Myanmar

နွေရာသီအင်္ဂလိပ်စာသင်တန်းတွင် တက်ရောက်နေသော သင်တန်းသား/သူများနှင့်အတူ အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာခြင်း

နွေရာသီအင်္ဂလိပ်စာသင်တန်းတွင် တက်ရောက်နေသော သင်တန်းသား/သူများနှင့်အတူ အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာခြင်း

(၁၃.၅.၂၀၁၈)နေ့တွင် MWCDFအသင်းမှကြီးမှူး၍ ဖွင့်လှစ်သော နွေရာသီအင်္ဂလိပ်စာသင်တန်းတွင် တက်ရောက်နေကြသည့် ဆရာ/မ(၁၆)ဦး၊ ကျောင်းသား/သူ(၃၆)ဦးနှင့်အတူ အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာခဲ့ပါသည်။ အမျိုးသားပြတိုက်မှ တာဝန်ရှိသူများကလည်း အခန်းအလိုက်ထားရှိသော အကြောင်းအရာများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။

မကွေးတိုင်း MWCDFအသင်းအဖွဲ့ဝင်များ ဖွဲ့စည်းပေးခြင်း

မကွေးတိုင်း MWCDFအသင်းအဖွဲ့ဝင်များ ဖွဲ့စည်းပေးခြင်း

(၁၀.၅.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် CECများသည် မကွေးမြို့၊ သာသနာ့ ဂုဏ်ရည် သီလရှင်(သင်)အမျိုးသမီးပညာရေးကျောင်းတွင် မကွေးမြို့မှ အမျိုးသမီးများနှင့် တွေ့ဆုံကာ အသင်းအကြောင်း ရှင်းလင်းပြောကြားကာ အသင်းဖွဲ့စည်းနိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ပြီး အသင်းအဖွဲ့ဝင်(၁၀)ဦး ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ထို့နောက် MWCDFအသင်းအဖွဲ့ဝင်များအဖြစ် စိတ်ပါဝင်စားသူများအား အဖွဲ့ဝင်များပါဝင်နိုင်ရန် အသင်းအဖွဲ့ဝင် လျှောက်လွှာများ ပေးအပ်ခဲ့ပြီး အသင်း Activity ပြုလုပ်နိုင်ရန်အတွက် အလှူငွေ-(၁၅၀,၀၀၀)ကျပ်၊ အသင်းတီရှပ်များ၊ အသင်းပန်းရောင်လုံချည်များ၊ အသင်းမဂ္ဂဇင်း စာအုပ်များ၊ ဗလာစာအုပ်များ၊ အသင်းလက်ကမ်းစာစောင်များအား မကွေးမြို့ MWCDFအဖွဲ့ထံ ပေးအပ်ခဲ့ပါသည်။

သာသနာ့ဂုဏ်ရည်သီလရှင်ကျောင်းသို့ လှူဒါန်းခြင်း

သာသနာ့ဂုဏ်ရည်သီလရှင်ကျောင်းသို့ လှူဒါန်းခြင်း

(၁၀.၅.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် CECများသည် မကွေးမြို့၊ သာသာနာ့ဂုဏ်ရည် သီလရှင်(သင်) အမျိုးသမီးပညာရေးကျောင်းသို့ရောက်ရှိကာ ကျောင်းထိုင်ဆရာကြီးအား အလှူငွေ-(၅)သိန်းကျပ်၊ လှူဘွယ်ခြင်းများ၊ ကျောင်းဝတ်စုံများ၊ ကျောင်းစိမ်း/ဖြူပိတ်စများ၊ စာရေးကိရိယာများ၊ မင်္ဂလာစာအုပ်၊ မဂ္ဂဇင်းစာအုပ်၊ ဖိနပ်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ အသင်းအဖွဲ့ဝင် ဒေါက်တာနန္ဒာမွှန်း မှ ကျောင်းတွင် ပညာသင်ကြားလျက်ရှိသော သီလရှင် ဆရာလေးများနှင့် ကျောင်းသား/သူများ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုရာတွင် သိမှတ်သားဖွယ်ရာအချက်အလက်များအား ရှင်းလင်းပြောကြားပေးခဲ့ပါသည်။

MMCWAအသင်း၏ နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲတက်ရောက်ခြင်း

MMCWAအသင်း၏ နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲတက်ရောက်ခြင်း

(၉. ၅. ၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌနှင့်CECများသည် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း(MMCWA)၏ (၂၈)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ကျောင်းသား/သူများအတွက် Talk Show ပြိုင်ပွဲပြုလုပ်ပေးခြင်း

ကျောင်းသား/သူများအတွက် Talk Show ပြိုင်ပွဲပြုလုပ်ပေးခြင်း

(၆.၅.၂၀၁၈)နေ့တွင် MWCDF(ရုံးချုပ်)၊ နေပြည်တော်၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော နွေရာသီအင်္ဂလိပ်စာ(Elementary Level) သင်တန်းတွင် တက်ရောက်နေသည့် ကျောင်းသား/သူများအား Talk show ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ပါသည်။ Talk Show ပြိုင်ပွဲတွင် ကျောင်းသား/သူ(၅)ဦး ဆုရရှိခဲ့ပါသည်- ပြိုင်ပွဲတွင်ဆုရရှိသူများမှာ – ပထမဆု-မဝိုင်းထက်ထက်အောင် ဒုတိယဆု- မဟေသာညိုစင် တတိယဆု-မဇင်ဇင်စိုး စတုတ္ထဆု – မသိမ့်သိမ့်သူ ပဥ္စမဆု – မသိရိနန်းစံ ဖြစ်ပြီးအသင်း CECများမှ အကဲဖြတ်အမှတ်ပေးကာ ဆရာဦးမင်းစိုသူရမှ ဆုများ ချီးမြှင့်ပေးခဲ့ပါသည်။

Talk Show ပြိုင်ပွဲပြုလုပ်ပေးခြင်း

Talk Show ပြိုင်ပွဲပြုလုပ်ပေးခြင်း

(၆.၅.၂၀၁၈)နေ့တွင် MWCDF(ရုံးချုပ်)၊ နေပြည်တော်၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော (Pre-Intermediate Level)သင်တန်းတွင် တက်ရောက်နေသည့် ဆရာ/မများအား Talk show ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ပါသည်။ Talk Show ပြိုင်ပွဲတွင် ဆုရရှိသူများမှာ- ပထမဆု – ဦးဆန်းထွန်းဇော် ဒုတိယဆု – ဒေါ်မိုင်တင်ရီ တတိယဆု – မောင်ဝေဆာဖြိုး ကိုယ်ရည်ကိုယ်သွေးထူးချွန်ဆု -စောကျော်ထူးအောင် တို့ဖြစ်ပါသည်။ ထို့နောက် သင်တန်းသား/သူများနှင့် အသင်းCECများ အမှတ်တရဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။