Myanmar

အခမဲ့ဆေးခန်းဆောက်လုပ်ဖွင့်လှစ်နိုင်ရန်အလှူငွေပေးအပ်ခြင်း

အခမဲ့ဆေးခန်းဆောက်လုပ်ဖွင့်လှစ်နိုင်ရန်အလှူငွေပေးအပ်ခြင်း

၂၄.၅.၂၀၁၇ နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌနှင့် CEC များသည် နေပြည်တော် ဥတ္တရသီရိမြို့နယ် မင်းကုန်းအုပ်စု သဲကျွန်းကျေးရွာ ရတနာစံပြကျောင်းတိုက်သို့သွားရောက်၍ သဲကျွန်းကျေးရွာနှင့် အနှီးအနားကျေးရွာများရှိ ဒေသခံပြည်သူများနှင့်ကျောင်းသား/သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး အခမဲ့ဆေးခန်းဆောက်လုပ်ဖွင့်လှစ်နိုင်ရန်အတွက် MWCDFအသင်းမှ အလှူငွေ(၃၂၅၃၉၉၀)ကျပ် အားကျောင်းထိုင်ဆရာတော်ထံပေးအပ်လှူဒါန်းခဲ့ပါသည်။

နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲ

နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲ

(၂၁.၅.၂၀၁၇)ရက်နေ့တွင် နေပြည်တော် MWCDFရုံးချုပ်၊ ကုမုဒြာခန်းမတွင် တတိယအကြိမ်မြောက် ဖွင့်လှစ်သည့် နွေရာသီအင်္ဂလိပ်စာ (Intermediate Level) သင်တန်းဆင်းပွဲအခမ်းအနားအား အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

Summer English Training Writing Examination

Summer English Training Writing Examination

၂၀.၅.၂၀၁၇ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ကြီးမှူး၍ဖွင့်လှစ်သော တတိယအကြိမ် နွေရာသီအင်္ဂလိပ်စာ(Intermediate Level)အဆင့် သင်တန်းတွင် သင်ကြားပို့ချမှုအပိုင်းပြီးမြောက်ပြီဖြစ်၍ သင်တန်းသား/သူများအား ရေးဖြေစာမေးပွဲ စစ်ဆေးနေခြင်း

MWCDFအသင်းနှင့်IFC မှ Solar Distribution ကိစ္စဆွေးနွေးခြင်း

MWCDFအသင်းနှင့်IFC မှ Solar Distribution ကိစ္စဆွေးနွေးခြင်း

19.5.2017နေ့တွင် MWCDFအသင်း CECများနှင့် International Finance Corporation(IFC)မှ တာဝန်ရှိသူများတွေ့ဆုံ၍ Commercial solar distribution ကိစ္စနှင့်ပတ်သက်သည့် အစည်းအဝေးအား MWCDFအသင်း ရန်ကုန်ရုံး၌ ပြုလုပ်ခဲ့ပါသည်။

အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များရှေ့လုပ်ငန်းစဉ်များညှိနှိုင်းဆွေးနွေးခြင်း

အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များရှေ့လုပ်ငန်းစဉ်များညှိနှိုင်းဆွေးနွေးခြင်း

(၂.၅.၂၀၁၇)နေ့ MWCDFရုံးချုပ်တွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ-ဘဏ္ဍာရေးမှူးနှင့် CECအဖွဲ့ဝင်များသည် အသင်း၏ လုပ်ငန်းစဉ်များဖြစ်သည့် အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် ရှေ့လုပ်ငန်းစဉ်များဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းဆွေးနွေးနေသည့် မှတ်တမ်းဓါတ်ပုံများ

အောင်ချမ်းသာ(ပရဟိတ)သီလရှင်ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

အောင်ချမ်းသာ(ပရဟိတ)သီလရှင်ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

(၂. ၅. ၂၀၁၇)နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌ၊ ဘဏ္ဍာ ရေးမှူးနှင့်CECများသည် ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်းရပ်ကွက်၊ အောင်ချမ်းသာ(ပရဟိတ)သီလရှင် ကျောင်းသိို့သွားရောက်၍ ကျောင်းထိုင်ဆရာလေးနှင့် ပညာသင်ကြားနေသော စာသင်သီလရှင်များအား အလှူငွေများ၊ လှူဘွယ်ပစ္စည်းစုံခြင်း(၁)ခြင်း၊ ဗလာစာအုပ်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ ဖြစ်သည့်(ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကုလားပဲ၊ ကြာဇံ၊ ဂျင်း)အစရှိသည့် ပစ္စည်းများလှူဒါန်းခဲ့ပါသည်။ အောင်ချမ်းသာ(ပရဟိတ)သီလရှင်ကျောင်းတွင် MWCDFအသင်း၏လှူဒါန်းမှုများနှင့် အလှူရှင် MWCDFအသင်း ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး၊ CECများ၏ လှူဒါန်းမှုများအား နတ်၊လူ အများ ဝမ်းမြောက် နုမော် သာဓု ခေါ်ဆိုနိုင်ကြပါစေသော်