Myanmar

အောင်ချမ်းသာပရဟိတသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အောင်ချမ်းသာပရဟိတသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၆.၁.၂၀၁၈)ရက်နေ့၊ နံနက်(၁ဝးဝ၀)နာရီတွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌနှင့်CECများသည် ဒက္ခိဏသီရိမြို့နယ်၊ အောင်ချမ်းသာပရဟိတ သီလရှင်ကျောင်းသို့သွားရောက်၍ မိဘမဲ့သီလရှင်ကလေးများ၊ ကျောင်းသား/သူများအား အသင်းမှအလှူငွေ – (၅၀,၀၀၀)ကျပ်၊ ဗလာစာအုပ်များ၊ အသင်းပြက္ခဒိန်များ၊ ဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ၊ ကြာဇံ၊ ငါးခြောက်၊ အာလူးနှင့် အလှူရှင်CECများမှ အလှူငွေ-(၁၀၀,၀၀၀)ကျပ်နှင့် စားသောက်ခြင်း(၁)ခြင်း၊ စောင်(၂)ထည်တို့အား ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာ/ဆရာမများနှင့် သင်ကြားမှုအခြေအနေများအား ဆွေးနွေးခဲ့ပါသည်။

ဇေယျာရာမပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ဇေယျာရာမပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၆.၁.၂၀၁၈)ရက်နေ့၊ နံနက်(၀၉းဝ၀)နာရီတွင် MWCDF အသင်းမှ ဒုဥက္ကဋ္ဌနှင့်CECများသည် ပျဉ်းမနားမြို့၊ ဇေယျာရာမသီလရှင်စာသင်တိုက်သို့ သွားရောက်၍ သီလရှင်စာသင်သားများအတွက် အသင်းမှ အလှူငွေ-(၅၀,၀၀၀)ကျပ်၊ ဗလာစာအုပ်များ၊ အသင်းပြက္ခဒိန်များ၊ ဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ၊ ကြာဇံ၊ ငါးခြောက်၊ အာလူးတို့အား ဆက်ကပ်လှူဒါန်းခဲ့ပြီး အလှူရှင်CECများမှ အလှူငွေ-(၁၀၀,၀၀၀)ကျပ်နှင့် စားသောက်ခြင်း(၁)ခြင်း၊ စောင်(၁)ထည်တို့အား ပေးလှူခဲ့ပါသည်။

မဟာပရိတ်တော်နှင့် မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲနှင့် မဟာသံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားတွင် ပါဝင်လှူဒါန်းခြင်း

မဟာပရိတ်တော်နှင့် မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲနှင့် မဟာသံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားတွင် ပါဝင်လှူဒါန်းခြင်း

၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ပွဲတော်ကွင်းအတွင်း၌ မိုးထိမိုးမိရွှေတောင်ကြီး ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေးအဖွဲ့ကြီးမှ မတည်လှူဒါန်းကျင်းပသော ပထမအကြိမ် မဟာပရိတ်တော်၊ မဟာပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲနှင့် သံဃာတော်အပါး (၁၀,၀၀၀) မဟာသံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားတွင် MWCDFအသင်းနှင့် အလှူရှင်အသင်းCECအဖွဲ့ဝင်များစုပေါင်း၍ ဝတ္ထုငွေများ၊ သင်္ကန်းပရိက္ခရာ၊ ဆန်၊ ဖယောင်းတိုင်၊ ရှုဆေးဗူး၊ အသင်းဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပြက္ခဒိန်အစရှိသည့် လှူဘွယ်ပစ္စည်းများအား ကြွရောက်လာသော သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ကံတက်ကုန်းမစိုးရိမ်(ဘ.က)ကျောင်းခွဲ၊ ပညာပါရမီကျောင်းတိုက်သို့သွားရောက်လှူဒါန်းခြင်း

ကံတက်ကုန်းမစိုးရိမ်(ဘ.က)ကျောင်းခွဲ၊ ပညာပါရမီကျောင်းတိုက်သို့သွားရောက်လှူဒါန်းခြင်း

(၁၇.၁.၂၀၁၈)ရက်နေ့တွင် MWCDF အသင်းမှ CECများနှင့် မန္တလေးတိုင်းမှ အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ ရှိ ကံတက်ကုန်းမစိုးရိမ်(ဘ.က)ကျောင်းခွဲ၊ ပညာပါရမီကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတွင်နေထိုင်ပညာသင်ယူလျက်ရှိသော ကျောင်းသား/သူများအတွက် အသင်းမှ စားသောက်ဖွယ်ရာများ၊ စာရေးကိရိယာများ၊ အနွေးထည်၊ အဝတ်အစားများ၊ အသင်းပြက္ခဒိန်များ၊ ကျန်းမာရေးဆေးအိတ်များအား ကျောင်းထိုင်ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဓမ္မဥယျာဉ်တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ဓမ္မဥယျာဉ်တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၆.၁.၂၀၁၈)ရက်နေ့တွင် MWCDF အသင်းမှ CECများနှင့် မန္တလေးတိုင်းမှအဖွဲ့ဝင်များသည် မန္တလေးမြို့၊ ရေတံခွန်တောင်ခြေရှိ ဓမ္မဥယျာဉ်တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးကျောင်းသို့သွားရောက်၍ ကျောင်းတွင်နေထိုင်ပညာသင်ယူလျက်ရှိသော ကျောင်သား/သူများအတွက် စားသောက်ဖွယ်ရာများ၊ စာရေးကိရိယာများ၊ ဆိုလာမီးအိမ်နှင့် အနွေးထည်၊ အဝတ်အစားများ၊ အသင်းပြက္ခဒိန်များ၊ ကျန်းမာရေးဆေးအိတ်များ၊ ဖိနပ်များအား ကျောင်းထိုင်ဆရာတော်ထံ ဆက်ကပ်လှူဒါန်း၍ ကျောင်းသား/သူကလေးများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး ကျောင်းသား/သူများ စာပေသင်ကြားသောနေရာ၊ အိပ်ဆောင်များအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

(၂၉)ကြိမ်မြောက် CEC Meeting ကျင်းပပြုလုပ်ခြင်း

(၂၉)ကြိမ်မြောက် CEC Meeting ကျင်းပပြုလုပ်ခြင်း

၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ(၁၁)ရက်နေ့တွင် MWCDF(ရုံးခွဲ)၊ ရန်ကုန်ရုံး၌ အသင်း၏(၂၉)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် အသင်း၏ဆောင်ရွက်ထားရှိမှုလုပ်ငန်းများနှင့် ဆက်လက်၍လုပ်ဆောင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ CEC များပါဝင်ဆွေးနွေးခဲ့ကြပါသည်။