Myanmar

ပဲခူးတိုင်းတွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လှူဒါန်းခြင်း

ပဲခူးတိုင်းတွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လှူဒါန်းခြင်း

(၃၀.၇.၂၀၁၈)နေ့တွင် ပဲခူးတိုင်း MWCDFအဖွဲ့ဝင်များသည် ပဲခူးမြို့နယ်၊ အဝိုင်းကျေးရွာ ကယ်ဆယ်ရေးစခန်းပြင်ပရှိ ကျေးရွာအတွင်း ကျန်ရှိနေသော ရေလွှမ်းမိုးခံနေရသည့် အိမ်ထောင်စုများထံ အိမ်တိုင်ရာရောက် ထမင်းထုပ်နှင့် မုန့်များလိုက်လံလှှူဒါန်းခဲ့ပါသည်။

ပဲခူးတိုင်းတွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လှူဒါန်းခြင်း

ပဲခူးတိုင်းတွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လှူဒါန်းခြင်း

(၂၉.၇.၂၀၁၈)နေ့တွင် ပဲခူးတိုင်း MWCDF အဖွဲ့ဝင်များသည် ပဲခူးမြို့၊ ဇိုင်းဂနိုင်းတောင်ပိုင်း ဝင်္ကပါဘုန်းကြီးကျောင်းအတွင်း၌ ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းအမှတ်(၁)ရှိ အိမ်ထောင်စု(၁၁၀)အတွက် ရေသန့်ဘူးများနှင့် မုန့်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၇.၂၀၁၈)နေ့တွင် MWCDFအသင်းမှ CECနှင့်အဖွဲ့ဝင်တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့သွားရောက်၍ အသင်းတည်ထောင်ခဲ့သည့် (၁၄.၅.၂၀၁၃)ရက် အထိမ်းအမှတ်အနေဖြင့် ဇူလိုင်လ(၁၄)ရက်နေ့တွင် သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော အမျိုးသမီးလူနာရှင်များအား နေ့လည်စာ-ထမင်း၊ ငါးဟင်း၊ ဟင်းချိုတို့ဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ကရင်ပြည်နယ်တွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လှူဒါန်းခြင်း

ကရင်ပြည်နယ်တွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လှူဒါန်းခြင်း

(၃၀.၇.၂၀၁၈)နေ့တွင် ကရင်ပြည်နယ်မှ MWCDF အဖွဲ့ဝင်များသည် သဒ္ဒါဖြူစင်အလှူရှင်များ နှင့်အတူ ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စု၊ အိမ်တိုင်ကုန်းကျေးရွာ ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ဆန်၊ ကြက်ဥ၊ အကြော်ဘူးများ၊ မုန့်များ လှူဒါန်းပေးခဲ့ပါသည်။

ကရင်ပြည်နယ်တွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လှူဒါန်းခြင်း

ကရင်ပြည်နယ်တွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လှူဒါန်းခြင်း

(၃၀.၇.၂၀၁၈)နေ့တွင် ကရင်ပြည်နယ်မှ MWCDFအဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာ၊ သို့သွားရောက်၍ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု(၂၈)စုတို့အား ခေါက်ဆွဲခြောက်ဖါ(၂၈)ဖါအား သွားရောက်လှူဒါန်းခဲ့ပါသည်။

စစ်ကိုင်းတိုင်း MWCDF အဖွဲ့ဝင်များမှ မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်လှူဒါန်းခြင်း

စစ်ကိုင်းတိုင်း MWCDF အဖွဲ့ဝင်များမှ မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်လှူဒါန်းခြင်း

စစ်ကိုင်းတိုင်း၊ MWCDF အဖွဲ့ဝင်များသည် (၂၆.၇.၂၀၁၈)နေ့တွင် မြင်းမူမြို့၊ ဆပ်ပြာကျင်း ကျေးရွာနှင့် ကန်ဖျားကျေးရွာများသို့ သွားရောက်၍ ကျောင်းပညာသင်ယူရန်အခက်အခဲရှိသော ကျောင်းသား/သူကလေးများအား ပညာသင်ထောက်ပံ့ကြေးငွေ-(၁၅၃,၀၀၀)ကျပ်ဘိုး နှင့် ကျေးရွာများအတွင်းရှိ ကူညီထောက်ပံ့မှုပေးရန် လိုအပ်သော အဖိုး/အဖွားများအား အာဟာရကြက်ဥနှင့် အသားဘူးများ စုစုပေါင်းတန်ဘိုး-(၂၁,၀၀၀)ကျပ်ဘိုးအား ပေးအပ်လှူဒါန်းခဲ့ပါသည်။