပင်ကူး သီလရှင်ပရဟိတကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၈.၈.၂၀၁၈)နေ့တွင် စစ်ကိုင်းတိုင်း MWCDF အဖွဲ့ဝင်များသည် ယင်းမာပင်မြို့နယ်၊ သီရိမင်္ဂလာ မြို့ဦး ပေါက်ပင်ကူး သီလရှင်ပရဟိတကျောင်းသို့ သွားရောက်၍ ကျောင်းတွင် နေထိုင်ပညာသင်ကြားနေကြသော ကျောင်းသား/သူ(၃၂)ဦးအတွက် ကျောင်းဝတ်စုံများ၊ သီလရှင်ကျောင်းအတွက် ဆွမ်းတစ်နပ်စာ-(၁၀၀,၀၀၀) ကျပ်၊ နဝကမ္မအလှူငွေ-(၃၀,၀၀၀)ကျပ် စုစုပေါင်း(၂၀၀,၀၀၀) ကျပ်ဖိုး ပေးအပ်လှူဒါန်းခဲ့ပါသည်။