Myanmar

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၈.၂၀၁၈)နေ့တွင် MWCDFအသင်းမှ CECနှင့်အဖွဲ့ဝင်တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့သွားရောက်၍ အသင်းတည်ထောင်ခဲ့သည့် (၁၄.၅.၂၀၁၃)ရက် အထိမ်းအမှတ်အနေဖြင့် သြဂုတ်လ(၁၄)ရက်နေ့တွင် သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော အမျိုးသမီးလူနာရှင်များအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်းတို့ဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

မန္တလေးတိုင်း MWCDFအသင်းမှ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် ပါဝင်ဆောင်ရွက်မှုများ

မန္တလေးတိုင်း MWCDFအသင်းမှ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် ပါဝင်ဆောင်ရွက်မှုများ

MWCDFဗဟိုအဖွဲ့နှင့် မန္တလေးတိုင်း MWCDFအဖွဲ့ဝင်များသည် မန္တလေးမြို့၊ တက္ကသိုလ်ဝင်းအတွင်း၌ (၁၁.၈.၂၀၁၈)နေ့မှ (၁၃.၈.၂၀၁၈)ရက်နေ့ထိ ကျင်းပပြုလုပ်သည့် “ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်” တွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ လမ်းညွှန်မှုဖြင့် MWCDFအသင်းမှ ပူးပေါင်းပါဝင်ကာ လူငယ်များအား အသိပညာ ဗဟုသုတရရှိစေရန် လမ်းညွှန်မှုများ၊ မှန်ကန်စွာတွေးခေါ်တက်စေရန်အတွက် အသိပညာပေးအစီအစဉ်များ၊ မေးခွန်းများမေးမြန်းခြင်းနှင့် ဖြေဆိုနိုင်သော ကျောင်းသား/သူများအား ဆုများ ပေးအပ်ခြင်း၊ အသင်းမှ လူငယ်များအတွက် ဆောင်ရွက်ထားရှိမှု မှတ်တမ်းများအား ပါဝင်ပြသခဲဲ့ဲပါသည်။

MWCDFအသင်း၏ နှစ်ပတ်လည်နေ့အခမ်းအနားနှင့်ကလေးသူငယ်များ ဖွံ့ဖြိုတိုးတက်ရေး ဆိုင်ရာစကားဝိုင်း ကျင်းပခြင်း

MWCDFအသင်း၏ နှစ်ပတ်လည်နေ့အခမ်းအနားနှင့်ကလေးသူငယ်များ ဖွံ့ဖြိုတိုးတက်ရေး ဆိုင်ရာစကားဝိုင်း ကျင်းပခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ (၅)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို (၁၀.၈.၂၀၁၈)နေ့တွင် Horizon Hotel တွင်ကျင်းပပြုလုပ်ခဲ့ရာ အသင်းမှဥက္ကဋ္ဌနှင့်ဗဟိုအလုပ်အမှုဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြပြီး အသင်းဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒေါ်ဝင်းမော်ထွန်း ဒုဝန်ကြီး(ငြိမ်း)မှ ကလေးသူငယ်များနှင့်ပတ်သက်၍ သတိပြုရန်အချက်များဟောပြောခြင်း၊ MWCDF Documentary ပြသခြင်း၊ အလှူငွေပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များနှင့် အမှတ်တရဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ နေ့လည်ပိုင်းတွင် “ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စကားဝိုင်း” အား Panelist (၄)ဦးမှ ဟောပြောဆွေးနွေးခြင်းပြုလုပ်ခဲ့ပြီး အသင်းဗဟိုအလုပ်အမှုဆောင်များ၊ တိုင်း/ပြည်နယ်အသင်းဝင်များ နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောင်မြင်စွာကျင်းပခဲ့ပါသည်။

မုဒိတာပရဟိတသီလရှင်ကျောင်းနှင့် ကင်းကျောက်ကုန်းရပ်ကွက်မှ သက်ကြီးအဖွားများအား သွားရောက်လှူဒါန်းခြင်း

မုဒိတာပရဟိတသီလရှင်ကျောင်းနှင့် ကင်းကျောက်ကုန်းရပ်ကွက်မှ သက်ကြီးအဖွားများအား သွားရောက်လှူဒါန်းခြင်း

(၃.၈.၂၀၁၈)နေ့တွင် မကွေးတိုင်း MWCDFအဖွဲ့ဝင်များသည် မင်းဘူးမြို့၊ မုဒိတာပရဟိတ သီလရှင် ကျောင်းသို့သွားရောက်၍ အလှူငွေ-(၅၀,၀၀၀) ကျပ်၊ ဆန်(၁)အိတ်၊ ဆီ(၁၀)ပိသာ၊ ကြက်သွန်နီ (၁၀)ပိသာ၊ ပဲ(၈)ပြည်၊ ဗလာစာအုပ်(၂၅)ဒါဇင် စုစုပေါင်း (၁၈၂,၅၀၀)ကျပ်ဖိုး လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ အဖွဲ့ဝင်များသည် မကွေးမြို့၊ ကင်းကျောက်ကုန်းရပ်ကွက်မှ အသက်(၇၅)နှစ်ရှိ အဖွား ဒေါ်အေးနိုင် နှင့် ကန်သာရပ်ကွက်မှ အသက်(၈၈)နှစ်ရှိ အဖွား ဒေါ်ကျေး တို့အား တစ်ဦးလျှင် (၃၀,၀၀၀) ကျပ်နှင့် ဆန်၊ ကွေကာထုပ်၊ ကိတ်မုန့်များ လှူဒါန်းခဲ့ပါသည်။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း

(၈.၈.၂၀၁၈)နေ့တွင် နေပြည်တော်၊ MWCDF (ရုံးချုပ်)၌ သံဃာတော်များအား ပင့်ဖိတ်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များနာယူကာ ဝါဆိုသင်္ကန်း၊ ဝတ္ထုငွေ နှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး နေ့ဆွမ်းကပ်လှူခဲ့ကြပါသည်။

MWCDF(လားရှိုး)မှ ရေဘေးအတွက် သွားရောက်လှူဒါန်းခြင်း

MWCDF(လားရှိုး)မှ ရေဘေးအတွက် သွားရောက်လှူဒါန်းခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDFအဖွဲ့ဝင်များသည် (၁.၈.၂၀၁၈)နေ့တွင် ရေကြီးနစ်မြုပ်ခဲ့သော လားရှိုးမြို့အတွက် နမ္မတူကားလမ်းပေါ်ရှိ အီနိုင်းကျေးရွာ၊ လားရှိုးမိုင်းယော်လမ်းရှိ တာပုံကျေးရွာများသို့ သွားရောက်၍ ခေါက်ဆွဲခြောက် (၂၀)ဖါ၊ ရေသန့်(၂၀)ဖါ၊ အဝတ်အထည်နှင့် အလှူငွေများ စုစုပေါင်း(၁၆၅,၀၀၀)ကျပ်အား ပေးအပ်လှူဒါန်းခဲ့ပါသည်။