Myanmar

အေးမေတ္တာစံတိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အေးမေတ္တာစံတိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၆. ၉. ၂၀၁၇)နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ၊ CECများနှင့်အဖွဲ့ဝင်များသည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမေတ္တာစံတိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းသို့ နံနက်- (၀၉းဝ၀)နာရီတွင် သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား အလှူငွေ၊ လှူဘွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် ကျောင်းတွင်နေထိုင်လျက်ရှိသော ကျောင်းသား/သူများအတွက် တန်ဘိုးငွေ-(၁,၈၅၀,၀၀၀)ကျပ်ရှိသော မွေ့ယာ၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ခေါင်းအုံးစွပ်၊ အိပ်ယာခင်း အစုံ(၅၀)စုံအား လှူဒါန်းခဲ့ပါသည်။

အခမဲ့ဆေးခန်းဆောက်လုပ်ခြင်းအတွက် ထပ်မံအလှူငွေလှူဒါန်းခြင်း

အခမဲ့ဆေးခန်းဆောက်လုပ်ခြင်းအတွက် ထပ်မံအလှူငွေလှူဒါန်းခြင်း

(၁၃.၉.၂၀၁၇)နေ့တွင် MWCDF အသင်းမှ ရုံးအဖွဲ့မှူးနှင့်အဖွဲ့ဝင်တို့သည် ဥတ္တရသီရိမြို့နယ်၊ သဲကျွန်းကျေးရွာရှိ ရတနာစံပြ(ဘ.က)ကျောင်းသို့သွားရောက်၍ သဲကျွန်းကျေးရွာနှင့် အနီးအနားကျေးရွာများရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အခမဲ့ဆေးခန်းဆောက်လုပ်ခြင်းအတွက် အသင်းမှ ထပ်မံ၍အလှူငွေ-(၄၀၀,၀၀၀) ကျပ်အား ကျောင်းထိုင်ဆရာတော်ထံ ပေးအပ်လှူဒါန်းခဲ့ပြီး ဆရာတော်မှဦးစီးတည်ဆောက်လျှက်ရှိသော ဆေးခန်းအား ကြည့်ရှုခဲ့ပါသည်။

USDPမှ ဖိတ်ကြားသောဆွေးနွေးပွဲတက်ရောက်ခြင်း

USDPမှ ဖိတ်ကြားသောဆွေးနွေးပွဲတက်ရောက်ခြင်း

(၁၀.၉.၂၀၁၇)နေ့တွင် ရန်ကုန်မြို့၊ သံလွင်လမ်း၊ (၁၃၂-ဘီ)တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ “အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲ” သို့ အသင်းမှ ဥက္ကဋ္ဌတက်ရောက်ခဲ့ပါသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှဖိတ်ကြားသော အစည်းအဝေးတက်ရောက်ခြင်း

လူမှုဝန်ထမ်းဦးစီးဌာနမှဖိတ်ကြားသော အစည်းအဝေးတက်ရောက်ခြင်း

(၁.၉.၂၀၁၇)နေ့တွင် နေပြည်တော်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့ပူးပေါင်း၍ High Level Conference on Gender Equality(SDG 5)and ensuring basic need for vulnerable group in Myanmar အစည်းအဝေးကျင်းပဆောင်ရွက်နိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးသို့ MWCDFအသင်းမှ အတွင်းရေးမှူး တက်ရောက်ခဲ့ပါသည်။

MWCDFအသင်း၏ (၄)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား

MWCDFအသင်း၏ (၄)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား

၂၅.၈.၂၀၁၇ နေ့တွင် နေပြည်တာ်၊ MWCDF(ရုံးချုပ်)၊ ကုမုဒြာခန်းမ၌အသင်း၏(၄)နှစ်ပြည့် နှစ်ပတ်လည်ဂုဏ်ပြုပွဲနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

Role of Women in Sustainable and Peaceful Development Workshop

Role of Women in Sustainable and Peaceful Development Workshop

၂၂.၈.၂၀၁၇ရက်နေ့၊ နေ့လည်(၁၁းဝ၀)နာရီတွင် ရန်ကုန်မြို့၊ International Business Center(I.B.C)၌ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော မိတ်ဖက်အဖွဲ့အစည်းများမှ တက်ရောက်လာသူများနှင့်အတူ “ ငြိမ်းချမ်းလျက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ၏အခန်းကဏ္ဍ” (Role of Women in Sustainable and Peaceful Development) အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။