Myanmar

(၂၈)ကြိမ်မြောက်ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး

(၂၈)ကြိမ်မြောက်ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး

(၈.၁၁.၂၀၁၇) ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း နေပြည်တော်(ရုံးချုပ်)၌ (၂၈)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်(၅)နှင့်သက်ဆိုင်သော အဆင့်မြင့်အရာရှိကြီးများညီလာခံ တက်ရောက်ခြင်း

စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်(၅)နှင့်သက်ဆိုင်သော အဆင့်မြင့်အရာရှိကြီးများညီလာခံ တက်ရောက်ခြင်း

၂၀၁၇ခုနှစ်၊ အောက်တိုဘာလ(၂၆)ရက်မှ(၂၇)ရက်နေ့ထိ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနှင့် လူမှုဝန်ထမ််း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ကျင်းပပြုလုပ်သော “စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်(၅)နှင့် သက်ဆိုင်သော အဆင့်မြင့်အရာရှိကြီးများညီလာခံ” (High Level Conference on Sustainable Development Goals 5 (SDG 5)သို့ အသင်းမှ တွဲဘက်အတွင်းရေးမှူး(၁)နှင့် တွဲဘက်အတွင်းရေးမှူး(၂)တို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ချစ်ခြင်းမေတ္တာဂေဟာသို့ ကူညီလှူဒါန်းခြင်း

ချစ်ခြင်းမေတ္တာဂေဟာသို့ ကူညီလှူဒါန်းခြင်း

၂၀၁၇ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့တွင် လားရှိုးမြို့၊ အမှတ်(၅)ရပ်ကွက်၊ တာပုံကျေးရွာတွင်ရှိသော မိဘမဲ့ကလေးသူငယ်များစောင့်ရှောက်ရေးအတွက် “ချစ်ခြင်းမေတ္တာဂေဟာ”သို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ လားရှိုးခရိုင်နှင့် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းတို့ပူးပေါင်း၍ ကျောင်းသား/သူကလေး(၁၉၀)ဦးအတွက် ဆန်၊ ဆီ၊ ငွေကျပ်(၁)သိန်းနှင့် ဗလာစာအုပ်(၃၅)ဒါဇင် ပေးအပ်ထောက်ပံ့ခဲ့ပါသည်။

ရွှေကြာပျိုးခင်း(ဘ.က)ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

ရွှေကြာပျိုးခင်း(ဘ.က)ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

(၂၆.၉.၂၀၁၇)နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌနှင့် CECများသည် နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရွှေကျကျေးရွာ၊ ရွှေကြာပျိုးခင်း အမှတ်(၁)ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်းသို့သွားရောက်၍ အလှူငွေ၊ သင်္ကန်ခြင်း၊ မျက်နှာသုတ်တဘက်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံ၊ ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ငါးခြောက်အစရှိသည့် လှူဘွယ်ပစ္စည်းများအား ဆရာတော်ထံ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

တောင်ငူမြို့၊ သုသာန်လမ်း ကွန်ကရစ်လမ်းခင်းခြင်းအတွက်အလှူငွေလှူဒါန်းခြင်း

တောင်ငူမြို့၊ သုသာန်လမ်း ကွန်ကရစ်လမ်းခင်းခြင်းအတွက်အလှူငွေလှူဒါန်းခြင်း

(၂၀.၉.၂၀၁၇)နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တောင်ငူသုသာန်လမ်း ကွန်ကရစ်လမ်းဖြစ်မြောက်ရေးအဖွဲ့သို့ MWCDFအသင်းမှ အလှူငွေ-(၅)သိန်းကျပ်၊ အလှူရှင် ဦးအောင်မင်း+ဒေါက်တာဝေဝေသာ(မိသားစု)မှ အလှူငွေ- (၅)သိန်းကျပ်အားပေးအပ်လှူဒါန်းခဲ့ပြီး စေတနာဖြင့်လာရောက်လုပ်အားပေးကူညီခဲ့ကြသော ရပ်ကွက်များမှ စေတနာရှင်များအတွက် အချိုရည်(၁၀)ကဒ် ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

ဇေယျာသီရိသီလရှင်ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

ဇေယျာသီရိသီလရှင်ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

(၂၀.၉.၂၀၁၇)နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဥက္ကဋ္ဌ၊ CECများနှင့်အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဇေယျာသီရိ သီလရှင်စာသင်တိုက်နှင့် မိဘမဲ့အမျိုးသမီးကလေးများဖွံ့ဖြိုးရေးပရဟိတဂေဟာသို့သွားရောက်၍ အလှူငွေများ၊ သီလရှင်ဝတ်စုံများ၊ ကျောင်းဝတ်စုံများ၊ ဆန်၊ ဆီ၊ ဆပ်ပြာ၊ ၃၈ဖြာမင်္ဂလာစာအုပ်များ၊ စာရေးကိရိယာများ၊ မျက်နှာသုတ်တဘက်နှင့် လှူဘွယ်ပစ္စည်းစုံများ လှူဒါန်းခဲ့ပြီး ကျောင်းသူကလေးများအား စိတ်ဓါတ်ခွန်အား တက်ကြွစေရန်နှင့် ကျန်းမာရေးအသိပညာပေးဟောပြောဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။