Myanmar

ခေါင်းဆောင်မှုအနုပညာနှင့် စီမံခန့်ခွဲမှုပညာရပ်များ ဆွေးနွေးပို့ချခြင်း

ခေါင်းဆောင်မှုအနုပညာနှင့် စီမံခန့်ခွဲမှုပညာရပ်များ ဆွေးနွေးပို့ချခြင်း

(၄.၅.၂၀၁၈)နေ့တွင် MWCDF(ရုံးချုပ်)၌ ဖွင့်လှစ်သင်ကြားပေးနေသော နွေရာသီအင်္ဂလိပ်စာ(Pre-Intermediate Level)သင်တန်းတွင် တက်ရောက်နေသည့် ဆရာ/မများအား “ ခေါင်းဆောင်မှု အနုပညာနှင့် စီမံခန့်ခွဲမှုပညာရပ်များ” နှင့်ပတ်သက်သည့်အကြောင်းအရာများအား အသင်းCECဖြစ်သူ ဦးလှထွန်းခိုင်နှင့် ဒေါ်နန်းသိင်္ဂီမြင့်တို့မှ သင်ကြားပို့ချဆွေးနွေးခဲ့ပါသည်။

ကျောင်းသား/သူများအား ပြည်သူ့နီတိဆိုင်ရာ သိမှတ်ဖွယ်ရာများ သင်ကြားပို့ချပေးခြင်း

ကျောင်းသား/သူများအား ပြည်သူ့နီတိဆိုင်ရာ သိမှတ်ဖွယ်ရာများ သင်ကြားပို့ချပေးခြင်း

(၄.၅.၂၀၁၈)နေ့တွင် MWCDF(ရုံးချုပ်)၌ ဖွင့်လှစ်သင်ကြားပေးနေသော နွေရာသီအင်္ဂလိပ်စာ(Elementary Level) သင်တန်းတွင် တက်ရောက်နေသည့် ကျောင်းသား/သူများကို “ ပြည်သူ့နီတိဆိုင်ရာ သိမှတ်ဖွယ်ရာများ” အား အသင်းCECဖြစ်သူ ဦးလှထွန်းခိုင်နှင့် ဒေါ်နန်းသိင်္ဂီမြင့်တို့မှ လာရောက်သင်ကြားပို့ချပေးခဲ့ပါသည်။

စာကြည့်တိုက်ဖောင်ဒေးရှင်းဆိုင်းဘုတ်တင်အခမ်းအနားတွင် ပါဝင်လှူဒါန်းခြင်း

စာကြည့်တိုက်ဖောင်ဒေးရှင်းဆိုင်းဘုတ်တင်အခမ်းအနားတွင် ပါဝင်လှူဒါန်းခြင်း

(၂၈.၄.၂၀၁၈)နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဆိုင်းဘုတ်တင်အခမ်းအနားတွင် စာကြည့်တိုက်များဖွံ့ဖြိုးရေး၊ ရေရှည်တည်တံ့ရေးဘက်စုံအတွက် ပဲခူးတိုင်းMWCDFအသင်းအဖွဲ့ဝင်များမှ အလှူငွေ- (၁)သိန်းကျပ် လှူဒါန်းခဲ့ပါသည်။

MMCWAအသင်း၏ အလှူငွေပေးအပ်ပွဲသို့တက်ရောက်ခြင်း

MMCWAအသင်း၏ အလှူငွေပေးအပ်ပွဲသို့တက်ရောက်ခြင်း

(၃၀.၄.၂၀၁၈)နေ့တွင် MWCDFအသင်းမှ CECနှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(MMCWA)၏ (၂၈)ကြိမ်မြောက်နှစ်ပတ်လည် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ MWCDFအသင်းမှ အလှူငွေ(၁၀)သိန်းကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။

သင်္ကြန်ရက်အတွင်း ကျွေးမွေးဧည့်ခံခြင်း၊ သက်ကြီးပူဇော်ပွဲအခမ်းအနားတွင် လှူဒါန်းခြင်း

သင်္ကြန်ရက်အတွင်း ကျွေးမွေးဧည့်ခံခြင်း၊ သက်ကြီးပူဇော်ပွဲအခမ်းအနားတွင် လှူဒါန်းခြင်း

မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ မဟာမြိုင်ကျေးရွာMWCDFအသင်းအဖွဲ့ဝင်များမှ (၁၆.၄.၂၀၁၈)သင်္ကြန်အတက်နေ့တွင် စတုဒီသာ မုန့်လုံးရေပေါ်ကျွေးမွေး၍ သနပ်ခါးလိမ်းပေးခြင်း၊ (၁၇.၄.၂၀၁၈)နေ့တွင် မဟာမြိုင်ကျေးရွာလူငယ်များပူးပေါင်း၍ သက်ကြီးပူဇော်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပြီး အဘိုးအဘွား(၃၃)ဦးအား အလှူငွေလှူဒါန်းခြင်းနှင့် ဥပုသ်သည်များနှင့် လူငယ်မောင်မယ်တို့အား အချိုရည်ဖြင့် ဧည့်ခံခဲ့ပါသည်။

MWAF အသင်း၏နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲသို့ တက်ရောက်ခြင်း

MWAF အသင်း၏နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲသို့ တက်ရောက်ခြင်း

(၅.၄.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌနှင့် CECများသည် မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်(MWAF)၏ နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။