Myanmar

ထောက်ပံ့ငွေလှူဒါန်းခြင်း

ထောက်ပံ့ငွေလှူဒါန်းခြင်း

၁၇.၉.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ  ဒေါ်တင်စိန် နှင့် အလုပ်အမှုဆောင် ၃ ဦးသည် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်း ဖြေဆိုမည့် ၆ ဘာသာဂုဏ်ထူးရှင် နှင့် ၃ ဘာသာဂုဏ်ထူးရှင်တို့နှစ်ဦးအား တစ်ဦးလျှင် ၃ သိန်းကျပ်စီ ၎င်းတို့၏ဆရာမထံမှတစ်ဆင့် ထောက်ပံ့ငွေပေးပို့လှူဒါန်းခဲ့ပါသည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း

၁၆.၉.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း နာယက ဒေါက်တာဝေဝေသာ၊ ဥက္ကဌ ဒေါက်တာနန္ဒာမွှန်းနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များသည် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ယာယီရုံးခန်းတွင် သံဃာတော် ၅ ပါးထံမှ ငါးပါးသီလဆောက်တည်ခြင်း၊ ပရိတ်တရားတော်များနာယူခြင်း၊  ဆန်၊ ဆီ၊ ဗလာစာအုပ်၊ သင်္ကန်း၊ လှူဖွယ်ခြင်းနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် သံဃာတော် ၅ ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းဆောင်ရွက်ခဲ့ကာ အခမ်းအနားသို့ တက်ရောက်လာသော ဧည့်ပရိတ်သတ်များအား ထောပတ်ထမင်း ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၆.၉.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ဒေါ်ခင်ဝတ်ရည် သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက ပဲခူးတိုင်းဒေသကြီး၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၉.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ သုဓမ္မသိင်္ဂီ ဒေါက်တာကေသီအောင် နှင့် တွဲဖက်အတွင်းရေးမှူး ဦးကြည်လေး တို့သည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီက တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၉.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း အလုပ်အမှုဆောင် ၂ ဦးသည် မကွေးမြို့၊ မြဧရာခန်းမတွင် ကျင်းပပြုလုပ်သော အခြေခံကျန်းမာရေး တက္ကသိုလ်(မကွေး)၏ ၃၇ ကြိမ်မြောက် လက်ထောက်ကျန်းမာရေးမှူး(အကျဉ်းချုံး) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၉.၂၅ ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်အေးမွန်နှင့် အတွင်းရေးမှူး ဒေါ်ခင်စုရည် တို့သည် မော်လမြိုင်မြို့ရှိ အ.ထ.က(၉)တွင် ကျင်းပပြုလုပ်သော (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။