Myanmar

မအူလေးပင်ကျေးရွာသို့ သွားရောက်၍တွေ့ဆုံဆွေးနွေးခြင်း

မအူလေးပင်ကျေးရွာသို့ သွားရောက်၍တွေ့ဆုံဆွေးနွေးခြင်း

(၁၀.၃.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် CECများသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မအူလေးပင်ကျေးရွာသို့သွားရောက်၍ ကျေးရွာစာကြည့်တိုက်တွင် ကျေးရွာအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ကျေးရွာပတ်ဝန်းကျင်သန့်ရှင်းလှပစေရန်နှင့် အမှိုက်များစနစ်တကျစွန့်ပစ်ကြရန်အတွက် အသင်းအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ ဆွေးနွေးခဲ့ကြပါသည်။ အသင်းCECများမှ မအူလေးပင်ကျေးရွာအား အမှိုက်ကင်းစင်စံပြကျေးရွာ ဖြစ်လာစေရန်အတွက် အသင်းအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်အတူပူးပေါင်း၍ စတင်လုပ်ဆောင်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ ဆက်လက်၍ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် CECများသည် မအူလေးပင်ကျေးရွာတွင် အသင်းမှ ထောက်ပံ့ကူညီပေးလျက်ရှိသော မသန်စွမ်း ညီအစ်မ(၂)ဦးနေအိမ်သို့ သွားရောက်၍ ကျန်းမာရေးအခြေအနေနှင့် နေထိုင်စားသောက်နေမှုများအားမေးမြန်း၍ အားပေးစကားများ ပြောကြားခဲ့ပါသည်။

ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်၌ပြုလုပ်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားတွင် MWCDFအသင်းမှ ပြည်သူလူထုအသိပညာပေးရေးဆိုင်ရာ ပြခန်းခင်းကျင်းပြသခြင်း

ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်၌ပြုလုပ်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားတွင် MWCDFအသင်းမှ ပြည်သူလူထုအသိပညာပေးရေးဆိုင်ရာ ပြခန်းခင်းကျင်းပြသခြင်း

၂၀၁၈ခုနှစ်၊ မတ်လ(၁၇)ရက်နေ့မှ မတ်လ(၁၈)ရက်နေ့အထိ ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာMWCDFအသင်းမှ CECများနှင့် တိုင်း/ပြည်နယ်များမှ အသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဆောင်ပုဒ် “အမျိုးသမီးများ ဘဝမြှင့်တင်ဖို့ ကျေးလက်နှင့် မြို့ပြတက်ကြွလှုပ်ရှားသူများပူးပေါင်းလို့ ယခုပင်ကြိုးပမ်းကြပါစို့ “ ကို ဂုဏ်ပြုသောအားဖြင့် “ရင်ခွင့်မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးလှုပ်ရှားမှု” ရန်ပုံငွေပွဲတော်ကြီးနှင့်စျေးရောင်းပွဲတော်တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ပါဝင်ပြသသော ပြည်သူလူထု အသိပညာပေးရေးဆိုင်ရာပြခန်း၌ တိုင်း/ပြည် နယ်များတွင် Solarမီးဖြင့် ကျေးလက်ဒေသမီးလင်းရေးအတွက်

ရတနာစံပြ(ဘုန်းတော်ကြီးသင်မူလတန်းလွန်)ကျောင်း၌ ကုသိုလ်ဖြစ်ဆေးခန်းဖွင့်ပွဲကျင်းပခြင်း

ရတနာစံပြ(ဘုန်းတော်ကြီးသင်မူလတန်းလွန်)ကျောင်း၌ ကုသိုလ်ဖြစ်ဆေးခန်းဖွင့်ပွဲကျင်းပခြင်း

(၁၃.၃.၂၀၁၈)နေ့၊ နံနက်(၀၈းဝ၀)နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ သဲကျွန်းကျေးရွာ၊ ရတနာစံပြကျောင်းတိုက်၊ အမှတ်(၅)ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကုသိုလ်ဖြစ်ဆေးခန်းဖွင့်ပွဲ အခမ်းအနားအား ကျင်းပခဲ့ပါသည်။ အခမ်းအနားကို တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များက နမောတဿ(သုံးကြိမ်) ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ကုသိုလ်ဖြစ်ဆေးခန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ နေပြည်တော် ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးမှ ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာသက်ကိုအောင်က အဖွင့်အမှာစကားပြောကြားခြင်း၊ ရတနာစံပြကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန ္တနန္ဒိယ(သဒ္ဓမ္မ ဇောတိကဓဇ)မှ သြဝါဒ မိန့်ကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေး သူငယ်များဘဝမြှင့်တင်ရေးအသင်း ဒုဥက္ကဋ္ဌ ဒေါ်စုညွန့်ဦးမှ အသင်းအကြောင်း၊ အသင်း၏ရည်ရွယ်ချက်၊ ၂၀၁၃ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ

(၃၀)ကြိမ်မြောက် CEC Meeting ကျင်းပပြုလုပ်ခြင်း

(၃၀)ကြိမ်မြောက် CEC Meeting ကျင်းပပြုလုပ်ခြင်း

(၁၂. ၃. ၂၀၁၈)နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ (၃၀)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို နေပြည်တော်၊ အသင်းရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ရာ အသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ(၂)ဦးနှင့် CECများ၊ အဖွဲ့ဝင် များတက်ရောက်၍ အသင်း၏ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။

နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

(၁၀.၃.၂၀၁၈)နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ MWCDF(ရုံးချုပ်)၌ စတုတ္ထအကြိမ်မြောက် နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်း ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ အ.ထ.က(၁၂)ချင်းရွာမှ ကျောင်းသား/သူ(၄၀)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် MWCDFအသင်း ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူး        ဒေါ်မေမြင့်မောင်မှ အသင်းအကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားခြင်း၊ အ.ထ.က(၁၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်လှမှ အမှာစကားပြောကြားခြင်းနှင့် သင်တန်းဆရာ       ဦးမင်းစိုးသူရမှ နှုတ်ခွန်းဆက် စကားပြောကြားပြီး ကျောင်းသား/သူများနှင့် အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူး၍    သင်တန်းအား ဆက်လက်သင်ကြားခဲ့ပါသည်။