Myanmar

ပဲခူးမြို့တွင်ပြုလုပ်သော သံဃာတော်အပါး(၁၈၀၀)ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားတွင် ပဲခူးတိုင်းMWCDFအဖွဲ့ဝင်များမှ ပါဝင်လှူဒါန်းခြင်း

ပဲခူးမြို့တွင်ပြုလုပ်သော သံဃာတော်အပါး(၁၈၀၀)ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားတွင် ပဲခူးတိုင်းMWCDFအဖွဲ့ဝင်များမှ ပါဝင်လှူဒါန်းခြင်း

(၁၈.၃.၂၀၁၈)နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင်ပြုလုပ်သော သံဃာတော်အပါး(၁၈၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲမင်္ဂလာအခမ်းအနားတွင် ပဲခူးတိုင်း၊ MWCDFအဖွဲ့ဝင်များမှ ဆန်အိတ်ငယ်(၁၈၀၀)ထုပ်၊ ဗလာစာအုပ်(၁၈၀၀)အုပ်နှင့်ရေသန့်များအား ကြွရောက်လာသော သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် တန်ဖိုးသင့်အာဟာရကျွေးမွေးလှူဒါန်းမှု

သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် တန်ဖိုးသင့်အာဟာရကျွေးမွေးလှူဒါန်းမှု

(၁၄.၃.၂၀၁၈)ရက်နေ့တွင် MWCDFအသင်းမှ အဖွဲ့ဝင်တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့သွားရောက်၍ အသင်းတည်ထောင်ခဲ့သည့် (၁၄.၅.၂၀၁၃)ရက် အထိမ်းအမှတ်အနေဖြင့် မတ်လ(၁၄)ရက်နေ့တွင် ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများအား နံနက်စာ-ကော်ဖီ၊ ပေါင်မုန့်၊ နေ့လည်စာ-ထမင်း၊ ကြက်သားအာလူးဟင်း၊ ပဲသီးကြက်ဥကြော်တို့ဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ပဲခူးတိုင်းတွင် ကျင်းပပြုလုပ်သော ၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားတွင် ပဲခူးတိုင်းအဖွဲ့ဝင်များမှပြခန်းဖွင့်လှစ်ပြသ၍ ပါဝင်ဆွေးနွေးခြင်း

ပဲခူးတိုင်းတွင် ကျင်းပပြုလုပ်သော ၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားတွင် ပဲခူးတိုင်းအဖွဲ့ဝင်များမှပြခန်းဖွင့်လှစ်ပြသ၍ ပါဝင်ဆွေးနွေးခြင်း

(၈.၃.၂၀၁၈)နေ့တွင် MWCDFအသင်း၊ ပဲခူးတိုင်းအဖွဲ့ဝင်များမှ ပဲခူးတိုင်းတွင် ကျင်းပပြုလုပ်သော “၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနား” တွင် အသင်းလှုပ်ရှားမှုများအား ပြခန်းဖွင့်လှစ်ပြသ၍ တက်ရောက်လာကြသူများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနား တက်ရောက်ခြင်း

၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနား တက်ရောက်ခြင်း

၂၀၁၈ခုနှစ်၊ မတ်လ(၈)ရက်နေ့၊ နံနက်(၁ဝးဝ၀)နာရီတွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သော “၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား” သို့ MWCDFအသင်းမှဥက္ကဋ္ဌတက်ရောက်ခဲ့ပါသည်။

နွေရာသီအင်္ဂလိပ်စာ (Pre-Intermediate Level) သင်တန်းဖွင့်ပွဲကျင်းပခြင်း

နွေရာသီအင်္ဂလိပ်စာ (Pre-Intermediate Level) သင်တန်းဖွင့်ပွဲကျင်းပခြင်း

(၂၄.၃.၂၀၁၈)နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ MWCDF(ရုံးချုပ်)၌ နွေရာသီအင်္ဂလိပ်စာ (Pre-Intermediate Level)သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ အ.ထ.က(၁၂)၊ အ.မ.က(၃)၊ သစ်ဝင်တိုင်းရွာ(အ.မ.က)၊ အ.လ.က(ဗိုလ်ရွေး)ကျောင်းတို့မှ ကျောင်းဆရာ/မ(၂၅)ဦး တက်ရောက်သင်ကြားခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် MWCDFအသင်း ဒုတိယဥက္ကဋ္ဌဒေါ်စုညွန့်ဦးမှ နှုတ်ခွန်းဆက် အမှာစကားပြော ကြားခဲ့ပြီး အတွင်းရေးမှူး ဒေါ်မေမြင့်မောင်မှ အသင်းအကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းဆရာဦးမင်းစိုးသူရမှလည်း မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး သင်တန်း တက်ရောက်သော ဆရာ/မများနှင့် အမှတ်တရဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။

ကလေးသူငယ်များအား ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ရပ်တန့်ရေး ကမ်ပိန်းအခမ်းအနားဖွင့်ပွဲသို့ တက်ရောက်ခြင်း

ကလေးသူငယ်များအား ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ရပ်တန့်ရေး ကမ်ပိန်းအခမ်းအနားဖွင့်ပွဲသို့ တက်ရောက်ခြင်း

(၂၂.၃.၂၀၁၈)နေ့တွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ လူမှုဝန်ထမ်းဦးစီးဌာနနှင့် World Vision International Myanmar တို့ပူးပေါင်း၍ ကျင်းပပြုလုပ်သော “ ကလေးသူငယ်များအား ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရပ်တန့်ရေး” ကမ်ပိန်း ဖွင့်ပွဲအခမ်းအနားသို့ MWCDFအသင်းမှ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်တို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။