Myanmar

MWAFမှပြုလုပ်သော ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားတက်ရောက်ခြင်း

MWAFမှပြုလုပ်သော ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားတက်ရောက်ခြင်း

(၅.၁၂.၂၀၁၇)နေ့တွင် MWCDFအသင်းမှ အတွင်းရေးမှူးနှင့်CECများသည် နေပြည်တော်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သော” ၂၀၁၇ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

ရတနာစံပြ(ဘ.က)ကျောင်းသို့လှူဒါန်းခြင်း

ရတနာစံပြ(ဘ.က)ကျောင်းသို့လှူဒါန်းခြင်း

(၁.၁၂.၂၀၁၇)ရက်နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌနှင့်CECအဖွဲ့ဝင်တို့သည် ဥတ္တရသီရိမြို့နယ်၊ သဲကျွန်းကျေးရွာရှိ ရတနာစံပြ(ဘ.က)ကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်နှင့် တွေ့ဆုံကာ အလှူရှင်ဥက္ကဋ္ဌနှင့်CECများမှ သင်္ကန်း(၁)ခြင်း၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ခေါင်းအုံးစွပ်၊ အိပ်ယာခင်း၊ အအေး(၁)ကပ်အား ဆက်ကပ်လှူဒါန်းပေးခဲ့ပြီး ဆရာတော်၏ဦးဆောင်ဆောက်လုပ်မှု နှင့်မိမိအသင်းမှလှူဒါန်းပေးထားသော ကျေးရွာဆေးခန်းအား သွားရောက်ကြည့်ခဲ့ပါသည်။

ပဲခူးသီလရှင်ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

ပဲခူးသီလရှင်ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

(၂၄.၁၁.၂၀၁၇)ရက်နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌ၊ CECများနှင့်အဖွဲ့ဝင်များသည် ပဲခူးမြို့ရှိ သဒ္ဓမ္မဂုဏ်ရည် သီလရှင်သင်ပညာရေးကျောင်းတိုက်သို့သွားရောက်၍ သီလရှင်စာသင်သားများအတွက် ဆပ်ပြာမှုန့်များ၊ ဆပ်ပြာမွှေးခဲများ၊ သွားတိုက်ဆေး/သွားတိုက်တံများ၊ လက်သဲညှပ်၊ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ လုံချည်များ၊ ဖျာ စသည်တို့အား ကျောင်းထိုင်သီလရှင်ဆရာကြီးများထံ ပေးအပ်လှူဒါန်းခဲ့ပြီး သီလရှင်စာသင်သားကလေးများအား ဆွမ်း၊ ရွှေရင်အေး၊ မုန့်များအား ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ရုံးသစ်(၅)ထပ်အဆောက်အဦးဆောက်လုပ်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနား

ရုံးသစ်(၅)ထပ်အဆောက်အဦးဆောက်လုပ်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနား

(၂၉.၁၁.၂၀၁၇)ရက်နေ့တွင် နေပြည်တော်၊ MWCDF(ရုံးချုပ်)၌ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း အဆောက်အဦး၏ ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်ခြင်း အခမ်းအနားပထမပိုင်းအစီအစဉ်တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာမှ အမှာစကားပြောကြားခြင်းနှင့် ရုံးအဆောက်အဦး ဆောက်လုပ်လှူဒါန်းသော Myanmar First Financial Group Co.,Ltd မှ ဥက္ကဋ္ဌ Mr. Duan Zhengli မှ အမှာစကားပြောကြားပြီးနောက် MWCDFအသင်းမှ အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်ကြီးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေအပ်ခဲ့ပါသည်။ ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအစီအစဉ်အဖြစ် အဆောက်အဦးဆောက်လုပ်မည့် ပန္နက်တင်မင်္ဂလာနေရာသို့သွားရောက်၍ ပန္နက်ရိုက်ခြင်း၊

MWCDFအသင်းနှင့်MFFG Co.,Ltdတို့ တွေ့ဆုံဆွေးနွေးခြင်း

MWCDFအသင်းနှင့်MFFG Co.,Ltdတို့ တွေ့ဆုံဆွေးနွေးခြင်း

(၁၀.၁၁.၂၀၁၇)နေ့တွင် နေပြည်တော် MWCDFရုံးချုပ် သို့ MFFG Co.,Ltd မှ Mr.Duan Zhengli(Board Chairman)နှင့်အဖွဲ့သည် MWCDF အသင်းပိုင်(ဥ-၈၆) မြေကွက်တွင် အဆောက်အဦး ဆောက်လုပ်မည့် မြေနေရာအားကြည့်ရှုခြင်းနှင့် အသင်းမှဒုတိယဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး၊ CECများနှင့် တွေ့ဆုံကာ ပန္နက်ရိုက်ပွဲ ကျင်းပပြုလုပ်မည့်ကိစ္စနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခြင်း

MWCDFအသင်းနှင့် MFFG Co.,Ltd တို့ တွေ့ဆုံဆွေးနွေးခြင်း

MWCDFအသင်းနှင့် MFFG Co.,Ltd တို့ တွေ့ဆုံဆွေးနွေးခြင်း

(၈.၁၁.၂၀၁၇ မှ ၉.၁၁.၂၀၁၇)နေ့တွင် နေပြည်တော် MWCDF(ရုံးချုပ်)သို့ MFFG Co.,Ltd မှ Mr.Duan Zhengli(Board Chairman)နှင့်အဖွဲ့သည် MWCDF အသင်းပိုင် (ဥ-၈၆)မြေကွက်တွင် အဆောက်အဦး ဆောက်လုပ်လှူဒါန်းမည့် ကိစ္စနှင့်ပတ်သက်၍ အသင်းမှဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး၊ CECများနှင့် လာရောက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။