Myanmar

အမွှာပူးမွေးဖွားသော မိခင်နှင့်ကလေးများအား ထောက်ပံ့မှု

အမွှာပူးမွေးဖွားသော မိခင်နှင့်ကလေးများအား ထောက်ပံ့မှု

(၁၄.၈.၂၀၂၃)နေ့တွင် MWCDF အသင်း ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီး၌ တက်ရောက်မီးဖွားနေသော လယ်ဝေးမြို့နယ်မှ သုံးမွှာပူးမွေးဖွားသည့် မိခင်နှင့်ကလေးများ၊ ရမည်းသင်းမြို့နယ်မှ နှစ်မွှာပူးမွေးဖွားသည့် မိခင်နှင့်ကလေးများအားသွားရောက်၍ ထောက်ပံ့ငွေများလှူဒါန်းပြီး အားပေးစကားများ ပြောကြားခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၈.၂၀၂၃)နေ့တွင် MWCDF အသင်းမှ  ဒုတိယဥက္ကဌနှင့် CEC အဖွဲ့ဝင်တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ အသင်းတည်ထောင်ခဲ့သည့် (၁၄.၅.၂၀၁၃)ရက်အထိမ်းအမှတ်အနေဖြင့် သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများနှင့် လူနာစောင့်များအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ ချဉ်ရည်ဟင်းဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ကလေးပြုစုရေးဌာနသို့ သွားရောက်လှူဒါန်းခြင်း

ကလေးပြုစုရေးဌာနသို့ သွားရောက်လှူဒါန်းခြင်း

(၁၂.၈.၂၀၂၃)နေ့တွင် မန္တလေးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော ကလေးပြုစုရေးဌာနသို့ သွားရောက်၍ ကလေးများအတွက် ကလေးကစားစရာပစ္စည်းများ၊ ဗလာစာအုပ်၊ ပဲနို့နှင့် မုန့်များ ပေးဝေလှူဒါန်းပေးခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

(၁၂.၈.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပညာမွန်ရေဘေး ကယ်ဆယ်ရေးစခန်းရှိ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအပါအဝင် လူဦးရေ(၁၀၀၀)ကျော်အား ထမင်းဟင်းများ၊ ပေါင်မုန့်နှင့် မုန့်ခြောက်များ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

(၁၁.၈.၂၀၂၃)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ လမင်းပရိယတ္တိစာသင်တိုက်ကျောင်းရှိ စာသင်သာမဏေပေါင်း (၅၃)ပါးနှင့် ရဟန်းသံဃာတော်များ ဆွမ်းအတွက် အလှူငွေ-(၃)သိန်းကျပ် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ဘားအံမြို့နယ်၊ ရေကြီးနစ်မြုပ်နေသော သုခဝတီသီလရှင်စာသင်တိုက်သို့ အလှူငွေနှင့် အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ပါသည်။