Myanmar

မင်းကုန်း(အ.ထ.က)ကျောင်းသို့ကူညီလှူဒါန်းမှု

မင်းကုန်း(အ.ထ.က)ကျောင်းသို့ကူညီလှူဒါန်းမှု

MWCDFအသင်းမှ ရုံးအဖွဲ့မှူးနှင့်အဖွဲ့သည်(၁၃.၁၂.၂၀၁၇)နေ့၊ နံနက်(၀၉း၁၅)နာရီတွင် မင်းကုန်းကျေးရွာ အထက်တန်းကျောင်းသို့ရောက်ရှိပြီး CECများမှလှူဒါန်းသော Water Cooler(၁)လုံးအား ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်လှူဒါန်းပြီး သူနာပြုတက္ကသိုလ်သို့ တက်ရောက်ရန် အခက်အခဲရှိသော မစန်းသဇင်မြင့်အား ပညာရေးကူညီလှူဒါန်းမှု အနေဖြင့် အလှူငွေ-(၅၀,၀၀၀)ကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။

Myanmar Nature Lover အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခြင်း

Myanmar Nature Lover အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခြင်း

(၈.၁၂.၂၀၁၇)နေ့၊ နေ့လည်(၁၃း၁၀)နာရီတွင် “မြန်မာ့သဘာဝပတ်ဝန်းကျင်ချစ်သူပရဟိတ” ဒေါ်ယဉ်ယဉ်ထွန်း(Central President)အဖွဲ့မှ လာရောက်တွေ့ဆုံရာ အသင်းမှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်CECများမှ လက်ခံတွေ့ဆုံခဲ့ပါသည်။ ဒေါ်ယဉ်ယဉ်ထွန်းမှ သဘာဝပတ်ဝန်းကျင် စွန့်ပစ်ပစ္စည်းထိန်းသိမ်းရေးနှင့် မြန်မာအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် မြန်မာ့အိမ်တွင်းမှုပညာအကြောင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံလုံးအနှံ့ Recycle သင်တန်းများဖွင့်လှစ် နေမှုများအား ရှင်းလင်းပြောကြားရာ MWCDFအသင်းမှလည်း အမျိုးသမီးများနှင့်ကလေးသူငယ်များ အတွက် လုပ်ဆောင်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

မသန်စွမ်းညီအစ်မ(၂)အား ကူညီလှူဒါန်းခြင်း

မသန်စွမ်းညီအစ်မ(၂)အား ကူညီလှူဒါန်းခြင်း

(၇.၁၂.၂၀၁၇)နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်CECများသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မအူလေးပင်ကျေးရွာ မသန်စွမ်းညီအစ်မ(၂)ဦး နေအိမ်သို့သွားရောက်၍ အသင်းမှ ခြုံစောင်၊ အနွေးထည်၊ ပြက္ခဒိန်နှင့် အလှူရှင်CECများမှ အလှူငွေ-(၅၀,၀၀၀)ကျပ်၊ လုံခြည်၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်ဖါတို့အားပေးအပ်၍ ကျန်းမာရေးအခြေအနေအား မေးမြန်းခဲ့ပါသည်။ ဆက်လက်၍ ဒုဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မအူလေးပင်စာကြည့်တိုက်သို့ရောက်ရှိ၍ ကျေးရွာ MWCDFအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ အသင်းပြက္ခဒိန်များပေးအပ်ခဲ့ပြီး လုပ်ဆောင်နေသော ကိစ္စများအားမေးမြန်းကာ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အ.လ.က(ခွဲ) မအူလေးပင်ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

အ.လ.က(ခွဲ) မအူလေးပင်ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

(၇.၁၂.၂၀၁၇)နေ့၊ နံနက်(၁ဝး၂၀)အချိန်တွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် CECများသည် မအူလေးပင်မူလွန်ကျောင်းသို့ရောက်ရှိပြီး လက်ထောက်ကျောင်းအုပ် ဒေါ်ခင်ဖြူစင်နှင့် တွေ့ဆုံ၍ အသင်းမဂ္ဂဇင်း၊ ပြက္ခဒိန်များပေးအပ်ခဲ့ပြီး ကျောင်းသား/သူ(၃၉၀) ဦး၊ ဆရာ/ဆရာမ(၉)ဦးအား အအေးဗူးနှင့်ကိတ်မုန့်များ ကျွေးမွေးခဲ့ပါသည်။

မင်းကုန်း(အ.ထ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

မင်းကုန်း(အ.ထ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၇.၁၂.၂၀၁၇)နေ့၊ နံနက်(၀၉း၃၀)နာရီတွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် CECများသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာ (အ.ထ.က)ကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ဝင်းနှင့်တွေ့ဆုံ၍ အသင်းမဂ္ဂဇင်း၊ အသင်းပြက္ခဒိန်၊ (၃၈)ဖြာမင်္ဂလာစာအုပ်နှင့် ကျောင်းသား/သူ(၈၅၀)ဦးအား စာအုပ်၊ ဘောပင်၊ ခဲတံ၊ ခဲဖျက်၊ ပေတံတို့အား လှူဒါန်းခဲ့ပါသည်။

MMCWAမှပြုလုပ်သော ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားတက်ရောက်ခြင်း

MMCWAမှပြုလုပ်သော ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားတက်ရောက်ခြင်း

(၆.၁၂.၂၀၁၇)နေ့တွင် MWCDFအသင်းမှ CECများသည် နေပြည်တော်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကျင်းပပြုလုပ်သော “ ၂၀၁၇ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။