Myanmar

Myanmar Distillery Co.,Ltd မှ အလှူငွေလာရောက်လှူဒါန်းခြင်း

Myanmar Distillery Co.,Ltd မှ အလှူငွေလာရောက်လှူဒါန်းခြင်း

(၂၀.၈.၂၀၁၈)နေ့တွင် ဦးစောဘုန်းနိုင် Myanmar Distillery Co.,Ltd မှ MWCDFအသင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အလှူငွေ-(၂,၅၀၀,၀၀၀)ကျပ်အား လာရောက်လှူဒါန်းရာ အသင်းမှ အတွင်းရေးမှူးနှင့် CECများမှ လက်ခံရယူပြီး အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အသင်း၏ အမှတ်တရလက်ဆောင်အိတ်များ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ကူညီထောက်ပံ့ရန်လိုအပ်သော ကလေးငယ်အား သွားရောက်လှူဒါန်းခြင်း

ကူညီထောက်ပံ့ရန်လိုအပ်သော ကလေးငယ်အား သွားရောက်လှူဒါန်းခြင်း

စစ်ကိုင်းတိုင်း၊ MWCDF အဖွဲ့ဝင်များသည် မြင်းမူမြို့နယ်၊ ကန်ဖျားကျေးရွာမှ ကလေးငယ်တစ်ဦးသည် ဦးခေါင်းတွင်အရည်ကြည်ဖု တည်နေရာ စစ်ကိုင်းပြည်သူ့ဆေးရုံကြီးသို့ ခေါ်ဆောင်၍ ခွဲစိတ်ကုသမှုခံယူခဲ့ရာ (၁၆.၈.၂၀၁၈)နေ့တွင် သွားရောက်တွေ့ဆုံခဲ့ပြီး အလှူငွေ-(၂၅,၀၀၀)ကျပ်နှင့် စားစရာများ-(၁၅,၀၀၀)ကျပ်ဘိုး ပေးလှူခဲ့ပါသည်။ (၁၇.၈.၂၀၁၈)နေ့တွင်လည်း သွားရောက်ခဲ့ပြီး ဦးခေါင်းခွဲစိတ်မှုအောင်မြင်ခဲ့၍ ကလေးငယ်အား အဝတ်အစားများ-(၅၀,၀၀၀)ကျပ်ဘိုး ထပ်မံလှူဒါန်းပေးခဲ့ပါသည်။

ကရင်ပြည်နယ် MWCDF အဖွဲ့ဝင်များမှ ကျောင်းပြင်ပမူလတန်းပညာရေးအတွက် အလှူငွေလှူဒါန်းခြင်း

ကရင်ပြည်နယ် MWCDF အဖွဲ့ဝင်များမှ ကျောင်းပြင်ပမူလတန်းပညာရေးအတွက် အလှူငွေလှူဒါန်းခြင်း

(၁၇.၈.၂၀၁၈)နေ့တွင် ကရင်ပြည်နယ် MWCDF အဖွဲ့ဝင်များသည် အ.ထ.က(၁)၊ ဘားအံတွင် ကျင်းပပြုလုပ်သော ၂၀၁၈-၁၉ပညာသင်နှစ်၊ ကရင်ပြည်နယ် ကျောင်းပြင်ပ မူလတန်းပညာရေး (ပြည်နယ်အဆင့်) (NFPE)လုပ်ငန်းဖွင့်ပွဲအခမ်းအနားတွင် အလှူငွေ-(၁၀၀,၀၀၀)ကျပ် တက်ရောက် ပါဝင်လှူဒါန်းခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် (၃)မြွာပူးမွေးဖွားသည့်မိခင်နှင့်ကလေးအား အသင်းမှကူညီထောက်ပံ့ခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် (၃)မြွာပူးမွေးဖွားသည့်မိခင်နှင့်ကလေးအား အသင်းမှကူညီထောက်ပံ့ခြင်း

(၁၇.၈.၂၀၁၈)နေ့တွင် ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်ဆေးရုံကြီးတွင် (၃) မြွာပူးမွေးဖွားသည့် ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာမှ မိခင်နှင့်ကလေးတို့အား MWCDFအသင်းမှ တွဲဘက်အတွင်းရေးမှူးနှင့်အဖွဲ့ဝင်တို့သည် လိုအပ်သော ကူညီပံ့ပိုးမှုများနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

မွန်ပြည်နယ်အဖွဲ့ဝင်များမှ ပျဉ်ထောင်တန်းမူလတန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

မွန်ပြည်နယ်အဖွဲ့ဝင်များမှ ပျဉ်ထောင်တန်းမူလတန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၆.၈.၁၈)နေ့တွင် မွန်ပြည်နယ် အသင်းဝင်များမှ မော်လမြိုင်မြို့နယ်၊ ပျဉ်ထောင်တန်း မူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူ(၈၂)ဦးအား အာဟာရရက်သတ္တပတ်အထိမ်းအမှတ် သာကူကျိုတိုက်ကျွေးခြင်း၊ စာရေးကိရိယာများ စုစုပေါင်း(၁၀၇,၀၀၀)ကျပ်ဘိုးအား ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

MMCWAအသင်းမှဖိတ်ကြားသော အခမ်းအနားသို့တက်ရောက်ခြင်း

MMCWAအသင်းမှဖိတ်ကြားသော အခမ်းအနားသို့တက်ရောက်ခြင်း

(၁၅.၈.၂၀၁၈)နေ့တွင် MWCDFအသင်းမှ အတွင်းရေးမှူးနှင့် CECများသည် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသည့် ၂၀၁၈ခုနှစ်၊ ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်း အမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။