Myanmar

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်(၂)ဦးသည် ၂၅.၇.၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့မှ စီးပွါးရေးပညာရှင် ဒေါက်တာအောင်ပွားက တနင်္သာရီတိုင်း တိုင်းရင်းသားလုပ်ငန်းရှင်များအား ဟောပြော‌ပေးသည့်သင်တန်းသို့ တက်ရောက့်ခဲပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၄.၇.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့ အောင်ဇေရန်အောင်ဘိုးဘွားရိပ်သာ တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ပြီး စုပေါင်း၍ အလှူငွေ (၁၄) သိန်းကျပ် လှူဒါန်းခဲ့ကြပါသည်။

အစည်းအဝေးပွဲတက်ရောက်ခြင်း

အစည်းအဝေးပွဲတက်ရောက်ခြင်း

နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ဒေါ်မော်မော်ထွန်း သည် ၂၄.၇.၂၀၂၅ ရက်နေ့တွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမတွင် ကျင်းပပြုလုပ်သော နေပြည်တော် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၂.၇.၂၀၂၅)ရက်နေ့ မကွေးတိုင်း ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ်သော မကွေးတက္ကသိုလ် (၂၀၂၄- ၂၀၂၅) ပညာသင်နှစ် ပါမောက္ခချုပ်ဖလား (အမျိုးသား/အမျိုးသမီး) ဖူဆယ်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်ပေါင်း (၂)ဦး တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၁.၇.၂၀၂၅)ရက်နေ့တွင် မကွေးမြို့၊ တိုင်းအားကစားကွင်း၌ ကျင်းပသော ၂၀၂၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီး ရေနံမြေသခင်ဖိုးလှကြီးဒိုင်းအလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ အခမ်းအနားကို မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၂)ဦး တက်ရောက်ချီးမြှင့်ခဲ့ပါသည်။ ပြိုင်ပွဲတွင် မန္တလေးတိုင်းမှ (၄)သင်း၊ ပဲခူးတိုင်းမှ (၄)သင်း၊ ရန်ကုန်တိုင်းမှ (၁)သင်း၊ နေပြည်တော်မှ (၁)သင်းနှင့် မကွေးတိုင်းမှ (၂၂) သင်း စုစုပေါင်း-(၃၂)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပါသည်။

ဆုလက်ခံရရှိခြင်း

ဆုလက်ခံရရှိခြင်း

(၂၁.၇.၂၀၂၅)ရက်နေ့တွင် ပဲခူးမြို့အထက(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ မှ “စာဖတ်ခြင်းဖြင့် မိမိဘ၀ကိုမြှင့်တင်ပါ” ခေါင်းစဉ်ဖြင့်ဟောပြောပေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေကိုပေးအပ်ရာ MWCDF တိုင်း ဥက္ကဌ ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင် ပဲခူး အမျိုးသားစာပေဆုရှင်)က ဆုလက်ခံရရှိခဲ့ပါသည်။