Myanmar

ဓမ္မဥယျာဉ်တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးကျောင်းသို့ ကူညီလှူဒါန်းမှု

ဓမ္မဥယျာဉ်တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးကျောင်းသို့ ကူညီလှူဒါန်းမှု

(၁၇.၂.၂၀၁၈)ရက်နေ့တွင် မန္တလေးတိုင်းမှအဖွဲ့ဝင်များသည် မန္တလေးမြို့၊ ရေတံခွန်တောင်ခြေရှိ ဓမ္မဥယျာဉ်တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးကျောင်းသို့သွားရောက်၍ (၃၉၅,၅၀၀)ကျပ်တန်ဖိုးရှိ ဆိုလာ၊ အင်ဗာတာ၊ ဘက်ထရီ၊ KGတန်းမှ တက္ကသိုလ်ဝင်တန်းထိ စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူ(၁၅၀)ဦး အတွက် အလှူငွေ(၁)သိန်း၊ ဆန်နှင့်စားသောက်ကုန်များအား ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအရှင်ဟိတာနန္ဒထံ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအား ရေစက်ချ တရားနာယူခဲ့ပါသည်။

လားရှိုးမြို့၊ “မန်ကောင်းသီလရှင်ကျောင်း”သို့ သွားရောက်လှူဒါန်းခြင်း

လားရှိုးမြို့၊ “မန်ကောင်းသီလရှင်ကျောင်း”သို့ သွားရောက်လှူဒါန်းခြင်း

(၂၂.၂.၂၀၁၈)နေ့၊ မွန်းလွဲ(၃း၃၀)နာရီတွင် မြန်မာနိုင်ငံအမျိုးသမီးများ နှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (ဗဟို)မှ ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာ၊ ဒုတိယဥက္ကဋ္ဌ ဒေါ်စုညွန့်ဦး၊ CECများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDFအဖွဲ့နှင့်အတူ လားရှိုးမြို့၊ “ မန်ကောင်းသီလရှင်ကျောင်း” သို့ သွားရောက်၍ သီလရှင်ကျောင်းတွင် ပြုစုစောင့်ရှောက်ထားသော မိဘမဲ့သီလရှင်ကလေးများအတွက် အလှူငွေနှင့် ဆန်၊ ဆီ၊ သီလရှင်ဝတ်စုံများ၊ မျက်နှာသုတ်ပုဝါများ၊ အာဟာရပဲထုတ်များ၊ ကျောင်းသုံးဗလာစာအုပ်များအား လှူဒါန်းခဲ့ကြပါသည်။

လားရှိုးမြို့၊ “ချစ်ခြင်းမေတ္တာမိဘမဲ့ဂေဟာ”သို့ သွားရောက်လှူဒါန်းခြင်း

လားရှိုးမြို့၊ “ချစ်ခြင်းမေတ္တာမိဘမဲ့ဂေဟာ”သို့ သွားရောက်လှူဒါန်းခြင်း

(၂၂.၂.၂၀၁၈)နေ့၊ နေ့လည်(၁၃း၃၀)နာရီတွင် မြန်မာနိုင်ငံအမျိုးသမီးများ နှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (ဗဟို)မှ ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာ၊ ဒုတိယဥက္ကဋ္ဌ ဒေါ်စုညွန့်ဦး၊ CECများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အဖွဲ့နှင့်အတူ လားရှိုးမြို့၊ “ ချစ်ခြင်းမေတ္တာမိဘမဲ့ဂေဟာ”သို့ သွားရောက်၍ ဂေဟာရှိကလေးများအတွက် ဆန်၊ ဆီ၊ Nutrition package၊ အနွေးထည်များ၊ ဆိုလာမီးအိမ်များ၊ ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်းခဲ့ကြပါသည်။

MWCDFအသင်း၏ ရှမ်းပြည်နယ်(မြောက်ပိုင်း)အဖွဲ့ဝင်များနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲအခမ်းအနား

MWCDFအသင်း၏ ရှမ်းပြည်နယ်(မြောက်ပိုင်း)အဖွဲ့ဝင်များနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲအခမ်းအနား

(၂၂.၂.၂၀၁၈)နေ့၊ နံနက်(၀၉းဝ၀)နာရီတွင် လားရှိုးမိုတယ်ခန်းမ၌ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဒု-ပြည်နယ်ထွေ/အုပ်မင်းကြီး၏ဇနီးမှ အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာမှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြာရာတွင် “ဒေသလိုအပ်ချက်များကို ဒေသ (MWCDF)အဖွဲ့ဝင်များနှင့်အတူ လက်တွဲဆောင်ရွက်သွားပါမည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုကို လက်တွေ့ကျကျ ဆက်လက်ဆောင်ရွက်ပါမည်”ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ဥက္ကဋ္ဌ ဒေါက်တာနန်းကိန်ဖောင်းတစ်မှ အသင်း၏

လားရှိုးမြို့၊ နားမခေါ်ကျေးရွာရှိ “အလင်းအိမ်မိဘမဲ့ကျောင်း” သို့သွားရောက်လှူဒါန်းခြင်း

လားရှိုးမြို့၊ နားမခေါ်ကျေးရွာရှိ “အလင်းအိမ်မိဘမဲ့ကျောင်း” သို့သွားရောက်လှူဒါန်းခြင်း

(၂၁.၂.၂၀၁၈)နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများ နှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF) ဗဟိုမှ ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာ၊ ဒုတိယဥက္ကဋ္ဌ ဒေါ်စုညွန့်ဦး၊ CECများနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) MWCDF အဖွဲ့ဝင်တို့သည် လားရှိုးမြို့ ၊ နားမခေါ်ကျေးရွာရှိ “အလင်းအိမ်မိဘမဲ့ကျောင်း”တွင် နေထိုင်ပညာသင်ယူလျက်ရှိသော ကလေးများအတွက် ဆန်(၁)အိတ်၊ ဆီ(၁)ပုံး၊ အာဟာရပဲထုပ်(၁)သေတ္တာ၊ အနွေးထည်များ၊ ဆိုလာမီးအိမ်များ၊ ကျောင်းသုံးဗလာစာအုပ်(၂၀)ဒါဇင်နှင့် ကျောင်းရှိကလေးများ၏ (၁)ရက်စာ ထမင်း၊ဟင်း အာဟာရကျွေးမွေးစရိတ်အတွက် ငွေကျပ်(၂)သိန်းတိတိ ပါလှူဒါန်းပေးပြီး ကျောင်းသား/သူကလေးများအား ကျန်းမာရေးစစ်ဆေးပေးမှုများ ပြုလုပ်ပေးခဲ့ကြပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် တန်ဖိုးသင့်အာဟာရကျွေးမွေးလှူဒါန်းမှု

သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် တန်ဖိုးသင့်အာဟာရကျွေးမွေးလှူဒါန်းမှု

(၁၄.၂.၂၀၁၈)ရက်နေ့တွင် MWCDFအသင်းမှ အဖွဲ့ဝင်တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့သွားရောက်၍ အသင်းတည်ထောင်ခဲ့သည့် ရက်အထိမ်းအမှတ်အနေဖြင့် ဒီဇင်ဘာ(၁၄)ရက်နေ့တွင် ဆေးရုံ၌ တက်ရောက်ကုသနေသောလူနာများအား နံနက်စာ-ကွေကာ၊ နေ့လည်စာ-ထမင်း၊ ကြက်သားကြော်၊ မုန်လာဥချဉ်ဟင်း၊ ညနေစာ-ကြက်ဥပြုတ်တို့ဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။