Myanmar

ရတနာစံပြ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ရတနာစံပြ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၁.၇.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် CECများသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရတနာစံပြ (ဘ.က)ကျောင်းသို့ သွားရောက်ခဲ့ကာ အသင်းမှ ဆောက်လုပ်လှူဒါန်းထားသော ကုသိုလ်ဖြစ်ဆေးခန်းအတွက် လိုအပ်နေသော Partition လိုက်ကာများအား လှူဒါန်းခြင်း၊ ဆရာတော်အား အသင်းမှ ဝါဆိုသင်္ကန်း၊ ကျောင်းသား/သူများအတွက် ဗလာစာအုပ် ဒါဇင်(၂၀)၊ ဆရာ/ဆရာမ(၉)ဦးအတွက် ရှပ်အကျႌအဖြူနှင့် ကျောင်းစိမ်းလုံချည်များ လှူဒါန်းခြင်း၊ အလှူရှင်CECများမှ အလှူငွေ-(၆၅,၀၀၀)ကျပ်နှင့် ဘုရားပန်းများအား ဆရာတော်ထံ ကပ်လှူခြင်း၊ ဦးတင်ဦးလွင်+ဒေါ်မေမြင့်မောင် (မိသားစု)မှ ဆရာ/ဆရာမ(၉)ဦးအတွက် ဘုရားဆင်းတုတော်(၉)ဆူ အား ပေးအပ်လှူဒါန်းခြင်း၊ အလှူရှင် မောင်ဇွဲဇာနည်မင်းသန့်(ခ)

မိတ်ဖက်အဖွဲ့အစည်းများမှ ဖိတ်ကြားသော အခမ်းအနားသို့တက်ရောက်ခြင်း

မိတ်ဖက်အဖွဲ့အစည်းများမှ ဖိတ်ကြားသော အခမ်းအနားသို့တက်ရောက်ခြင်း

(၉.၇.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဘဏ္ဍာရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

MMCWA အသင်းမှဖိတ်ကြားသော သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတက်ရောက်ခြင်း

MMCWA အသင်းမှဖိတ်ကြားသော သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတက်ရောက်ခြင်း

(၅.၇.၂၀၁၈)နေ့တွင် MWCDFအသင်းမှ အတွင်းရေးမှူးနှင့်ဗဟိုအလုပ်အမှုဆောင်များသည် နေပြည်တော်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျင်းပပြုလုပ်သော မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ မိတ်ဘက်အဖွဲ့အစည်းများနှင့်အတူ အမှတ်တရသစ်ပင်များ စိုက်ပျိုးခဲ့ကြပါသည်။

MWAF အသင်းမှဖိတ်ကြားသော အခမ်းအနားသို့တက်ရောက်ခြင်း

MWAF အသင်းမှဖိတ်ကြားသော အခမ်းအနားသို့တက်ရောက်ခြင်း

(၅.၇.၂၀၁၈)နေ့တွင် MWCDFအသင်းမှ အတွင်းရေးမှူးနှင့်ဗဟိုအလုပ်အမှုဆောင်များသည် နေပြည်တော်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သော (၁၅)ကြိမ်မြောက် ထူးချွန်အမျိုးသမီးများဂုဏ်ပြု ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ကရင်ပြည်နယ်တွင် ကျင်းပပြုလုပ်သော “မြန်မာအမျိုးသမီးများနေ့” အခမ်းအနားသို့ ပြည်နယ် MWCDF အဖွဲ့ဝင်များ တက်ရောက်ခြင်း

ကရင်ပြည်နယ်တွင် ကျင်းပပြုလုပ်သော “မြန်မာအမျိုးသမီးများနေ့” အခမ်းအနားသို့ ပြည်နယ် MWCDF အဖွဲ့ဝင်များ တက်ရောက်ခြင်း

(၃.၇.၂၀၁၈)နေ့၊ နံနက်(၀၉းဝ၀)နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ပြုလုပ်သော “ မြန်မာအမျိုးသမီးများနေ့” အခမ်းအနားသို့ ပြည်နယ်ရှိ အခြားအဖွဲ့အစည်းများ၊ MWCDFအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အမှာစကားပြောကြားခြင်း၊ တိုင်းလူမှုဝန်ထမ်း ဦးစီးဌာနမှ “မြန်မာအမျိုးသမီးများနေ့” အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းခြင်း၊ GEN အဖွဲ့နှင့် CEDAW တို့မှ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြုသောအားဖြင့် အခမ်းအနားတွင် “ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF) ပဲခူးမှ အလှူငွေပေးအပ်လှူဒါန်းခြင်း

မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြုသောအားဖြင့် အခမ်းအနားတွင် “ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF) ပဲခူးမှ အလှူငွေပေးအပ်လှူဒါန်းခြင်း

ဇူလိုင်လ(၃)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ပဲခူးမြို့၊ မြို့တော်ခန်းမတွင် တိုင်းလူမှုဝန်ထမ်းဌာနနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတို့မှ ပူးပေါင်းကျင်းပသော “မြန်မာအမျိုးသမီးများနေ့” အခမ်းအနားတွင် မိတ်ဘက်အဖွဲ့အစည်းများနှင့်အတူ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ ပဲခူးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဒေါ်သီတာတင်ထွဋ်နှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး “ မြန်မာအမျိုးသမီးများနေ့” ကို ဂုဏ်ပြုသောအားဖြင့် အလှူငွေကျပ်(၃)သိန်းအား ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။