Myanmar

မိတ်ဘက်အဖွဲ့အစည်းများမှလာရောက်ဆွေးနွေးခြင်း

မိတ်ဘက်အဖွဲ့အစည်းများမှလာရောက်ဆွေးနွေးခြင်း

၂၇.၆.၂၀၁ရနေ့ MWCDFအသင်း ရန်ကုန်ရုံးတွင် အသင်းမှဥက္ကဋ္ဌနှင့်CECများသည် ကိုရီးယားပညာရေးအဖွဲ့နှင့် ပညာရေးဆိုင်ရာ ဆွေးနွေးခြင်း။

တန်ဖိုးသင့်အာဟာရကျွေးမွေးခြင်း

တန်ဖိုးသင့်အာဟာရကျွေးမွေးခြင်း

MWCDFအသင်း၏ တန်ဖိုးသင့် အာဟာရကုသိုလ်ရှင် (၁၆-၆-၁၇)ရက်နေ့ အလှူ၊ စုစုပေါင်း လူနာ(၈၀)ဦး အတွက် အလှူရှင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးနိုင်လွင်ဦးအားရည်စူး၍ ဒေါ်နီလာအေး မိသားစုမှ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ကုတင်(၁၀၀)ဆံ့ သားဖွားမီးယပ် အထူးကုဆေးရုံကြီးတွင်- နံနက်စာ     – ကွေကာအုပ် နေ့လည်စာ – ထမင်း၊ ငါးကြော်နှပ်၊ သီးစုံဟင်းချို ညနေစာ     – ကြက်သားဆန်ပြုတ် တို့ဖြင့် အလှူရှင်များကိုယ်တိုင် အဟာရဒါန လှူဒါန်းခဲ့ပါသည်။

အေးမေတ္တာစံပရဟိတကျောင်းသို့သွားရောက်လှူဒါန်းခြင်း

အေးမေတ္တာစံပရဟိတကျောင်းသို့သွားရောက်လှူဒါန်းခြင်း

၁၅.၆.၂၀၁ရနေ့ MWCDFအသင်း၏ လုပ်ငန်းစဉ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် ပညာရေးကူညီထောက်ပံ့ လှူဒါန်းမှုအနေဖြင့် နှစ်စဉ်လှူဒါန်းလျက်ရှိသော နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမေတ္တာစံ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး ပရဟိတစာသင်ကျောင်းရှိ ကျောင်းသား/သူ(၄၇၀)ဦးအတွက် ဗလာစာအုပ်၊ ခဲတံ၊ fedwell ထုပ် စသည်တို့ကို အသင်းCECများမှ သွားရောက်လှူဒါန်းခဲ့ပါသည်။ ထိုနောက် အသင်းမှ လှူဒါန်းထားသော အမျိုးသမီးအိပ်ဆောင်အတွင်းတွင် နေထိုက်လျက်ရှိသော ကျောင်းသူများအား သွားရောက်ကြည့်ရှုခဲ့ကြပါသည်။

တန်ဖိုးသင့်အာဟာရကျွေးမွေးခြင်း

တန်ဖိုးသင့်အာဟာရကျွေးမွေးခြင်း

MWCDFအသင်း၏ တန်ဖိုးသင့်အာဟာရကုသိုလ်ရှင် (၁၅-၆-၁၇)ရက်နေ့ အလှူ၊ စုစုပေါင်း လူနာ(၉၀)ဦး အတွက် အလှူရှင်များဖြစ်ကြသည့် ဦးသူရိန်ဝင်း MD (မြန်မာ့မီးရထား)+ဒေါ်မီမီအေး မိသားစုမှ နေပြည်တော် ဥတ္တရသီရိမြို့နယ် ကုတင်(၁၀၀)ဆံ့ သားဖွားမီးယပ် အထူးကုဆေးရုံကြီးတွင်- နံနက်စာ     – ကွေကာအုပ် နေ့လည်စာ – ထမင်း၊ ငါးဖယ်ဟင်း၊ ခဝဲသီးကြာဇံဟင်းခါး ညနေစာ     – ကြက်သားဆန်ပြုတ် တို့ဖြင့် အလှူရှင်များကိုယ်တိုင် အဟာရဒါန လှူဒါန်းခဲ့ပါသည်။

တန်ဖိုးသင့်အာဟာရကျွေးမွေးခြင်း

တန်ဖိုးသင့်အာဟာရကျွေးမွေးခြင်း

၁၄.၆.၂၀၁ရနေ့ MWCDFအသင်းမှဦးစီး၍ ကုတင်(၁၀၀)ဆံ့သားဖွားမီးယပ်ရောဂါကုဆေးရုံကြီးတွင် တန်ဖိုးသင့် အာဟာရ ကျွေးမွေးခြင်း တန်ဖိုးသင့် အာဟာရကုသိုလ်ရှင် ဒေါက်တာအောင်မြတ်ဦး+ ဒေါက်တာမွန်မွန်ထက် မိသားစုမှ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကုတင်(၁၀၀)ဆံ့ သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အမျိုးသမီးလူနာ(၈၀)ဦးအား- နံနက်စာ     – ကွေကာအုပ် နေ့လည်စာ – ထမင်း၊ ငါးကြော်၊ ကင်ပွန်းရွက်ဟင်းချို ညနေစာ     – ကြက်သားဆန်ပြုတ် စသည့် တန်ဖိုးသင့် အာဟာရအား ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

အ.လ.က(ခွဲ)၊ မအူလေးပင်ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

အ.လ.က(ခွဲ)၊ မအူလေးပင်ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

၁၄.၆.၂၀၁ရနေ့ MWCDFအသင်း၏ လုပ်ငန်းစဉ်တွေထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် ပညာရေးကူညီထောက်ပံ့ လှူဒါန်းမှုအနေဖြင့် အ.လ.က(ခွဲ)မအူလေးပင်ကျေးရွာ စာသင်ကျောင်းရှိ ကျောင်းသား/သူ(၃၇၈)ဦးအတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ထီး စသည်တို့ကို အသင်းCECများမှ သွားရောက်လှူဒါန်းပေးခဲ့ပါသည်။