Myanmar

မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကူညီလှူဒါန်းမှု

မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကူညီလှူဒါန်းမှု

(၁၃.၂.၂၀၁၈)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးမှ MWCDF အသင်းအဖွဲ့ဝင်များသည် “မြန်မာနိုင်ငံကလေးများနေ့” ကို ဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၊ ဥဿမြို့သစ်၊ ရွှေဂူကြီးတောရ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(အလင်းစစ်လူငယ်ဖွံ့ဖြိုးရေးကျောင်း)သို့ သွားရောက်၍ ဆရာတော်ဘုရားအား နဝကမ္မဘက်စုံသုံးအလှူတော်ငွေ-(၅၀,၀၀၀)ကျပ်နှင့် လှူဖွယ်အစုစုတို့ကို လှူဒါန်းပြီး ကျောင်းသားလူငယ်များနှင့် ကလေးသူငယ်(၁၄၀)ဦးတို့အား ဗလာစာအုပ်များ၊ ကွန်ပါဘူးများ၊ ပဲနို့အချိုရည်နှင့်မုန့်မျိုးစုံတို့အား တစ်ဦးချင်းစီ လှူဒါန်းခဲ့ကြပါသည်။

မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်စာရေးကိရိယာများလှူဒါန်းခြင်း

မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်စာရေးကိရိယာများလှူဒါန်းခြင်း

(၉.၂.၂၀၁၈)ရက်နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်CECများသည် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်သည့် “မြန်မာနိုင်ငံကလေးများနေ့” ကိုဂုဏ်ပြုသောအားဖြင့် ဥတ္တရသီရိမြို့နယ်၊ သဲကျွန်းကျေးရွာ၊ ရတနာစံပြ(ဘ.က)ကျောင်းသို့ုသွားရောက်၍ KGတန်းမှအလယ်တန်းထိ ပညာသင်ကြားနေသော ကျောင်းသား/သူ (၃၃၂)ဦးအား “ကလေးများနေ့” နှင့်ပတ်သက်၍ သိကောင်းစရာများဟောပြောခြင်း၊ MWCDFအသင်းမှ လာရောက်လှူဒါန်းခြင်း အကြောင်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူများအား ပျော်ရွှင်စေရန်ရည်ရွယ်၍ ဆုမဲဖောက်ပေးခဲ့ကြပါသည်။ ထို့နောက် ကျောင်းသား/သူ(၃၃၂)ဦးအား ဗလာစာအုပ်၊ ခဲတံ၊ ပေါင်မုန့်၊ ပဲနို့များအား တစ်ဦးချင်းစီ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ကျေးလက်ဒေသ ဆိုလာမီးလင်းရေးလုပ်ငန်းစဉ်ဆောင်ရွက်ချက်များ

ကျေးလက်ဒေသ ဆိုလာမီးလင်းရေးလုပ်ငန်းစဉ်ဆောင်ရွက်ချက်များ

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ လုပ်ဆောင် လျက်ရှိသော လုပ်ငန်းတာဝန်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် ကျေးလက်ဒေသ ဆိုလာမီးလင်းရေးအတွက် (၈.၂.၂၀၁၈)နေ့တွင် အသင်းဥက္ကဋ္ဌ ဒေါက်တာဝေဝေသာနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ မိုင်းလွန်ကျေးရွာ(အောက်၊ လယ်၊ ထက်) သုံးရွာမှ ရွာသူ/သားများနှင့် တွေ့ဆုံ၍ အိန္ဒိယနိုင်ငံ၊ Barefoot College သို့ ဆိုလာမီးလင်းရေး (Solar Engineering)သင်တန်း စေလွှတ်ရန်အတွက် သင်တန်းသူများကို ရွေးချယ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီအစည်းအဝေး(၁/၂၀၁၈)တက်ရောက်ခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီအစည်းအဝေး(၁/၂၀၁၈)တက်ရောက်ခြင်း

(၇.၂.၂၀၁၈)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ရေးရာကော်မတီ(MNCWA)အစည်းအဝေး (၁/၂၀၁၈)သို့ MWCDFအသင်းမှ အတွင်းရေးမှူး ဒေါ်မေမြင့်မောင် တက်ရောက်ခဲ့၍ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် မြန်မာနိုင်ငံအတွင်း အမျိုးသမီးများနှင့်ပတ်သက်သည့်ကိစ္စရပ်များဖြစ်သည့် -မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ အမည်နှင့် အမှတ်တံဆိပ်(Logo)ပြောင်းလဲရေးကိစ္စများ၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့(၂၀၁၈) ကျင်းပနိုင်ရေးကိစ္စရပ်များ၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် လှုပ်ရှားမှုအစီအစဉ်များ၊ Gender Budgeting အစည်းအဝေးကျင်းပမည့်ကိစ္စများအား တက်ရောက်လာသော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ အဖွဲ့ဝင်များမှ ဆွေးနွေးခဲ့ကြပါသည်။

အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရည်မြှင်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရည်မြှင်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

(၅.၂.၂၀၁၈)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ကြီးမှူးပြီး ပဲခူးမြို့ သီရိဟံသာခန်းမ၌ အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(Women Empowerment Workshop Training)တွင် MWCDFအသင်း ဥက္ကဋ္ဌဒေါက်တာဝေဝေသာမှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား (၅.၂.၂၀၁၈)မှ(၆.၂.၂၀၁၈)နေ့အထိ ဒေသခံအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း(၆၀)ဦးအား ဆွေးနွေးရာတွင် ပိုမိုထိရောက်မြန်ဆန်သော စီးပွားရေးဝန်းကျင်တစ်ခုကို ဖန်တီးနိုင်စေရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပြီး အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်နေသူများ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်ရန် ပြင်ဆင်နေသူများ၊ မိသားစုပိုင်လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ရန် စီစဉ်နေသူများ၊ လူမှုရေးနှင့်ရပ်ကွက်လုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေသူများ၊ စီးပွားရေး ပညာရပ်များ တတ်အောင်သင်ကြားနေသူ(သို့မဟုတ်)

ကချင်ပြည်နယ်၊ ယာယီတိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများရှိ နေရပ်စွန့်ခွာပြည်သူများ အတွက် ထောက်ပံ့ပစ္စည်းများ သွားရောက်လှူဒါန်းခြင်း

ကချင်ပြည်နယ်၊ ယာယီတိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများရှိ နေရပ်စွန့်ခွာပြည်သူများ အတွက်  ထောက်ပံ့ပစ္စည်းများ သွားရောက်လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဥက္ကဋ္ဌ နှင့်CECများ၊ အဖွဲ့ဝင်များသည် (၃၁.၁.၂၀၁၈)နေ့တွင် ကချင်ပြည်နယ်၊ ဆဒုံးမြို့၌ ဖွင့်လှစ်ထားသော စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းများတွင် နေရပ်စွန့်ခွာ အိမ်ထောင်စု(၈၄)မှ လူဦးရေ(၄၆၆)ဦးတို့အား ဆန်အိတ်(၂၀)၊ ခေါက်ဆွဲခြောက်(၄၀)ဖါ၊ ငါးသေတ္တာ(၅)ဖါ၊ အားဖြည့်အာဟာရမှုန့်(၂၀)ဖါ၊ အဝတ်အထည်များ၊ အနွေးထည်များ၊ အရေးပေါ်သုံးဆေးအိတ်များလှူဒါန်းခဲ့ပြီး ကျောင်းသား/သူများအတွက် စာရေးကိရိယာနှင့် ကလေးကစားစရာအရုပ်မျိုးစုံတို့ကို ထောက်ပံ့လှူဒါန်းရာ လီဆူးတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး၏ဇနီးနှင့် ဒေသခံတိုင်းရင်းသားများက လက်ခံရယူခဲ့ပါသည်။ ထို့နောက် MWCDF အသင်းဥက္ကဋ္ဌမှ မိမိတို့အသင်းအနေဖြင့် အမျိုးသမီးများနှင့်ကလေးသူငယ်များ၏ ဘဝမြှင့်တင်ရေးဆိုင်ရာ လိုအပ်ချက်ရှိသော အမျိုးသမီးနှင့်ကလေးများအား ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူရည်တူအခွင့်အရေးရရှိစေရန် ရည်ရွယ်ချက်ချင်းတူညီသော