Myanmar

နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲနှင့်ဆုနှင်းသဘင်ပေးအပ်ခြင်း အခမ်းအနားသို့လှူဒါန်းခြင်း

နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲနှင့်ဆုနှင်းသဘင်ပေးအပ်ခြင်း အခမ်းအနားသို့လှူဒါန်းခြင်း

MWCDFအသင်းမှ အဖွဲ့ဝင်များသည် (၄.၄.၂၀၁၈)နေ့တွင် ဥတ္တရသီရိမြို့နယ်၊ မအူလေးပင်ကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း၌ နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲနှင့် ဆုနှင်းသဘင်ပွဲကျင်းပရာ အခမ်းအနားသို့ တက်ရောက်၍ စာရေးကိရိယာများ၊ အလှူငွေများအား ကျောင်းထိုင်ဆရာတော်ထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ခေမာရာမသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ခေမာရာမသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၄.၄.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဌ ဒေါ်စုညွန့်ဦးနှင့် CECများသည် ရန်ကုန်မြို့၊ သံလျင်မြို့နယ်၊ ခေမာရာမသီလရှင်ကျောင်းသို့ သွားရောက်၍ အသင်းမှ ဗလာစာအုပ်(၃၀)ဒါဇင်၊ အလှူရှင်များမှ အလှူငွေ-(၁,၃၅၀,၀၀၀)ကျပ်၊ လှူဘွယ်ခြင်း(၁)ခြင်း၊ သီလရှင်ဝတ်စုံ(၁ဝ)စုံ၊ ဗလာစာအုပ်(၂၅)ဒါဇင်၊ ဆန်(၂)အိတ်၊ ဆီ(၁)ပုံး၊ အာလူး(၁)အိတ်၊ ကြက်သွန်(၁)အိတ်     တို့အား ကျောင်းထိုင်သီလရှင်ဆရာကြီးထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ကျောင်းရှိသီလရှင်စာသင်သားကလေးများအား နေ့ဆွမ်းလောင်းလှူခဲ့ကြပါသည်။

တောင်သာမြို့နယ်၊ မဟာမြိုင်ကျေးရွာရှိ အဖွဲ့ဝင်များမှ MWCDFအသင်းရုံးသို့လာရောက်တွေ့ဆုံ ဆွေးနွေးခြင်း

တောင်သာမြို့နယ်၊ မဟာမြိုင်ကျေးရွာရှိ အဖွဲ့ဝင်များမှ MWCDFအသင်းရုံးသို့လာရောက်တွေ့ဆုံ ဆွေးနွေးခြင်း

တောင်သာမြို့နယ် မဟာမြိုင်ကျေးရွာမှ MWCDFအသင်းအဖွဲ့ဝင်(၂၂)ဦးသည် (၃.၄.၂၀၁၈)နေ့တွင် MWCDF (ရုံးချုပ်)သို့ လာရောက်၍ ကျေးရွာရေရရှိမှုအခြေအနေနှင့် အဖွဲ့ဝင်များမှ လုပ်ဆောင်ထားရှိမှုများအား CECများထံတင်ပြ၍ အသင်းCECများမှ အဖွဲ့ဝင်များ၏ သင်္ကြန်ကာလတွင် မဟာမြိုင်ကျေးရွာ၌ ပြုလုပ်မည့် စတုဒီသာကျွေးမွေးခြင်းနှင့် သက်ကြီးပူဇော်ပွဲအား စနစ်တကျကျင်းပရန်မှာကြားပြီး အသင်းတီရှပ်နှင့် အသင်းလုံချည်များ၊ ကျောင်းသား/သူများအတွက် ဗလာစာအုပ်များပေးအပ်ခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် ၃ မွှာပူးမွေးဖွားသည့်မိခင်နှင့်ကလေးအား အသင်းမှကူညီထောက်ပံ့ခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် ၃ မွှာပူးမွေးဖွားသည့်မိခင်နှင့်ကလေးအား အသင်းမှကူညီထောက်ပံ့ခြင်း

(၂.၄.၂၀၁၈)နေ့တွင် ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်ဆေးရုံကြီးတွင် ၃ မွှာပူးမွေးဖွားသည့် မိခင်နှင့် ကလေးတို့အား MWCDFအသင်းမှအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် လိုအပ်သော ကူညီပံ့ပိုးမှုများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ပါသည်။

နွေရာသီအင်္ဂလိပ်စာ(Pre-Intermediate Level)သင်တန်းသင်ကြားပို့ချခြင်း

နွေရာသီအင်္ဂလိပ်စာ(Pre-Intermediate Level)သင်တန်းသင်ကြားပို့ချခြင်း

၂၀၁၈ခုနှစ်၊ မတ်လအတွင်း နွေရာသီအင်္ဂလိပ်စာ(Pre-Intermediate Level)သင်တန်းကို အ.ထ.က(၁၂)ချင်းရွာ၊ အ.မ.က(၃)၊ အ.မ.က(သစ်ဝင်တိုင်း)၊ အ.လ.က(ဗိုလ်ရွေး)မှ ဆရာ/မများ၊ MWCDFရုံးအဖွဲ့ စုစုပေါင်း(၂၅)ဦးအား သင်တန်းဆရာမှ အင်္ဂလိပ်စာသင်ခန်းစာများ သင်ကြားပို့ချဆွေးနွေးနေခြင်း

နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်းသင်ကြားပို့ချခြင်း

နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်းသင်ကြားပို့ချခြင်း

၂၀၁၈ခုနှစ်၊ မတ်လအတွင်း နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်းကို အ.ထ.က(၁၂)ချင်းရွာမှ ကျောင်းသား/သူ (၄၀)ဦးအား သင်တန်းဆရာမှ အင်္ဂလိပ်စာသင်ခန်းစာများ သင်ကြားပို့ချနေခြင်း