Myanmar

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အခမဲ့သွားစမ်းသပ်စစ်ဆေးကုသခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အခမဲ့သွားစမ်းသပ်စစ်ဆေးကုသခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဘာသာမရွေးလူမှုကူညီမှုအသင်းတွင် MWCDFအသင်းအဖွဲ့ဝင်များမှ ထိုင်ဝမ်မှ ပရဟိတသွားဆရာဝန်များအဖွဲ့(TOCA)နှင့် လားရှိုးမြို့ လူမှုအသင်းတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်သော အခမဲ့သွားစမ်းသပ်စစ်ဆေးကုသပေးခြင်းအား (၈.၅.၂၀၁၈)မှ(၉.၅.၂၀၁၈)ရက်နေ့အထိ (၂)ရက်တိတိ ဆောင်ရွက်ခဲ့ပါသည်။

စစ်ကိုင်းတိုင်း MWCDFအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် မကုဋာရာမ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

စစ်ကိုင်းတိုင်း MWCDFအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် မကုဋာရာမ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

MWCDFအသင်းမှ ဥက္ကဋ္ဌနှင့်CECများသည် (၂၈.၅.၂၀၁၈)နေ့တွင် တိုင်း MWCDFအသင်း ဖွဲ့စည်းရန်အတွက် စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့ သွားရောက်ခဲ့ပါသည်။ မုံရွာမြို့တွင် အသင်းအဖွဲ့ ဖွဲ့စည်းရန်အတွက် စုဖွဲ့ထားသောအမျိုးသမီးအဖွဲ့ဝင်(၉)ဦးနှင့် မုံရွာမြို့၊ Win Unityဟိုတယ် အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး အသင်းဥက္ကဋ္ဌမှ အသင်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ အသင်းCECများမှ အသင်းဖွဲ့စည်းရခြင်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ အသင်း Documentary Film ပြသခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် စစ်ကိုင်းတိုင်း MWCDFအဖွဲ့ဝင်များထံသို့ အသင်းဝတ်စုံ၊ အသင်းမဂ္ဂဇင်း၊ အသင်းဗလာ စာအုပ်များ၊ အသင်းတံဆိပ်များနှင့် ဇွန်လနှင့် ဇူလိုင်လတို့အတွက် Activity

နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲအခမ်းအနား

နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲအခမ်းအနား

(၂၇. ၅. ၂၀၁၈)နေ့တွင် နေပြည်တော်၊ MWCDF(ရုံးချုပ်)၌ အ.ထ.က(၁၂)ချင်းရွာမှ ကျောင်းသား/သူများအတွက် စတုတ္ထအကြိမ်မြောက်ဖွင့်လှစ်ပေးသည့် နွေရာသီအင်္ဂလိပ်စာ (Elementary Level)သင်တန်းနှင့် ဆရာ/မများအတွက် ပထမအကြိမ်မြောက် ဖွင့်လှစ်ပေးသည့် (Pre-Intermediate Level)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် အသင်းဥက္ကဋ္ဌမှ အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူးမှ သင်တန်း ဆင်းအမှာစကားပြောကြားခြင်းနှင့် သင်တန်းတွင် ထူးချွန်စွာအောင်မြင်၍ ဆုရရှိသူများအား ဆုများ ချီးမြှင့်ပေးခဲ့ပါသည်။ အသင်းမှ ဖွင့်လှစ်သည့် နွေရာသီ အင်္ဂလိပ်စာသင်တန်းတွင် သင်ကြားပြသခဲ့သော ဆရာဦးမင်းစိုးသူရ နှင့် ဆရာမဒေါ်ဇင်မာမျိုးအား အသင်းဥက္ကဋ္ဌမှ ဂုဏ်ပြုငွေနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့ပါသည်။

(၃၁)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး

(၃၁)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး

(၂၅. ၅. ၂၀၁၈)နေ့တွင် MWCDF(ရုံးချုပ်)၊ နေပြည်တော်၌ (၃၁)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ အသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ(၂)ဦး၊ အတွင်းရေးမှူး(၂)ဦးနှင့် CECများ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် အသင်း၏ ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် အသင်း(၅)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးမှတ်တမ်းအရ အတည်ပြုရမည့် အချက်များအား ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် ၃ မွှာပူးမွေးဖွားသည့်မိခင်နှင့်ကလေးအား အသင်းမှကူညီထောက်ပံ့ခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် ၃ မွှာပူးမွေးဖွားသည့်မိခင်နှင့်ကလေးအား အသင်းမှကူညီထောက်ပံ့ခြင်း

(၂၃.၅.၂၀၁၈)နေ့တွင် ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်ဆေးရုံကြီးတွင် ၃ မွှာပူးမွေးဖွားသည့် တပ်ကုန်းမြို့နယ်၊ ကြံဘိုကျေးရွာမှ မိခင်နှင့်ကလေးတို့အား MWCDFအသင်းမှဒုဥက္ကဋ္ဌနှင့် CECများသည် လိုအပ်သော ကူညီပံ့ပိုးမှုများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ပါသည်။

မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

(၁၅.၅.၂၀၁၈)နေ့တွင် ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သော မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အသင်းမှ ဒေါ်နီလာအေး(CEC)တက်ရောက်ဆွေးနွေးခဲ့ပါသည်။