Myanmar

သက်ကြီးရွယ်အိုများအား ထောက်ပံ့လှူဒါန်းခြင်းနှင့်ကျောင်းသား/သူများအတွက် ကျောင်းသုံးစာရေးကိရိယာ များလှူဒါန်းခြင်း

သက်ကြီးရွယ်အိုများအား ထောက်ပံ့လှူဒါန်းခြင်းနှင့်ကျောင်းသား/သူများအတွက် ကျောင်းသုံးစာရေးကိရိယာ များလှူဒါန်းခြင်း

(၁၁.၈.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဋ္ဌနှင့်CECအဖွဲ့ဝင်များသည် မိတ္ထီလာမြို့နယ်၊ အလည်ရွာ သို့သွားရောက်၍ သက်ကြီးရွယ်အိုများအတွက် အလှူငွေများ၊ ဘုရားဆင်းတုတော်များ၊ ကော်ဖီမစ်များ၊ မီးအိမ် များ၊ မျက်နှာသုတ်ပုဝါများ၊ ဆပ်ပြာမှုန့်များ စသည့်လှူဘွယ်ပစ္စည်းများနှင့် ပညာသင်ယူလျက်ရှိသော ကျောင်းသား/သူများအတွက် ကျောင်းသုံးစာရေးကိရိယာများ၊ ထီးများ စသည်တို့အား ပေးအပ်လှူဒါန်းခဲ့ ပါသည်။

၀ါခေါင်လပြည့်နေ့ မွန်ပြည်နယ် MWCDF အဖွဲ့ဝင်များမှ ကုသိုလ်ပြုလှူဒါန်းမှုများ

၀ါခေါင်လပြည့်နေ့ မွန်ပြည်နယ် MWCDF အဖွဲ့ဝင်များမှ ကုသိုလ်ပြုလှူဒါန်းမှုများ

(၂၆.၈.၂၀၁၈)နေ့တွင် မွန်ပြည်နယ် MWCDF အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ မဟာမြတ်မုနိဘုရားကြီး၌ ဘုရားဂုဏ်တော်ရွတ်ပွားပူဇော်မှုများ ပြုလုပ်ပြီး ဝတ်ရွတ်အဖွဲ့များအား ပေါင်မုန့်နှင့် ရေသန့်များ လှူဒါန်းခဲ့ပါသည်။

MWCDF(လားရှိုး)အဖွဲ့ဝင်များမှ ဗောဓိနှစ်ထောင်ဘုရားဝန်းအတွင်း သန်းရှင်းရေးများဆောင်ရွက်ခြင်း

MWCDF(လားရှိုး)အဖွဲ့ဝင်များမှ ဗောဓိနှစ်ထောင်ဘုရားဝန်းအတွင်း သန်းရှင်းရေးများဆောင်ရွက်ခြင်း

(၂၆.၈.၂၀၁၈)နေ့၊ နံနက်(၁ဝးဝ၀)နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၉)၊ ဗောဓိ နှစ်ထောင်ဘုရားကျောင်း၌ ကောင်းဆာပရဟိတအဖွဲ့နှင့် MWCDF လားရှိုးအဖွဲ့ဝင်များစုပေါင်းပြီး ဘုရားဝန်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပါသည်။

Monthly EC Meeting of MWCDF Lashio, Northern Shan State

Monthly EC Meeting of MWCDF Lashio, Northern Shan State

(၂၅.၈.၂၀၁၈)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF လားရှိုးအဖွဲ့ဝင်များမှ လစဉ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုး ဥက္ကဋ္ဌမှ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် MWCDFအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းခြင်း၊ ရှေ့ဆောင်ရွက်မည့်လုပ်ငန်းများကို EC အဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြပါသည်။

တောင်သာမြို့နယ်၊ ဇေယျသုခ(အရှေ့)ကျေးရွာရှိ အဖွဲ့ဝင်များမှ MWCDFအသင်းရုံးသို့လာရောက်တွေ့ဆုံ ဆွေးနွေးခြင်း

တောင်သာမြို့နယ်၊ ဇေယျသုခ(အရှေ့)ကျေးရွာရှိ အဖွဲ့ဝင်များမှ MWCDFအသင်းရုံးသို့လာရောက်တွေ့ဆုံ ဆွေးနွေးခြင်း

တောင်သာမြို့နယ်၊ ဇေယျသုခအရှေ့ကျေးရွာမှ MWCDFအသင်းအဖွဲ့ဝင်(၉)ဦးသည် (၂၃.၈.၂၀၁၈)နေ့တွင် MWCDF (ရုံးချုပ်)သို့ လာရောက်၍ ကျေးရွာရေရရှိမှု၊ ရေတင်စက် အခြေအနေများနှင့် အဖွဲ့ဝင်များမှ လုပ်ဆောင်ထားရှိမှုများအား ဒုဥက္ကဋ္ဌနှင့်CECများထံတင်ပြ၍ လိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ရာ ဒုဥက္ကဋ္ဌနှင့်CECများမှ ပြန်လည်ဆွေးနွေးခဲ့ပြီး ကျေးရွာအဖွဲ့ဝင်များအား အသင်းလုံချည်များ၊ လက်ဆောင်အိတ်၊ ကျောင်းသား/သူများအတွက် ဗလာစာအုပ်များပေးအပ်ခဲ့ပါသည်။

မန္တလေးတိုင်းအဖွဲ့ဝင်များမှ ရွှေဂူနီပရဟိတသင်တန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

မန္တလေးတိုင်းအဖွဲ့ဝင်များမှ ရွှေဂူနီပရဟိတသင်တန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၁.၈.၂၀၁၈)နေ့တွင် မန္တလေးတိုင်း MWCDF အဖွဲ့ဝင်များသည် မန္တလေးမြို့၊ ရန်ကင်းတောင်ခြေအနီးရှိ သာခိုတောင်တန်းတွင် ဖွင့်လှစ်ထားသော စစ်ဘေးရှောင်ရွှေဂူနီပရဟိတ သင်တန်ကျောင်းသို့ သွားရောက်၍ ကျောင်းတွင် နေထိုင်ပညာသင်ယူလျက်ရှိကြသော ကိုရင်/သီလရှင်များ စုစုပေါင်း(၈၀)ပါးအတွက် ဆန်(၄)အိတ်၊ ဆီ(၂၀)ပိသာ၊ ဗလာစာအုပ်(၅)ဒါဇင်၊ ဘောပင်(၁၀၀)ချောင်း၊ အချိုရည်(၂)ဖါ စုစုပေါင်း-(၁၈၁,၀၀၀)ကျပ်ဖိုးအား ကျောင်းထိုင်ဆရာတော်ထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။