Celebration of MWCDF Friendship အခမ်းအနား

၂၂.၈.၂၀၁၇ရက်နေ့၊ နံနက်(၀၉းဝ၀)နာရီတွင် ရန်ကုန်မြို့၊ International Business Center(I.B.C)၌ “Celebration of MWCDF Friendship” အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
Myanmar Women and Children Development Foundation

၂၂.၈.၂၀၁၇ရက်နေ့၊ နံနက်(၀၉းဝ၀)နာရီတွင် ရန်ကုန်မြို့၊ International Business Center(I.B.C)၌ “Celebration of MWCDF Friendship” အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

(၃၁.၇.၂၀၁၇)နေ့တွင် မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာရှိ သက်ကြီးရွယ်ဘိုးဘွား(၇၀)ဦးအား အလှူရှင် ဦးဝင်းရှိန်+ဒေါ်စုညွန့်ဦး မိသားစုနှင့် MWCDFအသင်း ဗဟိုအလုပ်အမှုဆောင်များမှ အလှူငွေများ၊ မျက်နှာသုတ်ပုဝါများ၊ တရားစာအုပ်များ၊ သွားတိုက်တံများ၊ ဆပ်ပြာထုပ်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအတွက် MWCDFအသင်းမှ ဗလာစာအုပ်များ၊ ၃၈ဖြာမင်္ဂလာစာအုပ်များနှင့် အလှူရှင် ဦးဝင်းရှိန်+ဒေါ်စုညွန့်ဦး မိသားစုမှ ခဲတံများ၊ ခဲဖျက်များ၊ ဘောပင်များ၊ ခဲချွန်စက်များ၊ ပေတံများပေးအပ်လှူဒါန်းခဲ့ပါသည်။

MWCDFအသင်း၏တန်ဖိုးသင့်အာဟာရကုသိုလ်ရှင် (၃၁-၇-၁၇)ရက်နေ့ အလှူရှင်- ဦးဝင်းရှိန်+ဒေါ်စုညွန့်ဦး မိသားစု (မွေးနေ့အလှူ) နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကုတင်(၁၀၀)ဆံ့ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် တက်ရောက် ကုသနေသော အမျိုးသမီးလူနာများနှင့် လူနာစောင့်များ အားလုံးကိုပါ- နံနက်စာ – ကွေကာအုပ်၊ ကိတ်မုန့် နေ့လည်စာ – ထမင်း၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော် ညနေစာ – ခေါက်ဆွဲခြောက်ထုပ်၊ ကြက်ဥပြုတ် တို့ဖြင့် အဟာရဒါန လှူဒါန်းခြင်းနှင့် မွေးကင်းစကလေး တစ်ဦးလျှင် အနှီးပိတ်(၂)ထည်စီ ပေးအပ်လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ၂၀၁ရခု နှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့၊ (၁၅းဝ၀)နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာနရုံးသို့သွားရောက်၍ သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8 (၅၈၂၀)ပျက်ကျမှုတွင်ပါဝင်သော အရာရှိ၊ စစ်သည်မိသားစုများ၊ လေယာဉ်ဝန်ထမ်းများနှင့် ကျန်ရစ်သူမိသားစုများအား ထောက်ပံ့အကူအညီပေးနိုင်ရန်အတွက် အလှူငွေ-(၃၀)သိန်းကျပ်အား အသင်းဥက္ကဋ္ဌနှင့်CECများမှ လာရောက်ပေးအပ်လှူဒါန်းရာ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းမှ လက်ခံရယူခဲ့ပါသည်။

၁၄.၇.၂၀၇နေ့တွင် နေပြည်တော်၊ လူမှုဝန်ထမ်းဦးစီးဌာန၌ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီ (၁/၂၀၁၇)အစည်းအဝေးသို့ MWCDF အသင်းမှ ဥက္ကဋ္ဌနှင့် CECများ တက်ရောက်ခဲ့ပါသည်။

(၁၃.၇.၂၀၁၇)နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌနှင့် CECများသည် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ကာ အမှတ်တရသစ်ပင်များ စိုက်ပျိုးပေးခဲ့ကြပါသည်။