Myanmar

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၉.၉.၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်တင်စိန်၊ အတွင်းရေးမှူး ဒေါ်ခင်သီတာထွန်း၊ တွဲဘက်အတွင်းရေးမှူး ဒေါ်ခင်မိမိစိုးနှင့် အလုပ်အမှုဆောင် ၂ ဦးသည် ရန်ကုန်ပြည်သူ့ဆေးရုံ၊ ကျောက်ကပ်ဌာနတွင် ခွဲစိတ်ကုသမှုခံယူနေသော ရန်ကုန်အသင်းဒုဥက္ကဌ ဒေါ်မော်မော်ရှိန်၏ ခင်ပွန်းဖြစ်သူအား သွားရောက်ကြည့်ရှု၍ အားပေးစကားများပြောကြားခဲ့ပြီး အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

အသင်းသားအသစ်လက်ခံခြင်း

အသင်းသားအသစ်လက်ခံခြင်း

၉.၉.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်တင်စိန်၊ အတွင်းရေးမှူး ဒေါ်ခင်သီတာထွန်း၊ တွဲဘက်အတွင်းရေးမှူး ဒေါ်ခင်မိမိစိုးနှင့် အလုပ်အမှုဆောင် ၂ ဦးသည် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းပိုင် ရုံးခန်းသို့သွားရောက်၍ အစည်းအဝေးခန်းပြုလုပ်နိုင်ရန် ပြင်ဆင်ခဲ့ကြပါသည်။ ထို့နောက် အသင်းဝင်အသစ် ၂ ဦးအား တွေ့ဆုံ၍ အသင်းစည်းမျဉ်း/စည်းကမ်း၊ ညွှန်ကြားချက်များအား ဥက္ကဌ ဒေါ်တင်စိန်က ရှင်းလင်းပြောကြားခဲ့ပြီး အသင်းဝတ်စုံနှင့် ရင်ထိုးတံဆိပ်များ ပေးအပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတက်ရောက်ခြင်း

ဆွေးနွေးပွဲတက်ရောက်ခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကြူကြူအေးသည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ၈.၉.၂၀၂၅ ရက်နေ့မှ ၁၂.၉.၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် Child Protection Capacity Development : Strengthening Social Service Workforce, in Light of Disaster Risk Reduction and Climate Resilience (Phase 2) Training Program သင်တန်းသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၉.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်ဝတ်ရည် သည် ပဲခူးမြို့၊ မြို့တော်ခန်းမတွင်  “ဒစ်ဂျစ်တယ် ခေတ်ကိုလိုက်မီဖို့ စာတတ် မြောက်ရေးမြှင့်တင်စို့” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၉.၂၀၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ဒေါ်မော်မော်ထွန်း သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာခန်းမ၌ ကျင်းပပြုလုပ်သော  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

၅-၉-၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဆွေဆွေတင့် သည် ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်သော  အမျိုးသမီးကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။