Myanmar

သံလျင်မြို့နယ်၊ ခေမာရာမသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

သံလျင်မြို့နယ်၊ ခေမာရာမသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၅.၇.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် CECများသည်၊ ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာ(၁)ရပ်ကွက်၊ ခေမာရာမသီလရှင်စာသင်တိုက်နှင့်ပရဟိတ သီလရှင်သင်ပညာရေးကျောင်းသို့ သွားရောက်၍ အလှူငွေ(၁၅)သိန်းကျပ်နှင့် လှူဘွယ်ခြင်း(၂)ခြင်း၊ ဆန်(၁)အိတ်၊ ဆီ(၁)ပုံး၊ ကော်ဖီမစ်(၅)ပါကင်၊ ကိတ်မုန့်(၅)ဘူး၊ သစ်သီးများ၊ သီလရှင်ဝတ်စုံ(၂ဝ)စုံ၊ အသင်းဗလာစာအုပ်(၂၀)ဒါဇင်တို့အား ကျောင်းထိုင်သီလရှင်ဆရာကြီးထံ လှူဒါန်းခဲ့ပါသည်။

မအူလေးပင်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

မအူလေးပင်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

(၁၈.၇.၂၀၁၈)နေ့တွင် MWCDFအသင်းမှ CEC ဒေါ်အေးအေးခိုင်နှင့် ရုံးအဖွဲ့၊ ကျေးရွာအသင်း အဖွဲ့ဝင်များသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ မအူလေးပင်ကျေးရွာ အလယ်တန်းကျောင်းသို့ သွားရောက်၍ အလှူရှင် ဦးသန့်စင်+ ဒေါ်အေးအေးခိုင်(မိသားစု)မှ သားဖြစ်သူ မောင်ဇွဲဇာနည်မင်းသန့်စင်(ခ) John Walter (၁၂)ပြည့်မွေးနေ့အလှူ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၃၈၂)အား သာကူကျို တိုက်ကျွေးကုသိုလ်ပြုခဲ့ကြပါသည်။ ဆက်လက်၍ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကျေးရွာစာကြည့်တိုက်သို့ သွားရောက်၍ စာကြည့်တိုက်တွင် ကျောင်းသား/သူများအား ပညာပေးဇာတ်လမ်းများ ဖွင့်လှစ်ပြသနိုင်ရန်အတွက် MWCDFအသင်းမှ 21″ SAKURA TV တစ်လုံး လှူဒါန်းခြင်း

ချင်းရွာ၊ အ.ထ.က(၁၂)ကျောင်းသို့ စာရေးကိရိယာနှင့်သင်ထောက်ကူပစ္စည်များ ပေးအပ်လှူဒါန်းခြင်း

ချင်းရွာ၊ အ.ထ.က(၁၂)ကျောင်းသို့ စာရေးကိရိယာနှင့်သင်ထောက်ကူပစ္စည်များ ပေးအပ်လှူဒါန်းခြင်း

MWCDFအသင်းမှ ဒုဥက္ကဋ္ဌ(၂)ဦးနှင့် CECများသည် (၁၃.၇.၂၀၁၈)နေ့၊ (၁၄း၄၅)အချိန်တွင် ချင်းရွာ အ.ထ.က(၁၂)ကျောင်းသို့ သွားရောက်၍ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/မများအား တွေ့ဆုံခဲ့ပြီး တွေ့ဆုံပွဲတွင် ဒုဥက္ကဋ္ဌဒေါ်စုညွန့်ဦးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒေါ်နန္ဒာမွှန်းမှ မြန်မာစာပေ၊ မြန်မာသမိုင်းအကြောင်း ရှင်းလင်းမှာကြားခြင်း၊ အတွင်းရေးမှူး ဒေါ်မေမြင့်မောင်မှ အင်္ဂလိပ်စာ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အ.ထ.က(၁၂)ကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းဆရာ ဦးဆန်းထွန်းဇော်တို့မှ ကျေးဇူးတင်စကားပြောကြားခဲ့၍ တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဆရာ/မများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့ကြပြီး စာရေးကိရိယာများနှင့် သင်ထောက်ကူစာအုပ်များ၊ သင်ကြားရေးစာအုပ်များ၊ ပိုစတာများပေးအပ်လှူဒါန်းခဲ့ပါသည်။

ချင်းရွာ၊ အ.မ.က(၃)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ချင်းရွာ၊ အ.မ.က(၃)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၃.၇.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဒုတိယဥက္ကဋ္ဌ(၂)ဦး၊ အတွင်းရေးမှူးနှင့် CECများသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာ အ.မ.က(၃)ကျောင်းသို့ သွားရောက်၍ ဆရာ/ ဆရာမများနှင့် တွေ့ဆုံပြီး စာရေးကိရိယာများ၊ သင်ထောက်ကူပစ္စည်းများ၊ ပိုစတာများ၊ ပေးအပ်လှူဒါန်းခဲ့ပြီး KGတန်းနှင့် ပထမတန်းရှိ ကျောင်းသား/သူ(၆၀)ဦးအား ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် ပဲနို့များ၊ ဒုတိယတန်းမှ စတုတ္ထတန်းရှိ ကျောင်းသား/သူ(၉၅)ဦးအား ဗလာစာအုပ်၊ ပဲနို့များ တစ်ဦးချင််းစီ ကိုယ်တိုင်ကိုယ်ရောက် ပေးအပ်လှူဒါန်းခဲ့ပါသည်။

မအူလေးပင်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

မအူလေးပင်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

(၁၁.၇.၂၀၁၈)နေ့တွင် MWCDFအသင်းမှ CECများသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ မအူလေးပင်ကျေးရွာသို့ သွားရောက်၍ ကျေးရွာစာကြည့်တိုက်တွင် ကျေးရွာအသင်းအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ အသင်းဝတ်စုံများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် အလှူရှင် ဦးတင်ဦးလွင်+ဒေါ်မေမြင့်မောင် မိသားစုမှ အဖွဲ့ဝင်(၃)ဦးအတွက် ဘုရားဆင်းတု တော်များပေးအပ်လှူဒါန်းခဲ့ပြီး အလှူရှင်မှ သားဖြစ်သူ မောင်ဇွဲဇာနည်မင်းသန့်စင်(ခ) John Walter(၁၂)ပြည့်မွေးနေ့အလှူ မအူလေးပင်ကျေးရွာ အလယ်တန်းကျောင်းမှ ကျောင်းသား/သူ(၃၈၂)ဦးအား (၁၈.၇.၂၀၁၇)ရက်နေ့တွင် သာကူကျို တိုက်ကျွေးကုသိုလ်ပြုရန် အလှူငွေ(၅၀,၀၀၀)ကျပ်အား အဖွဲ့ဝင်များထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ အဖွဲ့ဝင်များသည် အသင်းမှ ကူညီထောက်ပံ့လျက်ရှိသော မသန်စွမ်းညီမ(၂)ဦး နေအိမ်သို့ သွားရောက်၍

အ.လ.က မအူလေးပင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အ.လ.က မအူလေးပင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၁.၇.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် CECများသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ မအူလေးပင်ကျေးရွာ၊ အလယ်တန်းကျာင်းသို့ သွားရောက်ခဲ့ပါသည်။ ထိုကျောင်းတွင် အသင်းမှ ဆရာမ(၉)ဦးအတွက် ကျောင်းစိမ်းလုံချည်နှင့် ကျောင်းသား/သူ(၃၈၂)ဦးအတွက် ဗလာစာအုပ်(၃ဝ)ဒါဇင်၊ ပဲနို့ဗူးများအား လည်းကောင်း၊ အလှူရှင်- ဦးတင်ဦးလွင်+ဒေါ်မေမြင့်မောင် (မိသားစု)မှ ဆရာမ(၉)ဦးအတွက် ဘုရားဆင်းတုတော်(၉)ဆူအား လည်းကောင်း၊ အလှူရှင် ဦးသူရိန်ဝင်း+ဒေါ်မီမီအေး (မိသားစု)မှ KGတန်းနှင့် ပထမတန်းတွင် ပညာသင်ကြားနေသော ကျောင်းသား/သူ(၇၅)ဦးအတွက် ကျောင်းဝတ်စုံများအားလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပါသည်။